Mawlamyine Daily စာအုပ်စင်

This slideshow requires JavaScript.

This slideshow requires JavaScript.

မော်လမြိုင်၊ ၈ သြဂုတ် ၂၀၁၉
 
မင်္ဂလာပါ စာပေချစ်​သူမိတ်​ဆွေများခင်​ဗျာ
ယခုအပတ်​စာချစ်​သူမိတ်​ဆွေများထံ မိတ်​ဆက်​ပေးချင်​တဲ့စာအုပ်​များကတော့ မိုးမခစာပေ ဆိပ်​ကမ်းသာစာပေ နှင့်​အခြားစာပေတိုက်​များမှ ဖြန့်​ချီလာသော စာရေးဆရာ ကဗျာဆရာများစွာရဲ့ ရင်​နှင့်​ထွင်းသော အက္ခရာများဖြစ်​သည့်​ ကဗျာ ဝတ္တု နှင့်​ သုတရသပေးသည့်​ “မြို့ပျက်​ညရဲ့အော်​ပရာ” , လေရူးငယ်​” , “တနင်္ဂနွေအသံ” , “လူ” စသည့်​စာအုပ်​များပြဲဖစ်​ပါတယ်​။စာဖတ်​ခြင်းဟာ အသိဥာဏ်​ပွင့်​လင်းစေသလို မိမိအတွက်​အကျိုးဖြစ်​ထွန်းမည့်​စာပေများဖတ်​ရှုလေ့လာခြင်းဟာလည်း ဗဟုသုတများစွာရစေရုံမက ထိုးထွင်းကြံဆ အမှားမှန်​ဆင်​ခြင်​နိုင်​စွမ်းကိုလည်းရရှိစေမှာဖြစ်​ပါတယ်​။
(၁) “လူ”
စာရေးဆရာ မင်းမြတ်​ဘုန်းရေးသားထားသော စာအုပ်​ဖြစ်​ပြီး လူ့သဘော လူ့မနောပါ ကဗျာစာများကို ဗဟုသုတရဖွယ်​ အောက်​မေ့သတိရဆင်​ခြင်​ဖွယ်​ ဖတ်​ရှုလေ့လာခံစားရမှာဖြစ်​ပြီး ရောင်းဈေးမှာ တစ်​အုပ်​ ၁၀၀၀ကျပ်​ဖြစ်​ပါသည်​။
(၂) “မြို့ပျက်​ညရဲ့ အော်​ပရာ”
ကဗျာဆရာ ဝဇီရာဒီဖိုး မှယနေ့ခေတ်​ ယနေ့အခြေနေနှင့်​ပတ်​သက်​ပြီး မြင်​တာကို တည့်​တည့်​ပြောပြထားသည့်​ သဘာတို့ဖြင့်​ ရေးစပ်​ထားသော ကဗျာရှည်​အဖြင့်​ခံစားဖတ်​ရှုရမှာဖြစ်​ပြီး ရောင်းဈေးမှာ တစ်​အုပ်​ ၁၅၀၀ ဖြစ်​ပါသည်​။
(၃) “လေရူးငယ်​”
စာရေးဆရာ သြမံ ရဲ့ရင်​ခုန်​သံများဖြင့်​ ခံစားဖွဲ့သီထားသော လုံးချင်းတထ္တုတစ်​အုပ်​ဖြစ်​ပြီး ရောင်းဈေးမှာ တစ်​အုပ်​ ၂၀၀၀ကျပ်​ဖြစ်​ပါသည်​။
(၄) “တနင်္ဂနွေအသံ”
နာမည်​ရကဗျာဆရာများ၏ စိတ်​တူကိုယ်​တူ စုစည်းထုတ်​ဝေထားသော ကဗျာစာအုပ်​ဖြစ်​ပြီး ခေတ်​ပြိုင်​ကဗျာများအဖြစ်​ ခံစားဖတ်​ရှုရမှာဖြစ်​ပါသည်​။ရောင်းဈေးမှာ တစ်​အုပ်​ ၂၀၀၀ ဖြစ်​ပါသည်​။
အထက်​ပါရည်​ရွှန်းထားသော စာအုပ်​ကောင်းများအား ယနေ့ကြေငြာပါသည့်​နေမှစ၍ မော်​လမြိုင်​မြို့တွင်
ကျော်​ကျော်​စာပေ၊ မြလင်းရောင်​စာပေ၊ အောင်​စေမင်းစာပေတို့တွင်​ အားပေးဝယ်​ယူရရှိနိုင်​ပါပြီ။
 
မလမကိုဖြိုး
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s