လေယာဉ်လက်မှတ်တန်ဖိုးတွေကို ဘယ်လိုသတ်မှတ်ကြလဲ

74399492_1389103077932269_4347372249267830784_n

မော်လမြိုင်၊ ၂၀ အောက်တိုဘာ၂၀၁၉

လေယာဉ်နဲ့ ခရီးသွားတော့မယ်ဆိုရင် ဈေးသက်သာတဲ့ လေယာဉ်လက်မှတ်ဝယ်ဖို့အရေး အွန်လိုင်းပေါ်မှာ ရေကုန်ရေခန်း လိုက်ရှာရတာလဲ အမောပါပဲ။ ဒီတော့ လေယာဉ်လက်မှတ် ဈေးနှုန်းတွေဟာ ဘယ်အရာတွေပေါ်မှာ မူတည်ပြီး ကွဲပြားနေတာလဲဆိုတာကို တချက်လောက် လေ့လာကြည့်ရအောင်။

ကိုယ်သွားမယ့် ခရီးဟာ ဝေးလေ လက်မှတ်ဈေးနှုန်းက မြင့်လေလို့ ကျွန်တော်တို့ တတွေ နားလည်ထားခဲ့ကြပါတယ်။ တကယ်တော့ အခုခေတ်မှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေဟာ ကျွန်တော်တို့ ထင်သလို ကုန်ကျစရိတ်နဲ့ ခရီးအကွာအဝေးပေါ် မူတည်နေတာ မဟုတ်ဘဲ ဥာဏ်ရည်တု လို့ သိကြတဲ့ AI တွေရဲ့ ခြေရာခံမှုတွေပေါ်မှာ မူတည်နေတာပါ။

လွန်ခဲ့တဲ့ နှစ်တရာကျော်ကာလက ပထမဆုံး ခရီးသည်တင် လေကြောင်းတွေရဲ့ လေယာဉ်လက်မှတ်ဈေးနှုန်းတွေဟာ အသွားများတဲ့ ခရီးစဉ်ပေါ်မှာမူတည်တာမဟုတ်ဘဲ ခရီးစဉ်ရဲ့ အကွာအဝေးပေါ်မှာ မူတည်ခဲ့တာပါ။ ၁၉၈၀ မှာတော့ အမေရိကန် အစိုးရဟာ ခရီးသည်တင်လေကြောင်းတွေအပေါ်မှာ အစိုးရရဲ့ ထိန်းချုပ်မှုကို ဖယ်ထုတ်လိုက်ပါတယ်။ ၁၉၉၀အစပိုင်းမှာတော့ မှာတော့ လေကြောင်းလိုင်းတွေ ကမ္ဘာအနှံ့များလာပြီး လေကြောင်းလိုင်းတွေရဲ့ လေယာဉ်လက်မှတ်ဈေးနှုန်းတွေမှာ ပြိုင်ဆိုင်မှုတွေ ရှိလာပါတယ်။

အမေရိကန်မှာတော့ ပြည်တွင်းလေကြောင်းဈေးကွက်ရဲ့ ၆၈ရာခိုင်နှုန်းကို လေကြောင်းလိုင်း၎ခုက ကြီးစိုးထားပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကအထိ လေယာဉ်လက်မှတ်ဈေးနှုန်းတွေကို ရွေးချယ်လိုက်တဲ့ ခုံနေရာပေါ် မူတည်ပြီး ဈေးနှုန်းသတ်မှတ်ကြပါတယ်။ ဒီလိုဈေးနှုန်းသတ်မှတ်တာကို စက်တွေကတဆင့်လုပ်တာမဟုတ်ဘဲ လူတွေက တဆင့် စီမံဆုံးဖြတ်နေတာဖြစ်ပါတယ်။ လက်မှတ်ဈေနှုန်း အနည်းအများကို ဘယ်နှရက်ကြိုပြီး ဘိုကင်လုပ်တာ၊ ရွေးချယ်တဲ့ ခုံနေရာ နဲ့ လူသွားလာမှု များတာ စတဲ့ အချက်တွေပေါ်မှာ မူတည်ပြီး လဲ ဆုံးဖြတ်ကြပါသေးတယ်။

အားလပ်ရက် ခရီးထွက်မယ့် ခရီးစဉ်တွေဆို စောစောဝယ်မယ်ဆို ဈေးနှုန်းတွေကို တင်ထားလေ့ရှိပြီး နောက်ပိုင်းမှ ဝယ်လိုအားအခြေအနေပေါ်မူတည်ပြီး အတိုးအလျော့ လုပ်ကြပါတယ်။ စီးပွားရေးအတွက် ခရီးသွားသူတွေ များတဲ့ ခရီးစဉ်တွေဆိုရင်တော့ ရက်ကပ်လေ ဈေးနှုန်များလေပါပဲ။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးသမားတွေဟာ ရပ်ကပ်မှသာ ခရီးစဉ်လက်မှတ်ကို ဝယ်လေ့ရှိကြတာကို လေကြောင်းလိုင်းတွေက သိနေကြလို့ပါပဲ။ ဒါကြောင့်စီးပွားရေးသမားတွေ/အလုပ်နဲ့ ခရီးသွားရသူတွေဟာ တခြားသူတွေထက် လေယာဉ်လက်မှတ်ခ ၆၀ရာခိုင်နှုန်း ပိုပေးရလေ့ရှိကြပါတယ်။

နောက်တခုကတော့ လေကြောင်းလိုင်းတွေဟာ သင်ရဲ့ Browser မှာ ရှိတဲ့ Cookies တွေကို အသုံပြုပြီး သင်ဟာ တခြားဘယ်လေကြောင်းလိုင်းတွေကိုပါ ကြည့်နေလဲ ဆိုတာ မူတည်ပြီး ဈေးကစားကြပါသေးတယ်။ ဒါ့အပြင် သင်အရင်က ဝယ်ခဲ့တဲ့ လေယာဉ်ခရီးစဉ်နဲ့ လေကြောင်းလိုင်းတွေပေါ်မူတည်ပြီးလဲ ဈေးကစားကြတာ ရှိပါသေးတယ်။

United Airline လေကြောင်းလိုင်းဟာ အွန်လိုင်းပေါ်မှာ ဈေးသက်သာတဲ့ လေယာဉ်လက်မှတ် ဝယ်လို့ရအောင် လုပ်ပေးတဲ့ Website တည်ထောင်သူကို တရားစွဲတာမျိုးလဲ ရှိခဲ့ပါသေးတယ်။ ဒီလို Websiteတွေဟာ သူတို့ရဲ့ AI က တဆင့် ဈေးကစားတာကို ကာကွယ်တဲ့ နည်းဖြစ်တာကြောင့် သူတို့ တရားစွဲမယ်ဆိုလဲ စွဲချင်လောက်ပါတယ်။

Mawlamyine Daily

Ref: CNBC

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s