သဘာဝဘေးကြောင့် ပျက်စီးသွားတဲ့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားတွေကို အခမဲ့ပြန်လုပ်ပေးမယ်

သဘာဝဘေးကြောင့် ပျက်စီးသွားတဲ့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားတွေကို အခမဲ့ပြန်လုပ်ပေးမယ်

မော်လမြိုင်၊ ၁၅ သြဂုတ် ၂၀၁၉

“မွန်​ပြည်​နယ်​အတွင်းရှိ သဘာဝ​ဘေးဒဏ်​​ကြောင့်​ အိုးအိမ်​များ(​ရေဝင်​နစ်​မြုပ်​ခြင်း၊ ​မြေပြိုခြင်း)စသဖြင့်​ ထိခိုက်​ခံစားခဲ့ရ​သောပြည်​သူများအ​နေဖြင့်​၊
မိမိတို့၏ မှတ်​ပုံတင်​ကဒ်​ပြား၊ သန်း​ခေါင်​စာရင်းစသည်​များ ပျက်​စီး/ဆုံးရှုံးခြင်းများဖြစ်​​ပေါ်ခဲ့ပါက –
အမြန်​ဆုံးပြန်​လည်​ထုတ်​​ပေးသွားရန် ညွှန်​ကြားထားပြီဖြစ်​ပါ​ကြောင်း မွန်​ပြည်​နယ်​အတွင်းရှိပြည်​သူများအား အသိ​ပေးနှိုး​ဆော်​အပ်​ပါသည်​” လို့ သြဂုတ် ၁၃ ရက်နေ့ ကတည်းက မွန်ပြည်နယ်အစိုးရအဖွဲက ထုတ်ပြန်ထားပါတယ်။

သဘာဝဘေးကြောင့် ပျောက်ဆုံးပျက်စီးသွားတဲ့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား ပြန်လည်လျှောက်ထားမယ်ဆိုရင် ကနဦးအနေနဲ့

ကျေးရွာအုပ်​မှူးဆီမှာ ပျောက်ဆုံး၊ပျက်စီးကြောင်း ထောက်ခံအတည်ပြုချက်ယူလာရပါမယ်။

ပြီးရင်တော့ မြို့နယ် လဝကရုံးထံသွားရောက်ပြုလုပ်ရပါမယ်။ဌာနမှ ယခင်ကထုတ်ပေးခဲ့တဲ့ ကဒ်အမျိုးအစား အတိုင်းပြန်လည်ထုတ်ပေးသွားမှာပါ။

မည်သည့်အခကြေးငွေမှ ပေးဖို့မလိုသလို၊ အခက်ခဲ (သို့) ငွေညှစ်ပါက (Immigrationhr Monstate Minister Office) စာမျက်​နှာရှိ message မှတဆင့်​ တိုင်ကြားနိုင်ပါတယ်။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s