Mawlamyine Daily စာအုပ်စင်

This slideshow requires JavaScript.

မော်လမြိုင်၊ ၁၉ ဖေဖော်ဝါရီ ၂၀၂၀
 
မင်္ဂလာပါ စာပေချစ်​သူမိတ်​ဆွေများခင်​ဗျာ
 
ယခုအပတ်​စာချစ်​သူမိတ်​ဆွေများထံ မိတ်​ဆက်​ပေးချင်​တဲ့စာအုပ်​များကတော့ မိုးမခစာပေ ဆိပ်​ကမ်းသာစာပေ တို့မှဖြန့်​ချီရောက်ရှိလာသော စာရေးဆရာ ကဗျာဆရာများစွာရဲ့ ဗဟုသုတ ရသ စာပေများဖြစ်ပါသည်။စာဖတ်​ခြင်းဟာ အသိဥာဏ်​ပွင့်​လင်းစေသလို မိမိအတွက်​အကျိုးဖြစ်​ထွန်းမည့်​စာပေများဖတ်​ရှုလေ့လာခြင်းဟာလည်း ဗဟုသုတများစွာရစေရုံမက ထိုးထွင်းကြံဆ အမှားမှန်​ဆင်​ခြင်​နိုင်​စွမ်းကိုလည်းရရှိစေမှာဖြစ်​ပါတယ်​။
 
(၁) “ရွာထဲမှာ”
ကဗျာအတွက်ဆိုအမြဲလို တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးနေပြီး ကဗျာကိစ္စနဲ့ပတ်သက်ပြီးတိုးတက်ရာတိုးတက်ကြောင်းအမြဲရည်မှန်းလှုံဆောင်ကြိုးပမ်းအားထုတ်နေတတ်တဲ့ ချစ်ခင်လေးစားအားထားရပါသော ကဗျာဆရာဆရာခိုင်မျိုးရေးသားထားသော ‘ရွာထဲမှာ’အမည်ပေးထားသည့် ခေတ် စနစ် အခြေနေအရပ်ရပ်ပေါ်ကို သုံးသပ်ရင်ဖွင့် ချပြထားသည့်သုတရသပေး ကဗျာများကိုဖတ်ရှုခံစားရမှာဖြစ်ပါသည်။ဆိပ်ကမ်းသာစာပေမှဖြန့်ချီကာ ရောင်းဈေးမှာ တစ်အုပ် ၂၀၀၀ကျပ် ဖြစ်ပါသည်။
(၂) “လရောင်ထဲက လရောင်”
တောင်ကြီးမြို့မှ ကဗျာဆရာမ လရောင်ရဲ့ ခံစားချက်တစ်ကိုယ်တော်ကဗျာများဖြစ်ပြီး စာအုပ်တွင် ကဗျာပုဒ်ရေ ၇၁ ပုဒ်ပါဝင်ကာဆိပ်ကမ်းသာစာပေမှဖြန့်ချီ၍ ရောင်းဈေးမှာ တစ်အုပ် ၂၀၀၀ ကျပ်ဖြစ်ပါသည်။
 
(၃) “ငြိမ်းချမ်းရေး ခြေရာ”
စာရေးဆရာ ဇင်လင်းရေးသားထားသော ငြိမ်းချမ်းရေးဆိုင်ရာ သုတ ရသပေး မီးမောင်းထိုးပြထားသော ဆောင်းပါးကောင်းများအားဖတ်ရှုလေ့လာခံစားရမှာဖြစ်ပြီးဆိပ်ကမ်းသာစာပေမှဖြန့်ချီထားကာ ရောင်းဈေးမှာတစ်အုပ် ၄၀၀၀ကျပ်ဖြစ်ပါသည်။
 
အထက်​ပါရည်​ရွှန်းထားသော စာအုပ်​ကောင်းများအား မော်​လမြိုင်​မြို့တွင်​ ကျော်​ကျော်​စာပေ၊ မြလင်းရောင်​စာပေ၊ အောင်​စေမင်းစာပေတို့တွင်​ အားပေးဝယ်​ယူရရှိနိုင်​ပါပြီ။
 
မလမ ကိုဖြိုး
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s