ရေလုပ်သားများနှင့်ဆက်စပ်သည့် လူကုန်ကူး/လူ့အခွင့်အရေးချိုးဖောက်ခံရမှုမရှိစေရေး စီမံဆောင်ရွက်ပေးရန် မွန်လွှတ်တော် တိုက်တွန်း

မော်လမြိုင်၊ ၁၉ ဖေဖော်ဝါရီ ၂၀၂၀ (သတင်း)

မွန်ပြည်နယ် ရေပိုင်နက်အတွင်းက ငါးဖမ်းလုပ်ငန်းခွင်များရှိ ရေလုပ်သားများ လူကုန်ကူးခံရမှု လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ မရှိစေရေး စီမံဆောင်ရွက်ပေးရန် မွန်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်း တိုက်တွန်းလိုက်သည်။

ရေလုပ်သားများနှင့် ဆက်စပ်သည့် လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများမရှိစေရေးနှင့် ပင်လင်ပြင်ငါးဖမ်းလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်သွားရန် တိုက်တင်းကြောင်းအဆိုကို ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ဖေဖော်ဝါရီ ၆ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၄ ဦးတို့က ထောက်ခံဆွေးနွေးခဲ့ပြီးနောက် ကန့်ကွက်သူမရှိ လွှတ်တော်က ဖေဖော်ဝါရီ ၁၈ ရက်နေ့က အတည်ပြုလိုက်သည်။

မွန်ပြည်နယ်ရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ကွက် ၁၄ ကွက်ရှိပြီး အဆိုပါ ငါးဖမ်းလုပ်ကွက် ၁၄ ကွက်တွင် လုပ်ကိုင်နေသည့် ငါးဖမ်းလုပ်ငန်းများသည် တရားဝင်လိုင်စင်ရှိ လုပ်ငန်းများထက် တရားမဝင်ငါးဖမ်းလုပ်ငန်းတွေ အဆမတန်များပြားနေသည်ဟု အဆိုတွင် ပါရှိသည်။

တရားမဝင်ငါးဖမ်းလုပ်ငန်းများ အဆမတန်များပြားနေခြင်းကြောင့်သည် လူကုန်ကူးခံရမှုများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဒုစရိုက်ဖြစ်စဉ်များ ဖြစ်ပေါ်လာစေသည့် အဓိကအကြောင်းအရင်းတစ်ခုဖြစ်ကြောင်း အဆိုရှင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“တရားမဝင် ငါးဖမ်းနေတာက သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းနဲ့လည်းမညီဘူး ကိုယ့်ရဲ့ရေသယံဇာတလည်း ပျက်စီးဆုံးရှုံးတယ် နိုင်ငံတော်အတွက်လည်း ငွေမဝင်ဘူး တရားမဝင်စေခိုင်းမှုတွေကလည်း တောက်လျှောက်ရှိနေတယ် ဒါကြီးက အုံနဲ့ကျင်းနဲ့ဖြစ်နေတဲ့ကိစ္စကို ကျွန်တော်တို့က တနည်းနည်းနဲ့တော့ သက်ဆိုင်ရာအစိုးရအဖွဲ့ ပြည်နယ်ဖြစ်ဖြစ် ပြည်ထောင်စုဖြစ်ဖြစ် အက်ရှင်တခုတော့ လုပ်ဖို့လိုတယ်လို့ ယူဆတယ် အားလုံး ပူးပေါင်းဆောင်ရွက်ဖို့တော့လိုတယ် ဆောင်ရွက်ပေးဖို့အတွက် ဒီအဆိုတင်သွင်းရတာဖြစ်တယ်” ဟု ၄င်းက ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အနေနှင့် အဆိုကို လွှတ်တော်က အတည်ပြုလိုက်ပြီးဖြစ်သည့်အတွက် အဆိုကို ဆက်လက်အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း အရင်ဦးဆုံးအနေနှင့် မွန်ပြည်နယ်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် ဧရာဝတီတိုင်းဒေသကြီးမှာ ကျားဖောင်လုပ်ငန်းများကိစ္စကို ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီး ကိုင်တွယ်သွားဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ နှင့် ၂၃ ရက်နေ့က မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မွန်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တို့သည် မွန်ပြည်နယ် ငါးဖမ်းကွက်သို့ သွားရောက်စစ်ဆေးမှုပြုလုပ်ခဲ့ရာ ငါးဖမ်းကွက် ၃ ကွက်မှာပင် ကျားဖောင် ၁၂၀၀ ကျော်ရှိနေသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

၎င်းပြင် အထောက်အထားတစ်စုံတစ်ရာမရှိပဲ ဧရာဝတီတိုင်းဒေသကြီးမှ မွန်ပြည်နယ်ရေပိုင်နက်ထဲ ကျော်လွန်လုပ်ကိုင်နေကြသည့် အင်္ဂလန်ကျားဖောင် ၁၀၀၀ ကျော် လုပ်ကိုင်နေသည်ကိုလည်း စစ်ဆေးတွေ့ရှိထားသည်။

Mawlamyine Daily
ဟံင်သာ
#MonParliament

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s