ဦးသန့်ကို ဂုဏ်ပြုသောအာဖြင့် နီပေါတွင် ဦးသန့်ရုပ်ထု စိုက်ထူမည်

og-u-thant-7042

မော်လမြိုင်၊ ၁၅ မေ ၂၀၁၉

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရုပ်ထုကို လာမည့် သောကြာနေ့မှာ နီပေါနိုင်ငံအလယ်ပိုင်းက လုမ္ဂ္ဗိနီ ဥယျာဉ်မှာ ဖွင့်လှစ်သွားမယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ဦးသန့်နေအိမ်ပြတိုက်ကနေ ထုတ်ပြန်ကြေညာပါတယ်။ ကျောက်သားနဲ့ ထုဆစ်ထားတဲ့ ဦးသန့်ရုပ်ထုကို လုမ္ဂ္ဗိနီဖွံ့ဖြိုးရေး ကော်မတီက စတင်အထောင်အတည်ဖော်ခဲ့တာဖြစ်ပါတယ်။

၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ဟာ ၁၉၆၇ခုနှစ် ဧပြီလက ဗုဒ္ဂ္ဗ္ဓဘုရားရှင် မွေးဖွားရာ လုမ္ဂ္ဗိနီဥယျာဉ်ကို ရောက်ရှိခဲ့ပြီး ဒီနေရာကို နိုင်ငံတကာ ဘုရားဖူးများ လာရောက်ရာနေရာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ခန္တီတရားတိုရဲ့ သရုပ်လက္ခဏာ အဖြစ် လုပ်ဆောင်ဖို့ ဦးသန့်က အစောဆုံးအကြံပြုခဲ့တာလဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ ၁၀နှစ်နဲ့ ၁လကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာမယ်လို့ သူယူဆတဲ့ အရှေ့နဲ့ အနောက်အုပ်စုနှစ်စုစလုံးရဲ့ လုပ်ဆောင်ချက်တွေနဲ့ သဘောထားရပ်တည်ချက်တွေကို ဝေဖန်ထောက်ပြခဲ့ပါတယ်။

ဦးသန့်ဟာ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ပန်းတနော်မြို့သားဖြစ်ပြီး ကုလသမဂ္ဂရဲ့ အမြင့်ဆုံးရာထူးကို ဥရောပတိုက်သားမဟုတ်သူတွေထဲက ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့သူလဲဖြစ်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ခဲ့တဲ့တာကြောင့် မြန်မာနိုင်ငံသားတွေ ဂုဏ်ယူရတဲ့ ဦးသန့်ဟာ အသက်၆၅နှစ်အရွယ်မှာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

ဦးသန့်ရဲ့ မြေးဖြစ်သူ Yangon Heritage Trust ရဲ့ ဦးဆောင်သူ ဒေါက်တာ သန့်မြင့်ဦးဟာ နီပေါသမ္မတ ဘိုင်ဒယာဒေဝီ ဘာဟန်ဒရီနှင့်အတူ သောကြာနေ့မှာ ဖွင့်လှစ်မယ့် ဦးသန့်ရုပ်ထုဖွင့်ပွဲ အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။

Mawlamyine Daily

Ref: Irrawaddy

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s