How COVID-19 Spreads ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်သလဲ

How COVID-19 Spreads ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုကူးစက်သလဲ

မော်လမြိုင်၊ ၅ မတ် ၂၀၂၀
 
အမေရိကန် CDC ခေါ် ကူးစက်ရောဂါထိန်းချုပ်ရေးဌာနကို ကိုးကားပြီး လူကနေ လူကို ကူးစက်နည်းကို ရေးပါမယ်။
 
• လူကနေ လူကို ကူးစက်တယ်လို့ ယုံကြည်ရတယ်။
• ပိုးကူးစက်ခံထားရသူနဲ့ ၆ ပေအတွင်းကလူတွေကို ကူးစက်နိုင်တယ်။
• ပိုးကူးစက်ခံထားရသူရဲ့ အသက်ရှူလမ်းကနေ စွန့်ထုတ်တဲ့ အမှုန်အမွှားလေးတွေထဲမှာ ပိုးပါနေမယ်။ အဲတာကိုရှူမိရင် ကူးစက်မယ်။ ချောင်းဆိုးတာနဲ့ နှာချေတာ။
• အဲဒီ droplets ခေါ် အမှုန်အမွှားလေးတွေဟာ အနီးအနာကလူတွေရဲ့ မျက်နှာပေါ် ပါးစပ်နားကျရောက်မယ်။ နီးစပ်ရာ မျက်နှာပြင်တွေပေါ်မှာလည်း ကျရောက်မယ်။ အဲတာကိုရှူမိရင် ကူးစက်မယ်။
• ပိုးကူးစက်ခံထားရပြီး ရောဂါလက္ခဏာ အများဆုံးပြနေသူတွေဆီကနေ ပိုပြီး ကူးစက်နိုင်တယ်။ အများဆုံးနည်းလမ်း ဖြစ်တယ်။
• ဖျား ချောင်းစတဲ့ ရောဂါလက္ခဏာတွေ မပြမီမှာလည်း ကူးစက်နိုင်လောက်တယ်။ အများဆုံးဖြစ်နည်းတော့ မဟုတ်ပါ။
• မျက်နှာပြင်တွေပေါ်မှာကနေတဲ့ ပိုးတွေကနေလည်း ကူးစက်နိုင်တယ်။ ထိကိုင်မိမယ်၊ နှာခေါင်း၊ ပါးစပ်နဲ့ မျက်စိက တဆင့် အသက်ရှူလမ်းထဲ ရောက်လာမယ်။ အဓိကလမ်းကြောင်းတော့ မဟုတ်ပါ။
• ဝက်သက်တို့ ရာသီတုပ်ကွေးတို့လောက် ကူးစက်မှု မများ မမြန်ပါ။
• Community spread လူစုလူဝေး သို့မဟုတ် ကွန်မြူနတီအတွင်း ကူးစက်မှု သိသိသာသာရှိတာ တွေ့ရတယ်။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s