မိုဘိုင်းလ်ဖုန်းတစ်လုံးနဲ့ တစ်မိနစ်စာ ဗီဒီယိုတစ်ခု ရိုက်ကူးလိုက်ရုံနဲ့ အမြင့်ဆုံးဆုကြေး ယူရို ၂၀,၀၀၀ နှစ်ဆု မျှော်မှန်းနိုင်မယ့် ActNow ဇာတ်လမ်းတို ပြိုင်ပွဲ

ActNow climate change

မော်လမြိုင်၊ ၁၇ စက်တင်ဘာ ၂၀၁၉
ဒီပြိုင်ပွဲကို Mobile Film Festival က စီစဉ်ပြီး Youtube Creators for Change နဲ့ United Nations Climate Change အစီအစဉ်တို့က ပံ့ပိုးကူညီထားပါတယ်။ ဒီဇာတ်လမ်းတိုတွေမှာ ပါရမယ့် အကြောင်းအရာကတော့ ရာသီဥတုပြောင်းလဲလာမှု (Climate Change) ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ပါဝင်ဖို့-
၁။ တစ်မိနစ်စာ ဇာတ်လမ်းတိုအတွက် ဇာတ်ညွှန်းရေးရပါမယ်။
ဇာတ်ညွှန်းရေးဖို့ https://www.mobilefilmfestival.com/en/resist-and-create/ ကို အရင် ဖတ်သင့်ပါတယ်။
၂။ တစ်မိနစ်စာ ဇာတ်လမ်းတိုတစ်ပုဒ်ကို မိုဘိုင်းလ်ဖုန်း (ဒါမှမဟုတ်) တက်ဘလက်နဲ့ ရိုက်ကူးရမှာပါ။ အသံကို သက်သက် သွင်းနိုင်ပါတယ်။
၃။ တစ်မိနစ်ဇာတ်လမ်းတိုကို စိတ်ကြိုက်တည်းဖြတ်နိုင်ပါတယ်။ အသုံးပြုတဲ့ ဂီတ၊ သီချင်းတွေက Royalty Free ဖြစ်ဖို့ လိုပါတယ်။
၎။ နောက်တစ်ဆင့်အနေနဲ့ ရိုက်ကူးပြီးတဲ့ ဇာတ်လမ်းကို https://www.mobilefilmfestival.com/en/submit-your-film/ မှာ တင်ရမှာ ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက် နေ့ နောက်ဆုံးထား ပေးပို့ရမှာပါ
၅။ အတည်ပြုကြောင်း အီးမေးလ် ဝင်လာပြီဆိုရင်တော့ သင့်ရဲ့ ဇာတ်လမ်းတိုဟာ ပြိုင်ပွဲဝင်သွားပါပြီ။
၆။ တကယ်လို့ သင့်ဇာတ်လမ်းက စကားပြောခန်းပါတယ်ဆိုရင် အတည်ပြုကြောင်း စာပြန်တဲ့ အီးမေးလ်ထဲမှာ စာတန်းထိုးဖို့ လင့်ခ်ပါလာပါလိမ့်မယ်။ အဲဒီ့လင့်ခ်ကို သွားရောက်ပြီး စာတန်းထိုး နိုင်ပါတယ်။
၇။ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဆန်ကာတင် ဇာတ်လမ်း ၅၀ ကို ကြေညာပါမယ်။
၈။ နိုဝင်ဘာ ၁၄ရက်နေ ဒီဇင်ဘာ ၄ ရက်နေ့အထိ ဆန်ကာတင်ဇာတ်ကား ၅၀ ထဲက ပရိသတ်ရွေးချယ်တဲ့ ဆုအတွက် ရင်ခုန်နိုင်ပါတယ်။
၉။ ဆုပေးပွဲအခမ်းအနားကိုတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြင်သစ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ပေးအပ်မယ့် ဆုတွေကတော့
၁။ International Grand Prize: €20 000 awarded by Youtube Creators for Change
၂။ France Grand Prize : €20 000 awarded by Youtube Creators for Change
၃။ Best Screenplay Award : €3 000 awarded by the CNC
၎။ Best Director Award : 3 000€ awarded by the CNC
၅။ The Extra Court Award : 700€ awarded by the Short Film Agency for the purchase of a film
နောက်ဆုံးပေးပို့ရမယ့်ရက်က အောက်တိုဘာ ၁၆၊ ၂၀၁၉ ပါ။
2015 ခုနှစ်တုန်းက လုပ်ခဲ့တဲ့ ActNow climate change တစ်မိနစ်ဇာတ်လမ်းတိုပြိုင်ပွဲက လက်ရွေးစင်ဇာတ်ကားတွေကို https://www.youtube.com/playlist… မှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။
အသေးစိတ် သိချင်သေးတယ်ဆိုရင် အောက်ပါလင့်ခ်တွေမှာ ဝင်ကြည့်နိုင်ပါတယ်။
Mawlamyine Daily
Ref: Yangon Photo Festival

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s