မော်လမြိုင်၊ ၁ ဇန္နဝါရီ ၂၀၂၀ ကာတွန်း - လူမင်းအောင်
Month: December 2019
Abdominal Pain ဗိုက်နာတယ်ဆိုတာ
မော်လမြိုင်၊ ၁ ဇန်နဝါရီ ၂၀၂၀ (အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်လို့ရပါတယ်။ ဆောရီး။) ၁။ မင်္ဂလာပါဆရာ သိချင်တာလေးမေးပါရစေရှင့်။ ကျွန်မ အသက်က ၂၇ နှစ်၊ အိမ်ထောင်မရှိပါ။ လွန်ခဲ့တဲ့ ၄၊ ၅ရက် လောက်တည်းက ဗိုက်ရဲ့ ဘယ်ဘက်အောက်ခြမ်းမှာ တင်းတင်းကြီးဖြစ်ပြီး နာနေပါတယ်ဆရာ။ ဒီတိုင်းနေရင် သိပ်မသိသာပေမယ့် လမ်းသွားတဲ့အခါ မတ်မတ်လမ်းမလျောက်နိုင်အောင် နာနေပါတယ်။ လေထလို့နာတယ်ထင်ပြီး အဲအိတ်စ်သောက်ပါတယ်ဆရာ။ ခဏသက်သာသလိုဖြစ်ပေမယ့် အရှင်းမပျောက်သွားပါဘူးရှင်။ ၀မ်းလည်း မှန်ပါတယ် ဆရာ။ သို့ပေမယ့် အစာစားတာနဲ့ ဗိုက်ထဲနာပြီး ချွေးစေးတွေပြန်ကာ အိမ်သာသွားချင်သလိုမျိုးဗိုက်နာလာပါတယ်ဆရာ။ အရင်တည်းက ကျွန်မက အစာအိမ်ရောဂါအခံရှိပါတယ်ဆရာ။ လတ်တလောမှာ ဘာဆေးသောက်ထားရမလဲ သိချင်လို့ပါဆရာ။ ကျေးဇူးပြုပြီးလမ်းညွှန်ဖြေကြားပေးပါ ဆရာရှင့်။ ဗိုက်အောက်ပိုင်းဆိုတာ အစာအိမ် မဟုတ်။ လေနာ … Continue reading Abdominal Pain ဗိုက်နာတယ်ဆိုတာ
ဒီဇင္ဘာလ ၃၁ရက်နေ့ ရွှေဈေးနှုန်း
ဒီဇင္ဘာလ ၃၁ရက်နေ့ စက်သုံးဆီစျေးနှုန်းများ
ဒီဇင္ဘာလ ၃၁ရက်နေ့ မိုးလေဝသခန့်မှန်းချက်
မော်လမြိုင်၊ ၃၁ ဒီဇင္ဘာ ၂၀၁၉ ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၅)ပေ မှ (၇)ပေခန့် ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ … Continue reading ဒီဇင္ဘာလ ၃၁ရက်နေ့ မိုးလေဝသခန့်မှန်းချက်
New Year Habit နှစ်သစ်ကူးရောဂါ
မော်လမြိုင်၊ ၃၁ ဒီဇင္ဘာ ၂၀၁၉ နှစ်ကူးမှာဖြစ်ရင် ထူးတယ်လို့ယူလေ့ရှိတာ ထုံးစံပါ။ နှစ်ကူးတိုင်းမှာ ပျော်ကြပြုံးကြတာ အစဉ်အလာ။ ပျော်စရာတွေ ဖန်တီး။ စုဝေးပြီး စားကြသောက်ကြ။ တနေရာရာသွားပြီး လည်ကြပတ်ကြ။ မိသားစုတွေလည်း ပြန်ဆုံနိုင်အောင် တင်ကြိုစီစဉ်ပြီး၊ စုစုဝေးဝေး၊ နွေးနွေးထွေးထွေး၊ အဆိုးကို မေ့ထားပြီး၊ အကောင်းကိုမျှော်ကြတယ်။ နှစ်ဦးမှာ မင်္ဂလာယူစရာမှန်သမျှ ဆောင်ရွက်ကြတယ်။ ဒီအထိတော့ ကောင်းပါတယ်။ ပြက္ခဒိန်နှစ်ကူး၊ မြန်မာနှစ်ကူးမှ မဟုတ်ပါ၊ နှုတ်ဆက်ပွဲတို့၊ ကောက်သစ်ပွဲတို့၊ အောင်ပွဲတို့၊ မင်္ဂလာဆောင်၊ မွေးနေ့ကအစ အသုဘ၊ သောက်ကြစားကြတာ ကျွန်တော်တို့လူမျိုး ပိုဆိုးသလားပဲ။ အပျော်လွန်ရင် ငိုရတတ်တယ်။ ဒါ့ကြောင့် ဒီလိုရက်တွေရောက်ရင် ဆရာဝန်တွေ မျက်ခုံးလှုပ်ကြရတယ်။ ဘယ်နှစ်ယောက် ချုပ်ပေးရမလဲ ပြင်ထားရတယ်။ ကျန်းမာရေးမှာ အလုပ်လုပ်သူတွေကလည်း … Continue reading New Year Habit နှစ်သစ်ကူးရောဂါ
Mawlamyine Daily ကာတွန်း
မော်လမြိုင်၊ ၃၁ ဒီဇင္ဘာ ၂၀၁၉ ကာတွန်း - သာဒိုး
China jails gene-edited babies scientist for three years တရုပ်သုတေသနဆရာဝန်တဦး ထောင်ချခံရ
မော်လမြိုင်၊ ၃၁ ဒီဇင္ဘာ ၂၀၁၉ ဆေးပညာကျင့်ဝတ်ချိုးဖေါက်မှုနဲ့ တရုပ်တွဲဘက်ပါမောက္ခ He Jiankui ဟီဂျူအင်ကွီကို ထောင် ၃ နှစ် ချမှတ်လိုက်ပါတယ်။ ဒေါက်တာဟီက မျိုးဗီဇပြုပြင်ထားတဲ့ကလေးအမြွာကို ဖန်တီးပြီး မွေးပေးခဲ့တယ်။ HIV ခံနိုင်ရည်ရှိစေအောင်လုပ်နည်းသစ် ဖြစ်ပါတယ်။ သန္ဓေသားကို မျိုးဗီဇပြုပြင်မှုလုပ်တယ်။ တားမြစ်ထားတာကို သုတေသနလုပ်လို့ ကမ္ဘာ့ တခြားနေရာတွေကပါ ပြစ်တင်တာခံရတယ်။ ဒေါက်တာဟီက ၂၀၁၈ ခုနှစ် နိုဝင်္ဘာလထဲမှာ လူလာ နဲ့ နာနာ အမြွာမွေးတာကို အေပီသတင်းဌာနက ဗီဒီယိုမှတ်တမ်း တင်ခဲ့တယ်။ ဒေါက်တာဟီကို ငွေဒဏ် ယွန် ၃ သန်း (ဒေါ်လာ ၄ သိန်း ၃ သောင်း) ပါချမှတ်တယ်။ အလုပ်ပြုတ်တယ်။ သူနဲ့အတူ … Continue reading China jails gene-edited babies scientist for three years တရုပ်သုတေသနဆရာဝန်တဦး ထောင်ချခံရ
Mawlamyine Daily ကာတွန်း
မော်လမြိုင်၊ ၃၁ ဒီဇင္ဘာ ၂၀၁၉ ကာတွန်း - လူမင်းအောင်
Baby and Mom ကလေးကျန်းမာရေး အယူအဆများ မလွဲမှားစေချင်
မော်လမြိုင်၊ ၃၁ ဒီဇင္ဘာ ၂၀၁၉ ၁။ ဆရာရှင့် ကျွန်မသမီးလေးအသက် ၃လပြည့်ပါပြီ မိခင်က ဝန်ထမ်းမို့ ကလေးကို lactogen နှင့် ညဘက်မိခင်နို့ တိုက်ပါသည် နို့တိုက်ပြီးတိုင်း လေထုတ်ပါသည် ကတိုက်မစ်ချာလေဆေးတိုက်ပါသည် ဂစ်ဆိုပြီး လေလည်းထွက်ပါသည် ဝမ်းကတော့ အရင်က ၂ရက် ၁ခါသွားသလို ခုတော့ ၁ရက်၁ခါ ဝမ်းစိမ်းသွားပါသည် နေ့လယ်ဘက်ရော ညဘက်ပါ ခြေထောက်ကော့ထိုးပြီး ဗိုက်နာတဲ့ပုံစံနှင့် ငိုပါသည် ဆီးတော့မပူတော့ပါ ကျွန်မအမေကတော့ ကျွန်မအစားမရှောင်၍ ကလေးလေနာသည်ဆိုပါသည် ခရမ်းချဉ်သီး ဘူးသီး အမဲသား ဝက်သား စားလျှင်ဆူပူပါသည် ကလေးလေနာပါခြင်း အကြောင်းရင်းလေးနှင့် ကုသရန်နည်းလေး ရှင်းပြပေးပါရန် လေးစားစွာ စာရေးလိုက်ရပါသည်ဆရာ ၂။ ဆရာခင်ဗျာ။ မိခင်စားသော အစားအစာမှ နို့စို့နေသော ကလေးငယ်ကို … Continue reading Baby and Mom ကလေးကျန်းမာရေး အယူအဆများ မလွဲမှားစေချင်