Toxic paracetamol ပါရာစီတမော အဆိပ်ဆေးရည်

Toxic paracetamol ပါရာစီတမော အဆိပ်ဆေးရည်

မော်လမြိုင်၊ ၁၉ သြဂုတ် ၂၀၁၉
 
ဘင်္ဂလားဒက်ရှ်နိုင်ငံလုပ် ပါရာစီတမောဆေးရည် အဆိပ်သင့်မှုအတွက် ဆေးကုမ္ပဏီတာဝန်ရှိသူ ၆ ဦးကို ထောင် ၁ဝ နှစ်စီ ချတဲ့သတင်း ၁၈-၈-၂ဝ၁၅ နေ့ထွက်ပေါ်လာပါတယ်။ ဒီအမှုက ၂၃ နှစ်ကြာပါပြီ။
 
BCIB ဆေးကုမ္ပဏီအပါအဝင် ဆေးကုမ္ပဏီပေါင်း ၅ ခုကဟာ ဈေးချိုတဲ့ Diethylene glycol ဓါတုဆေးကို Paracetamol syrups ပါရာစီတမောဆေးရည် ထုတ်လုပ်ရာမှာ သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိပါတယ်။ အဲတာက အဝတ်အထည် ဆေးဆိုးရာမှာသာ သုံးရတာဖြစ်ပါတယ်။ အမှန်က Propylene glycol ဓါတုဆေးကိုသာ သုံးမှာဖြစ်ပါတယ်။ သူတို့သုံးတာက ၁ဝ ဆဈေးချိုပါတယ်။
 
၁၉၉၂ တုန်းက အသက် ၁ နှစ်ကနေ ၅ နှစ်အရွယ် ကလေးပေါင်း ၇၆ ယောက် ဒီဆေးရည်ကြောင့်သေဆုံးခဲ့ပါတယ်။ Bangabandhu Sheikh Mujib ဆေးတက္ကသိုလ်လေ့လာမှုအရ ၁၉၈၂ ကနေ ၁၉၉၂ အတွင်းမှာ ကလေးစုစုပေါင်း ၂၇ဝဝ သေဆုံးပါတယ်။
 
မြန်မာနိုင်ငံမှာ ဘင်္ဂလားဒက်ရှ်ကနေ ဆေးတွေဝင်နေပါတယ်။ တရုပ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေကနေ သွင်းနေတဲ့ ဆေးတွေထဲမှာ (၁) ဆေးအတု၊ (၂) အရည်အသွေးမမီတဲ့ဆေးနဲ့ (၃) အဆိပ်သင့်နိုင်တဲ့ဆေးတွေ ပါနေနိုင်တာကို အထူးသတိပြုကြစေလိုပါတယ်။
 
Toxic paracetamol ပါရာစီတမော အဆိပ်ဆေးရည်ကိုတင်တော့ ဖတ်တဲ့သူများတယ်။ ဘယ်နိုင်ငံကဆေးက စိတ်ချရသလည်းမေးတယ်။ မေးသင့်ပါတယ်။ Generalization ဝါးလုံးသိမ်း (သို့) ယေဘုယျချခြင်း အပြစ်မကင်းလို့ ရေးဘူးတယ်။ ဆေးအတုစာတွေ အများကြီးရေးထားတယ်။
 
အမေရိကနဲ့ ယူကေ (ဥရောပ) မှာလည်း အွန်လိုင်းကနေရောင်းတာတွေတချို့က စိတ်မချရပါ။ ဆေးကုမ္ပဏီကို ကြည့်ရင်တော့ စိတ်ချရမှုကို အတော်ပြောနိုင်တယ်။ နိုင်ငံတွေကြည့်ရင် တိုးတက်တဲ့ဆီက စိတ်ချရတာပိုများတယ်။ နာမည်မရသေးတဲ့ ကုမ္ပဏီတွေက စိတ်မချနိုင်တာတွေရှိနိုင်တယ်။ ကြော်ငြာပြီး ရောင်းတာတွေဟာ သတိထားစရာလို့ေ ပြာရင် မလွန်ပါ။ ဆေးသစ် နာမည်သစ်ဆိုရင် သတိထားပါ။
 
ကျွန်တော်ဒေလီမှာနေတုံးက စီးပွါးရေးလုပ်နေတဲ့မိတ်ဆွေတဦးကနေ ပြောလာတယ်။ မြန်မာပြည်က ဆေးလာဝယ်တယ်။ ကုမ္ပဏီကို ဆေးအလေးချိန်ကို လျှော့ထည့်ဘို့ အော်ဒါ လုပ်တယ်ဆရာတဲ့။ ပဋိဇီဝဆေးမှာ ၅ဝဝ မီလီဂရမ်ရေးထားပေမယ့် နည်းပါနေမယ်။ အဲတာမျိုးကို အရည်အသွေး မမီတာလို့ခေါ်တယ်။ ဆေးအတုနဲ့ အဆိပ်သင့်ဆေး တွေလိုပဲ အန္တရယ်ပေးတယ်။ ပိုးတွေက ဆေးယဉ်တာဖြစ်နိုင်တယ်။ ရောဂါမပျောက်ဖြစ်မယ်။
 
အညံ့တွေရှိရာ အတုတွေလာ၊ အဆိပ်တွေပါတယ်။ ကျွန်တော့်တို့ ညံ့နေသေးတယ်။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s