Google က Huawei နဲ့ စီးပွားရေးလုပ်ငန်းအချို့ ရပ်ဆိုင်း

Untitled

မော်လမြိုင်၊ ၂၀ မေ ၂၀၁၉

ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က အမေရိကန်သမ္မတ ထရမ့်က ဟွာဝေး ကုမ္ပဏီ နဲ့ ဆက်စပ်စီးပွားရေးလုပ်ငန်းခွဲ ၇၀ ကို ကုန်သွယ်ရေးနာမည်ပျက်စာရင်းသွင်းတဲ့ အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အမိန့်အရ အမေရိကန် နည်းပညာကုမ္ပဏီ တွေဟာ ဟွာဝေး ကို နည်းပညာလွှဲပြောင်းခြင်း၊ ပစ္စည်းရောင်းချ ခြင်းတွေလုပ်မယ်ဆိုရင် အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက်ကို ရယူရမှာဖြစ်ပါတယ်။

အဲဒီအမိန့်ဟာ မေလ ၁၇ ရက်နေ့မှာ စတင်အသက်ဝင်ခဲ့ပြီး အဲဒါရဲ့အကျိုးဆက်အဖြစ် ဂူဂဲလ် ကုမ္ပဏီ က ဟွာဝေးနဲ့ ပူးပေါင်းဆောင်ရွက်မှုအချို့ ကို ရပ်ဆိုင်းလိုက်ကြောင်း ဒီနေ့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ကြောင့် ဟွာဝေး ကုမ္ပဏီ ဟာ Android Version အသစ်ကို အဆင့်မြှင့်တာတွေလုပ်လို့မရတော့တဲ့ အပြင် နောက်ထုတ်လုပ်မယ့် ဖုန်းတွေမှာ Gmail၊ Google Play Store နဲ့ YouTube တို့ကို အသုံးပြုလို့ရမှာ မဟုတ်တော့ဘူး လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ ဒီလိုကန့်သတ်ခံရတာဟာ တရုတ်နိုင်ငံအတွင်းမှာသာမက တရုတ်နိုင်ငံပြင်ပမှာ ရှိတဲ့ ဟွာဝေးဖုန်းတွေမှာပါ အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဟွာဝေးက ထုတ်ထားတဲ့ အသစ်စက်စက် ၁၅ သိန်းတန် P30, P30 Pro လက်ကိုင်ဖုန်းရှင်တွေလည်း Google play လို app ဘဏ်တိုက်နဲ့ Android လို ကျောရိုး OS ရဲ့ ဝန်ဆောင်မှုတွေ ဖြတ်တောက်ခံရမယ့် အနေအထားပါ။ Android OS ဆိုတာ free open sources တခုပါ။ Google play က apps တော်တော်များများဟာလည်း အခမဲ့များတဲ့အတွက် ဟွာဝေးက သူ့ ဖောက်သည်တွေကို ဘယ်လို ဝန်ဆောင်မှုတွေ ဆက်ပေးမလဲဆိုတာ စိတ်ဝင်စားစရာပါ။ လက်ရှိအခြေအအေနမှာတော့ ကမ္ဘာအရပ်ရပ်က ဖောက်သည်တွေဆီ နောက်ဆုံးထုတ် High-end flagships ဖုန်းအလုံးပေါင်း ၅၉ သန်းလောက် တင်ပို့ထားတယ်လို့ သိရပါတယ်။

Mawlamyine Daily

Ref: Reuters, Techjuice

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s