ရက္ခိုင့်တပ်မတော်(AA)နဲ့ သတင်းအင်တာဗျူး ထုတ်လွှင့်မှုအကြောင့် အယ်ဒီတာချုပ်အဖမ်းခံရ

မော်လမြိုင်၊ ၃၁ မတ် ၂၀၂၀ မန္တလေးအခြေစိုက် VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်း ကို မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မတ်လ ၃၀ ရက်၊ ညသန်းခေါင်ချိန်မှာ နေအိမ်အတွင်းလာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ ရက္ခိုင့်တပ်မတော် (AA) မှ ပြောရေးဆိုခွင့်ရှိသူနဲ့ သတင်းအင်တာဗျူး ထုတ်လွှင့်မှုနဲ့ပက်သက်လို့ ဖမ်းဆီးတာဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းမီဒီယာတွေကိုပြောဆိုထားပါတယ်။ သူ့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ၅၀(က)၊ ၅၂ (က) တို့ဖြင့် မန္တလေးတိုင်း အမှတ် ၁၀ ရဲတပ်ဖွဲ့စခန်းမှာ အမှုဖွင့် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ #Mawlamyine Daily

မတ္လ ၃၁ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၁ မတ္ ၂၀၂၀ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးလာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ … Continue reading မတ္လ ၃၁ရက်နေ့ မိုးလေဝသခန့်မှန်းချက်