ဓာတ်ပုံတွေကတဆင့် ဟွာဝေးစက်ရုံထဲကို တခေါက်လောက်သွားကြည့်ရအောင်

This slideshow requires JavaScript.

မော်လမြိုင်၊ ၂၃ မေ ၂၀၁၉

တရုတ်နိုင်ငံ ရှန်စန်းမြို့ရဲ့ စီလီကွန်တောင်ကြားထဲက ဟွာဝေးစက်ရုံထဲကို ဓာတ်ပုံသတင်းထောက် Kevin Frayer တယောက်ဝင်ပြီး ဓာတ်ပုံမှတ်တမ်းယူခွင့်ရခဲ့ပါတယ်။ သူ့ရဲ့ ဓာတ်ပုံတွေက တဆင့် ဟွာဝေးစက်ရုံထဲကို တခေါက်လောက် သွားကြည့်ကြရအောင်ပါ။

တကမ္ဘာလုံးက ဟွာဝေးစက်ရုံတွေထဲမှာ ၀န်ထမ်းပေါင်း တသိန်းရှစ်သောင်းကျော်ရှိပါတယ်။ သူတို့တွေရဲ့ တ၀က်လောက်က သုတေသနနဲ့ ဖွံ့ဖြိုးရေး ကဏ္ဍတွေမှာ လုပ်ကြတဲ့သူတွေပါ။ ဟွာဝေးဟာ သူ့ရဲ့ 5G နက်ဝက်နည်းပညာအတွက် နိုင်ငံခြားက ပညာရှင်တွေကို ငှားရမ်းထားပြီး နည်းပညာနယ်ပယ်မှာ တရုတ်ရဲ့ လွှမ်းမိုးမှု ပိုကြီးလာအောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

နည်းပညာကိုစိတ်ဝင်စားတဲ့လူတွေကတော့ ဟွာဝေးရဲ့ စက်ရုံအတွင်းထဲ ဘာတွေရှိမလဲဆိုတာ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ နိုင်ငံရေးစိန်ခေါ်မှု အကြီးကြီးတွေ ရင်ဆိုင်နေရတဲ့ ဟွာဝေးဟာ အနောက်နိုင်ငံသားသတင်းထောက်တွေကို လာရောက်ဖို့ ဖိတ်ခေါ်တာ သိပ်တော့ မကြာသေးပါဘူး။

ဓာတ်ပုံဆရာက စာဖတ်သူတွေကို ပြချင်တဲ့ အကြောင်းအရာကတော့ ဟွာဝေးကုမ္ပဏီမှာ အလုပ်လုပ်ရတာ ဘယ်လိုနေလဲ ဆိုတဲ့ အချက်ပါ။ ဟွာဝေးမှာ လူအများစုက အလုပ်လုပ်ချင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟွာဝေးဟာ တရုတ်နိုင်ငံမှာတော့ အမြင့်ဆုံးလစာတွေ ပေးလေ့ရှိတဲ့ ကုမ္ပဏီမှာ ပါပါတယ်။ နောက်ပြီး ဟွာဝေးမှာ အလုပ်လုပ်ကြတဲ့ ၀န်ထမ်းတွေဟာ အဆင့်မြင့်ကျွမ်းကျင်သူတွေဖြစ်ကြသလို အများစုက နိုင်ငံခြားဘွဲ့ရတွေနဲ့ တရုတ်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်က ဘွဲ့ရတွေ ဖြစ်ကြပါတယ်။ စက်ရုံပရ၀ုဏ်ထဲမှာလဲ ခေတ်ဆန်တဲ့ နေချင်စဖွယ် ထမင်းစားခန်းတွေ၊ ၀ယ်သူတွေအတွက် အထူးပြင်ဆင်ထားတဲ့ အခန်းတွေအပြင် အရသာရှိတဲ့ အစားအစာတွေကို ရနိုင်တဲ့ ခမ်းနားတဲ့ စားသောက်ဆိုင်တွေကိုလဲ ထားရှိပေးထားပါတယ်။

ဟွာဝေးရဲ့ တည်ထောင်သူ Ren Zhengfei ဟာ အရင်က ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အင်ဂျင်နီယာတဦးဖြစ်ပြီး ဟွာဝေးကုမ္ပဏီကို ၁၉၈၇ ခုနှစ်မှာ ၀န်ထမ်း၃ ဦးနဲ့ အတူ စတာလင်ပေါင် ၄သောင်း နဲ့ စတင်တည်ထောင်ခဲ့တာပါ။ အခုဆိုရင် ကုမ္ပဏီရဲ့ အရင်နှစ်က ၀င်ငွေဟာ အမေရိကန်ဒေါ်လာ ဘီလျံ၁၀၀ ရှိတယ်လို့ ဆိုပါတယ်။

ဟွာဝေး၀န်ထမ်းတွေအတွက် ကုန်ကျစရိတ်သက်သာတဲ့ အိမ်ယာတွေ နဲ့ စားသောက်ဆိုင်တွေ အပြင် စာကြည့်တိုက်၊ အားကစားခန်းမတွေ၊ ဟိုတယ်တွေ၊ Shuttle Bus နဲ့ ဆွစ်ဇာလန်က တင်သွင်းတဲ့ Tram တွေနဲ့ ညနေခင်းမှာ တက်လို့ရတဲ့ အနုပညာသင်တန်းတွေကိုပါ ထားရှိပေးထားတာပါ။

နေ့လည်စာစားပြီးချိန်မှာ မီးရောင်ကို မှိန်ပေးထားတာကြောင့် ၀န်ထမ်းတွေဟာ နေ့လည်ခင်းတရေးတမော အိပ်စက် အနားယူလို့ရပါသေးတယ်။ ဒီလိုနေ့ခင်းတရေးတမော အိပ်စက်အနားယူတာဟာ တရုတ်နိုင်ငံမှာ လုပ်နေကြ အလုပ်တခုလဲ ဖြစ်ပါတယ်။ ဒါ့အပြင် သြစတြေးလျက ငန်းမဲတွေကို အစာကျွေးရင် အပန်းဖြေလို့ရမယ့် ပန်းခြံတွေလဲ ရှိပါသေးတယ်။

တရုတ်နိုင်ငံမှာတော့ ဟွားဝေးဟာ နိုင်ငံသားတွေအတွက် ဂုဏ်ယူစရာနေရာတခုဖြစ်သလို ဟွာဝေးရဲ့ Brand Ambassadors တွေထဲမှာ ကမ္ဘာကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Scarlett Johansson နဲ့ Gal Gadot တို့အပြင် ဘောလုံးသမား Lionel Messi တို့လဲ ပါဝင်ပါတယ်။

Mawlamyine Daily

Ref: Guardian

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s