China jails gene-edited babies scientist for three years တရုပ်သုတေသနဆရာဝန်တဦး ထောင်ချခံရ

China jails gene-edited babies scientist for three years တရုပ်သုတေသနဆရာဝန်တဦး ထောင်ချခံရ

မော်လမြိုင်၊ ၃၁ ဒီဇင္ဘာ ၂၀၁၉
 
ဆေးပညာကျင့်ဝတ်ချိုးဖေါက်မှုနဲ့ တရုပ်တွဲဘက်ပါမောက္ခ He Jiankui ဟီဂျူအင်ကွီကို ထောင် ၃ နှစ် ချမှတ်လိုက်ပါတယ်။
 
ဒေါက်တာဟီက မျိုးဗီဇပြုပြင်ထားတဲ့ကလေးအမြွာကို ဖန်တီးပြီး မွေးပေးခဲ့တယ်။ HIV ခံနိုင်ရည်ရှိစေအောင်လုပ်နည်းသစ် ဖြစ်ပါတယ်။ သန္ဓေသားကို မျိုးဗီဇပြုပြင်မှုလုပ်တယ်။ တားမြစ်ထားတာကို သုတေသနလုပ်လို့ ကမ္ဘာ့ တခြားနေရာတွေကပါ ပြစ်တင်တာခံရတယ်။
 
ဒေါက်တာဟီက ၂၀၁၈ ခုနှစ် နိုဝင်္ဘာလထဲမှာ လူလာ နဲ့ နာနာ အမြွာမွေးတာကို အေပီသတင်းဌာနက ဗီဒီယိုမှတ်တမ်း တင်ခဲ့တယ်။
 
ဒေါက်တာဟီကို ငွေဒဏ် ယွန် ၃ သန်း (ဒေါ်လာ ၄ သိန်း ၃ သောင်း) ပါချမှတ်တယ်။ အလုပ်ပြုတ်တယ်။ သူနဲ့အတူ တခြား ၂ ယောက်ကိုပါ ဒိထက်နည်းတဲ့ ပြစ်ဒဏ်ချတယ်။ ရှန်ဇန်းတရားရုံးက သူတို့ဟာ နာမည်ကြီးအောင် အကျိုးအမြတ် ရအောင် ဆေးပညာကျင့်ဝတ်ကို ချိုးဖေါက်တာလို့ ဆိုပါတယ်။
 
ဆေးသုတေသနမှာ CCR5 ခေါ်မျိုးဗီဇကိုဦးတည်ပြောင်းလဲမှုလုပ်ပါတယ်။ သူ့ဆေးသုတေသနမှာပါလိုတဲ့ သဘောတူ စုံတွဲ ၇ တွဲရခဲ့တယ်။ ယောက်ျားတွေမှာ HIV ပိုးရှိနေကြပြီး ဇနီးတွေကို မကူးသေးပါ။ မျိုးဗီဇပြုပြင်ထားတဲ့ သန္ဓေသားကို IVF နည်းနဲ့ မွေးစေတယ်။ အဲဒီ gene-editing technology နည်းပညာကို CRISPR-Cas9 ကနေ CCR5 gene ပြောင်းနည်းလို့ ခေါ်ပါတယ်။
 
ဆင်ဟွာသတင်းဌာနအဆိုအရ အဲလိုကလေး ၃ ယောက်ရှိပြီလို့ဆိုပါတယ်။ ကလေးတွေကိုတော့ ဆေးပညာအရ စောင့်ကြည့်နေပါတယ်။ ပြောသလို ဟုတ် မဟုတ် မသိနိုင်သေးပါ။
 
ဆေးပညာမှာ သစ်ဆန်းတိုးတက်မှုတွေ အမြဲရှိနေတယ်။ ကျင့်ဝတ်အရ သုတေသနမလုပ်ရလို့ သတ်မှတ်ထားတာတွေ ရှိတယ်။
 
မြန်မာပြည်မှာ သုတေသနလုပ်ငန်းတွေ တိုးတက်ပါစေသတည်း။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s