Immunizations before marriage အိမ်ထောင်ပြုမည့် အမျိုးသမီးများအတွက် ကာကွယ်ဆေးများ

Immunizations before marriage အိမ်ထောင်ပြုမည့် အမျိုးသမီးများအတွက် ကာကွယ်ဆေးများ

မော်လမြိုင်၊ ၃၀ စက်တင်ဘာ ၂၀၁၉
 
အသက်၂၇ နှစ်။ အမျိုးသမီး။ နောက်နှစ်ထဲအိမ်ထောင်ပြုမှာပါဆရာ။ ပတ်ဝန်းကျင်ကလူတွေပြောအရ အိမ်ထောင်မပြုခင် ကာကွယ်ဆေးထိုးထားသင့်တယ်ဆိုပြီး သိထားပါတယ်ရှင့်။ ၂၆ နှစ်ကျော်ရင် သူများတိုင်းပြည်တွေမှာမထိုးပါဆိုပြီး ဆရာ ပြောလို့သိရပါတယ်။ ယခုထိုးသင့်မထိုးသင့်ကို မေးချင်ပါတယ်ရှင့်။ ဘာ့ကြောင့်ဆိုတာကိုလည်း ဖြေကြား ပေးစေလိုပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။
 
မြန်မာပြည်မှာတော့ ကျန်းမာရေးဌာနတွေကနေ ထုတ်ပြန်ထားတာ ရှိ-မရှိ မသိပါ။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ် ကာကွယ်ဆေးထိုးဌာန လမ်းညွှန်ကို ကိုးကားရေးပါမယ်။
 
Immunizations in the Preconception Period ကိုယ်ဝန်မဆောင်မီထိုးသင့်သည့် ကာကွယ်ဆေးများ
အလေးအနက်အကြံပြုသည့် ကာကွယ်ဆေးများ
• Influenza တုပ်ကွေး၊
• Td/Tdap (DTP/DPT) ဆုံဆို့-ကြက်ညှာ-မေးခိုင် ကာကွယ်ဆေး၊
 
ကူးစက်နိုင်ခြေရှိသူများသာ
• Hepatitis A အသည်းရောင်အေ ကာကွယ်ဆေး၊
• Hepatitis B အသည်းရောင်ဘီကာကွယ်ဆေး၊
• Human papillomavirus (HPV) သားအိမ်ဝကင်ဆာ ကာကွယ်ဆေး (၂၆ နှစ်အထိ)၊
• Measles, mumps and rubella (MMR) ဝက်သက်-ပသိရောင်-ရူဘဲလား ကာကွယ်ဆေး၊
• Meningococcal မနင်ဂိုကော်ကယ် ကာကွယ်ဆေး၊
• Pneumococcal နူမိုကော်ကယ် ကာကွယ်ဆေး၊
• Varicella (chickenpox) ရေကျောက် ကာကွယ်ဆေး၊
 
Immunizations in the Prenatal Period ကိုယ်ဝန်ဆောင်စဉ်ထိုးသင့်သည့် ကာကွယ်ဆေးများ
အလေးအနက်အကြံပြုသည့် ကာကွယ်ဆေးများ
• Influenza တုပ်ကွေး ကာကွယ်ဆေး၊
• Td/Tdap (DTP/DPT) ဆုံဆို့-ကြက်ညှာ-မေးခိုင် ကာကွယ်ဆေး၊
 
ကူးစက်နိုင်ခြေရှိသူများသာ
• Hepatitis B အသည်းရောင်ဘီ ကာကွယ်ဆေး၊
 
Live virus vaccines should not be given during pregnancy ကိုယ်ဝန်ဆောင်စဉ်မှာ မထိုးသင့်သည့် ကာကွယ်ဆေးများ
• LAIV တုပ်ကွေးနှာခေါင်ထဲထည့် ကာကွယ်ဆေး၊
• Measles, mumps and rubella (MMR) ဝက်သက်-ပသိရောင်-ရူဘဲလား ကာကွယ်ဆေး၊
• Varicella (chickenpox) ရေကျောက် ကာကွယ်ဆေး၊
• Zoster (shingles) ဇိုစတာ (ရှင်ရဲလ်) ကာကွယ်ဆေး၊
 
Immunizations in the Postpartum Period ကလေးမွေးပြီး ထိုးသင့်သည့် ကာကွယ်ဆေးများ (ကူးစက်နိုင်ခြေရှိသူများသာ)
• Influenza တုပ်ကွေး၊
• Measles, mumps and rubella (MMR) ဝက်သက်-ပသိရောင်-ရူဘဲလား၊
• Td/Tdap (DTP/DPT) ဆုံဆို့-ကြက်ညှာ-မေးခိုင် ကာကွယ်ဆေး၊
• Varicella (chickenpox) ရေကျောက် ကာကွယ်ဆေး၊
• Human papillomavirus (HPV) သားအိမ်ဝကင်ဆာကာကွယ်ဆေး (၂၆ နှစ်အထိ)၊
 
Human papillomavirus (HPV) သားအိမ်ဝကင်ဆာ ကာကွယ်ဆေးကို အသက် ၉-၁ဝ နှစ်ကနေ ၂၆ နှစ်အထိ အမျိုးသမီးတွေကိုသာ ထိုးစေတယ်။ ဒိထက်အသက်ကြီးသူတွေမှာ တနည်းနည်းနဲ့ ကြွက်နို့ဗိုင်းရပ်စ်နဲ့ တွေ့ခဲံပြီးပြီဆိုတာ လေ့လာမှုတွေက ပြဆိုနေလို့ဖြစ်တယ်။ ထိုးလည်း မထူးပါ။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s