COVID-19 ကိုဗစ်-၁၉ ဗိုင်းရပ်စ် အပ်ဒိတ်

COVID-19 ကိုဗစ်-၁၉ ဗိုင်းရပ်စ် အပ်ဒိတ်

မော်လမြိုင်၊ ၁၄ ဖေဖော်ဝါရီ ၂၀၂၀
 
ကူးစက်ခံထားရသူ စုစုပေါင်း တရုပ်ပြည်မှာ 59,805 ယောက်နဲ့ တကမ္ဘာလုံးမှာ 60,000 ကျော်ပြီ။တခြားနိုင်ငံ ၂၅ ခုမှာ ကူးစက်ခံရတာသေချာသူပေါင်း 570 ယောက်။ တကမ္ဘာလုံးမှာ သေဆုံးသွားသူ အနည်းဆုံး 1,357 ယောက်ရှိပြီ။ 1,370 လို့လည်းဖတ်ရတယ်။
 
တရုပ်ဆရာဝန်တွေက ရေတွက်နည်းစနစ်အသစ်ပြောင်းလိုက်လို့ ကူးစက်ခံရသူစာရင်း တိုးလာတာလည်းပါတယ်။ စမ်းသပ်မှုအတည်ပြုချက်ကိုသာ ရေတွက်ရာကနေ ရောဂါလက္ခဏာရှိသူတွေပါ ထည့်တွက်လာခြင်း ဖြစ်ပါတယ်။
 
တရုပ်ပြည် ဝူဟန်မြို့က နိုင်ငံရေးတာဝန်အရှိဆုံးပုဂ္ဂိုလ်ကို လဲလိုက်တယ်။ ဟောင်ကောင်နဲ့ မကာအိုအတွက် တာဝန်ပေးထားသူတွေလည်း လဲလိုက်တယ်။
 
ယူအက်စ်အေမှာ ၁၅ ယောက်ရှိပြီ။ သမတအိမ်ဖြူတော်က တရုပ်ကို ပွင့်လင်းမြင်သာမှုနည်းတယ်ဆိုပြီး အပြစ် တင်လိုက်တယ်။ အရင်နေ့ကတော့ ဒေါ်နယ်ထရမ့်က တရုပ်တာဝန်ရှိသူတွေက ပရော်ဖက်ရှင်နယ်ကျကျ လုပ်နေတယ်လို့ ပြောခဲ့သေးတယ်။ အမေရိကန် CDC ရောဂါထိန်းချုပ်ရေးဌာနက ဒီကူးစက်ရောဂါဟာ နောက်နှစ်အထိ ကူးနိုင်တယ်လို့ ပြောလိုက်တယ်။ ယူအက်စ်အေမှာ သီးခြားခွဲထားရသူ 600 နီးပါးရှိတယ်။
 
ဂျပန်မှာ ပဌမဆုံးလူနာတယောက် သေဆုံးသွားတယ် ဂျပန်အစိုးရက ဒီရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၁၄၀ သန်း ချမှတ်လိုက်တယ်။
 
စင်္ကာပူမှာ လူနာသစ် ၈ ယောက်တိုးလို့ စုစုပေါင်း ၅၈ ယောက်ရှိသွားပြီ။
 
မလေးရှားမှာ ၁၉ ယောက်။
 
ဗီယက်နမ်မှာ ၁၆ ယောက်။ တချို့နေရာတွေကို ပိတ်ထားလိုက်တယ်။
 
မြောက်ကိုရီးယားမှာ သီးခြားခွဲထားမဲ့ရက်က ၂၄ ရက်ကနေ ရက် ၃၀ တဲ့။
 
ဝူဟနန်မြို့က စီတီဇင်ဂျာနယ်လစ် နောက်တယောက် ပျောက်နေသတဲ့။ ၂ ယောက်ရှိပြီ။
 
Coronavirus tests ကိုရိုနာဗိုင်းရပ်ရှိ မရှိစမ်းသပ်မှုမှာ အားနည်းချက်တွေ့လာရတယ်။ အစက မကူးစက်လို့ အဖြေ ထွက်ထားသူ ၆ ယောက်မှာ ကူးစက်တာ တွေ့လာရတယ်။
 
WHO ကတော့ တရုပ်ပြည် ဟူဘေးပြည်နယ်မှာ အရေအတွက်တိုးနေပေမဲ့ တခြားတိုင်းပြည်တွေမှာဖြစ်တာ တိုးမလာပါလို့ ပြောလိုက်တယ်။
 
တရုပ်ပြည် ဘေဂျင်းမြို့တော်က ပန်းအရောင်းဆိုင်တခုမှာ ဗယ်လင်တိုင်းဒေး ပန်းဝယ်လာသူတွေကို Hand sanitiser လက်ဆေးရည်ပါ ဝေငှနေပါသတဲ့။ သူတို့ဆီမှာ ဒီကူးစက်ရောဂါကြောင့် အရောင်း ၉၀% ကျသွားခဲ့တယ်။ ဆောရီး။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s