မော်လမြိုင်တွင် ကျင်းပသည့် မွန်အမျိုးသမီးများနေ့

5 March 2020

မော်လမြိုင်၊ ၅ မတ် ၂၀၂၀
(သတင်း)
 
တပေါင်းလဆန်း ၁၂ ရက်နေ့ (မတ်လ ၅ ရက်) တွင် ကျရောက်သည့် (၁၆) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
 
မွန်အမျိုးသမီးများ ကဏ္ဍအသီးသီးတွင် ခေါင်းဆောင်မှုကဏ္ဍနှင့် ဆုံးဖြတ်ချက်ချသည့်ကဏ္ဍတို့တွင် ပိုမိုပါဝင်လာကြဖို့ လှုံ့ဆော်သည့် ရည်ရွယ်ချက်ဖြင့် မွန်အမျိုးသမီးများအနေ့ကို ကျင်းပရခြင်းဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
 
လက်ရှိအနေအထားအရ ခေါင်းဆောင်မှုကဏ္ဍနှင့် ဆုံးဖြတ်ချက်ချသည့်ကဏ္ဍတို့တွင် မွန်အမျိုးသမီးပါဝင်မှုသည် အလွန်နည်းပါးနေသေးသည့်အနေအထားရှိနေသည်ဟု (၁၆) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် မိကွန်းချမ်းနွန်က ပြောသည်။
 
“ကျွန်မတို့ မွန်ထဲမှာဆို မွန်ညီညွတ်ရေးပါတီမှာ ဦးဆောင်ကော်မတီ ၆၁ ယောက်ရှိတဲ့အထဲမှာ အမျိုးသမီး ၈ ယောက်ပါတယ် ရာခိုင်နှုန်းက ၁၃ ရာခိုင်နှုန်း မွန်ပြည်သစ်ပါတီကိုကြည့်လိုက်မယ်ဆိုရင် ဗဟိုကော်မတီ ၃၁ ဦးမှာဆိုရင် အမျိုးသမီး ၂ ဦးပဲပါတယ် ဆိုတော့ ရာခိုင်နှုန်းကိုထွက်လိုက်ရင် ရာခိုင်နှုန်းနဲနဲလေးပဲပါတယ် ကျွန်မတို့အနေနဲ့ကတော့ အခုလက်ရှိ ပါဝင်နေတဲ့အခြေအနေအပေါ် အားရကျေနပ်မှုမရှိသေးပါဘူး ဒီ့ထက်ပိုမိုပါဝင်လာဖို့အတွက် နည်းမျိုးစုံနဲ့ ဆက်လက်ပြီးတော့ လုပ်ဆောင်ဖို့ လိုနေတယ်” ဟု ၄င်းက ပြောသည်။
 
ခေါင်းဆောင်မှုကဏ္ဍနှင့် ဆုံးဖြတ်ချက်သည့်ကဏ္ဍတို့တွင် မွန်အမျိုးသမီးပါဝင်မှု နည်းပါးနေရခြင်းသည် ဓလေ့ထုံးတမ်းအစဉ်အလာနှင့် အမျိုးသမီးတို့၏ စွမ်းရည်ကြောင့်ဟု မွန်အမျိုးသမီးအဖွဲ့အစည်းတို့က ပြောသည်။
မွန်ညီညွတ်ရေးပါတီအနေနှင့် အမျိုးသမီးပါဝင်မှုနှင့် ပတ်သက်ပြီး မူဝါဒ ချမှတ်ထားသည်ရှိသလို အမျိုးသမီးပါဝင်မှုအတွက်ကိုလည်း လမ်းဖွင့်ပေးထားကြောင်း သို့သော်လည်း အမျိုးသမီးတို့ကိုယ်တိုင် ပါဝင်လာနိုင်အောင် ကြိမ်းပမ်းဖို့လိုတယ်လို့ မွန်ညီညွတ်ရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လရီတမက ပြောသည်။
 
“ဆုံးဖြတ်ချက်ချတဲ့ကဏ္ဍမှာ အမျိုးသမီးတွေ တောင်းဆိုနေတဲ့ ၃၀ ရာခိုင်နှုန်း ပါဝင်ရေးဟာ မွန်ညီညွတ်ရေးပါတီအနေနဲ့က လမ်းဖွင့်ပေးထားတယ်ဆိုပေမယ့် လမ်းဖွင့်ပေးထားရုံနဲ့လည်း မရဘူး အမျိုးသမီးတွေအနေနဲ့ ဆုံးဖြတ်ချက်ချတဲ့ကဏ္ဍမှာ များများပါဝင်လာဖို့ဆိုရင် အမျိုးသမီးတွေကိုယ်တိုင် ကြိုးပမ်းဖို့လည်း တာဝန်ရှိပါတယ်” ဟု နိုင်လရီတမက ပြောသည်။
 
(၁၆) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော်၊ မွန်အမျိုးသမီးအဖွဲ့အစည်းများ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မွန်လူမှုအဖွဲ့အစည်းအသီးသီးတို့က တက်ရောက်ခဲ့ကြသည်။
 
မွန်ဘုရာမ ရှင်စောပု၏ မွေးနေ့ဖြစ်သည့် တပေါင်းလဆန်း (၁၂) ရက်နေ့ကို မွန်အမျိုးသမီးများနေ့အဖြစ်သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ကျင်ပလာခဲ့သည်မှာ ယခုဆိုလျှင် ၁၆ ကြိမ်မြောက်ရှိပြီဖြစ်သည်။
 
ဟံင်သာ
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s