Folic acid linked to breast cancer ဖေါလစ်အက်စစ်များခြင်းနဲ့ ရင်သားကင်ဆာ

Folic acid linked to breast cancer ဖေါလစ်အက်စစ်များခြင်းနဲ့ ရင်သားကင်ဆာ

မော်လမြိုင်၊ ၁၉ စက်တင်ဘာ ၂၀၁၉
 
Folic acid ကို ရင်သားကင်ဆာဖြစ်ဘူးသူတွေနဲ့ မတည့်ဘူး folic acid ပါတဲ့အားဆေးတောင်မသောက်ရဘူး ပြောတာ ကြားဘူးတယ်ဆရာ။
 
၂၃-၁-၂ဝ၁၄ နေ့ကထွက်တဲ့ဆေးသုတေသနသတင်းတခုမှာ ဖေါလစ်အက်စစ်နဲ့ ရင်သားကင်ဆာဆက်စပ်မှုရှိတာကို စမ်းသပ်မှုလုပ်တဲ့အကောင်တွေမှာ တွေ့တယ်လို့ဆိုပါတယ်။ လူတွေကို အဲလို မတွေ့သေးပါ။
 
ဖေါလစ်အက်စစ်များတာနဲ့ ရင်သားကင်ဆာဆက်စပ်နိုင်တယ်လို့လည်းသုတေသနတချို့ဆိုပါတယ်။ သုတေသနအဖွဲ့ကနေ ထောက်ပြတာက အမေရိကမှာ ရင်သားကင်ဆာနဲ့အသက်ရှင်နေသူတွေမှာ ဖေါလစ်အက်စစ်ပါတဲ့အစာနဲ့ ဖေါလစ်အက်စစ်ဆေး သောက်ခဲ့တယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်း ရင်သားကင်ဆာဖြစ်တာ ပိုများလာတာနဲ့ ဖေါလစ်အက်စစ်ကို အစားအသောက်တွေမှာပိုထည့်ပေးခဲ့တာ တိုက်ဆိုင်နေတယ်။
 
ကိုယ်ဝန်ဆောင်တွေမှာ မွေးလာမယ့် ကလေးမှာ ဦးနှောက်အာရုံကြောချို့ယွင်းချက်မရစေအောင် ကာကွယ်မှုအနေနဲ့ ဖေါလစ်အက်စစ်ပေးတယ်။ ၁၉၉၈ ခုနှစ်ကတည်းက အသက် ၁၉ နှစ်အထက် ကျား-မတိုင်းကို ဖေါလစ်အက်စစ် တနေ့မှာ 400 mcg ရသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ ၁၉၉၁ မှာ ကိုယ်ဝန်ဆောင်တွေ ပဌမသုံးလမှာ ဖေါလစ်အက်စစ် 4,000 mcg ရသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ ရသင့်တယ်ဆိုတာ အစားအစာနဲ့ဆေးကရတာကိုပြောတာ။
 
လေ့လာမှုအရ လူဦးရေရဲ့ ၅ဝ% က ဖေါလစ်အက်စစ်သောက်ခဲ့ကြတယ်။ ရင်သားကင်ဆာလူနာ ၆၄% ကနေ ၈၁% တို့က ဖေါလစ်အက်စစ်သောက်ခဲ့ကြတယ်။
 
အခုထိတော့ ရင်သားကင်ဆာနဲ့ ဖေါလစ်အက်စစ် ဆက်စပ်မှုရှိတာ ဟုတ်တယ်၊ မဟုတ်ဘူး အခိုင်အမာမပြောနိုင်သေးပါ။ တချို့လေ့လာမှုက ရင်သားကင်ဆာကို ကာကွယ်မှုပေးနိုင်တယ်လို့ဆိုတယ်။ သေချာတက အူမကြီးကင်ဆာဖြစ်မှာကို နည်းစေတယ်။
 
အစားအသောက်တွေထဲမှာ ဟင်းနုနွယ်ရွက်ကနေ ဖေါလစ်အက်စစ်ရတယ်။ မုန်လာပွင့်၊ ကြက်ဥအတွင်းပိုင်း၊ လိမ်မော်သီးနဲ့ ပဲအမျိုးမျိုးတွေကနေလည်းရတယ်။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s