ဇန္နဝါရီလ ၃၁ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၁ ဇန္နဝါရီ ၂၀၂၀   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။   ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်း ရွာမည်။ ရွာရန် ရာနှုန်း(၈၀) ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။   မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။   နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးဆက်လက် ထစ်ချုန်းရွာ မည်။   နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ … Continue reading ဇန္နဝါရီလ ၃၁ရက်နေ့ မိုးလေဝသခန့်မှန်းချက်

Hives အင်ပြင်ထွက်ခြင်း

မော်လမြိုင်၊ ၃၁ ဇန်နဝါရီ ၂၀၂၀   (အင်္ဂလိပ်စာလုံးလေးတွေကို ကျော်ဖတ်နိုင်ပါတယ်)   ၁။ မင်္ဂလာပါဆရာ။ ကျွန်မမှာသားလေးတဦးရှိပါတယ်။ အသက် ၅နှစ် ၇လရှိပါပြီ။ သားလေးမှာ လွန်ခဲ့တဲ့ ၂လလောက်မှ အသားအရေယားယံပြီး အပိန့်တွေထွက်လာပါတယ်။ ဆေးကတော့ verizet 5 mg တိုက်ရန်ဆရာဝန်ကညွှန်ကြားပါတယ်။ ဆေးတိုက်ပြီး ၂ ရက်လောက်ထိယားယံခြင်းမရှိပါ။ ၃-၄ ရက်လောက်ကြာရင်ပြန်လည်ယားယံလားပါတယ်။ အသားအရေ ယားယံခြင်းနှင့်ပတ်သက်သည့်အကြောင်းလေးသိချင်လို့ပါရှင့်။ ယားယံပြီဆိုပါက လက်ချောင်းက လက်ဆစ်လေးတွေပါ ယောင်ယမ်းလာပါတယ်။ နှုတ်ခမ်းလဲထော်လာပါတယ်။   ၂။ မင်္ဂလာပါဆရာ။ အမျိုးသမီး အသက် ၁၉နှစ်။ ရာသီမှန်ပါတယ်ရှင့်။ ဖြစ်နေတဲ့ရောဂါကတော့ တကိုယ်လုံးယားပြီး အဖုလေးတွေထွက်တာပါ ဆရာ။ ဆရာဝန်ပြ ဆေးထိုး ဆေးသောက်လုပ်ပါတယ် မပျောက်ပါဘူးဆရာ။ ကလေးတည်းက ခြင်ကိုက် ကုတ်လိုက်ရင်အနာဖြစ်လွယ်တဲ့ အရေပြားပါဆရာ။ … Continue reading Hives အင်ပြင်ထွက်ခြင်း