မေလ ၃၀ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၀ မေ ၂၀၁၉   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။   မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ နေပြည်တော်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင် ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။   မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။   နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ အနောက်တောင်မုတ်သုံလေသည် မြစ်ဝကျွန်းပေါ်ဒေသများသို့ … Continue reading မေလ ၃၀ရက်နေ့ မိုးလေဝသခန့်မှန်းချက်

Panic Disorder စိတ်မထိန်းနိုင်ခြင်း

မော်လမြိုင်၊ ၃၀ မေ ၂၀၁၉   ကျနော်အသက် ၂၄ နှစ်ပါ။ ကျနော်မှာ ဒေါသနဲ့ စိတ်ကိုမထိန်းချုပ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတခုရှိပါတယ်။ စိတ်ကလဲ တခုခုကိုအလိုမကျတာနဲ့ ဒေါသတွေအရမ်းထွက်တတ်ပါတယ်။ ကိစ္စတခုဖြစ်လာရင်လဲ မကောင်းတဲ့ အမြင်နဲ့ တွေးတတ်ပါတယ်။ ကျနော်ရဲ့ဒေါသစိတ်မထိန်းနိုင်မှုကြောင့် မိသားစုနှင့် ပတ်ဝန်းကျင်ကြားမှာ အဆင်မပြေခဲ့ပါဘူး။ ကျနော်ဖြစ်နေတဲ့ခံစားချက်ကို မိသားစုအပါဝင် မိတ်ဆွေအပေါင်းသင်းတွေလဲ နားမလည် မပေးကျဘူးလို့ ကျနော်စိတ်ထဲမှာထင်နေပါတယ်။ ကျနော်ကိုကျနော်လဲ သာမန်လူရဲ့စိတ်အခြေနေမရှိဘူးလို့ ထင်မိပါတယ်။ psycho ပုံစံလိုမျိုးဖြစ်နေပါတယ်ဆရာ။ မူးယစ်ဆေးဝါးလဲမသုံးပါဘူး။ အခြားလူနဲ့ မတူတာ က ကျနော်က အရမ်းပူအိုက်နေရင် သို့ မဟုတ် ဒေါသထွက်ပြီးစိတ်အလိုမကျရင် ချွေးအရမ်းထွက်တတ်ပါတယ်။ ဘယ်လို ကုသမှု ဘယ်လို ဆေးဝါးတွေကို သောက်သုံးရမလဲဆိုတာ ဖြေကြားပေးပါခင်ဗျာ။ ပြီးတော့ 5-HTP ဆိုတဲ့ဆေးရဲ့ ကောင်းကျိုး … Continue reading Panic Disorder စိတ်မထိန်းနိုင်ခြင်း