ကြောင်ကလေးတွေနေတဲ့ရွာ (သို့) ပြည်တော်ပြန် ဗမာကြောင်

This slideshow requires JavaScript.

မော်လမြိုင်၊ ၁၄ မေ ၂၀၁၉

မှိုင်းပျပျတောင်တန်း…..

ရေပြင်ကျယ် ပတ်လည်ဝိုင်းရံထားလို့……

 

အပြောကျယ်တဲ့ ရေပြင်ကျယ်…..

ရေပေါ်မှာ ဗေဒါပင်၊ ဒိုက်ပင်တွေက လှုပ်လီ၊ လှုပ်လဲ့…..

မော်တော်ခုတ်မောင်းသွားတဲ့ အရှိန်ကြောင့် ဂယက်ထသွားတဲ့ ရေလှိုင်းတွေ။

 

နာရီကိုကြည့်လိုက်တော့ မနက် ၁၀ နာရီဝန်းကျင်။

ညောင်ရွှေ လှေဆိပ်ကနေ အင်းလေးကန်ထဲ မော်တော်လှေစီးလာတာ ၁ နာရီနီးပါးရှိနေပါပြီ။

 

မော်တော်က သီးနှံစိုက်ခင်း ကျွန်းမျှောတွေအနားက ဖြတ်သွားလိုက်။

တခါ၊တခါ ခြေတံရှည် ရေပေါ်အိမ်တွေနားကဖြတ်သွားလိုက်။

ငါးဖမ်းလှေတွေအနားက ဖြတ်သွားလိုက်နဲ့။

 

ဟော..

ဟို…အဝေးတစ်နေရာ ရေထဲမှာတော့ သစ်လုံးတွေအတန်းလိုက် ခြံစည်းရိုးသဏ္ဍာန်ကာရံထားတဲ့ ဝင်ပေါက်သဏ္ဍာန်။

အနားရောက်တော့ အစိမ်းရောင်ဆိုင်းဘုတ်တစ်ခု။

အဲအပေါ်မှာ ရေးထားတာကတော့….

 

“အင်းပေါခုံ ကျေးရွာမှ လှိုက်လှဲစွာကြိုဆိုပါ၏”

 

ဆိုင်းဘုတ်အနီး၊ ရွာအဝင်ချောင်းအတိုင်းမော်တော်ကို ၅ မိနစ်နီးပါးခုတ်မောင်းပြီးချိန်မှာတော့ သစ်သားဆိပ်ကမ်းတစ်ခုဆီမှာ ရပ်နားလိုက်ပါတယ်။

 

မော်တော်ကဆင်းလို့ သစ်သားလှေကားလမ်းကြောင်းအတိုင်း လျှောက်လာလိုက်တော့ အနီရောင်စိန်ပန်းတွေ၊ သဘာဝ သီးနှံစိုက်ခင်းတွေ၊ သစ်သားလုံးချင်းအဆောင် တွေကိုဖြတ်သန်းရင်း လမ်းလျှောက်နေပါရဲ့။

 

အဲဒီအဝန်းအဝိုင်းကို

“အင်းလေးဒေသ အမွေအနှစ်” လို့လူတွေသိကြပါတယ်။

 

ဒီအဝန်းအဝိုင်းထဲရှိ တံတားလေးတွေကတဆင့် အမှတ်တရပစ္စည်းအရောင်းဆိုင်ကိုဖြတ်လိုက်ပြီဆို တာနဲ့ သီးသန့်ကာရံထားတဲ့ နေရာတစ်ခုကိုရောက်သွားမှာပါ။

နံရံမှာတော့ ကြောင်ပုံပါ ပန်းချီကားချပ်တွေ၊ ကြောင်ပုံပါ ဓါတ်ပုံတွေကို ချိတ်ဆွဲထားတာပါ။

 

တချို့နေရာတွေမှာတော့

“ကြောင်ကလေးများ အိပ်နေချိန်”  ဆိုတဲ့

သတိပေးစာတွေကို ရေးဆွဲချိတ်ဆွဲထားတာကိုလည်းတွေ့ရမှာပါ။

 

ဒါတွေဟာ “Inle Heritage” က ကြောင်ကလေးတွေနေတဲ့ရွာမှာပါ။

လက်ရှိမှာတော့ ဒီရွာမှာ ဗမာ့မျိုးရင်းကြောင် (၃၄) ကောင်နေထိုင်နေတာပါ။

ဗမာကြောင်တွေဟာ အမွေးတွေက ထူပြီးနူးညံ့သလို၊ မျက်လုံးတွေကလည်း စူးရှကြပါတယ်။

အညို၊ အပြာ၊ ခရမ်းဖျော့ရောင်နဲ့ ရှိန်ပိန် အရောင်တွေရှိကြပါတယ်။

အရောင်စပ်တာတွေမရှိဘဲ ၊ တစ်ကောင်လုံး တစ်ရောင်သာရှိကြပါတယ်။

 

၂၀၀၈ ခုနှစ်မတိုင်မှီကတော့ မြန်မာနိုင်ငံမှာ ဗမာ့မျိုးရင်းကြောင်ဆိုတာ မရှိတော့ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။“Inle Heritage” ကို ဗမာ့မျိုးရင်းကြောင်တွေ (၂၀၀၈)ခုနှစ်ကမှ ပြန်လည်ရောက်ရှိလာတာပါ။

 

 

တရုတ်နိုင်ငံ၊ ယူနန်အခြေစိုက် သဘာဝပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုထိန်းသိန်းရေး ဆိုင်ရာ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းဖြစ်တဲ့ China Exploration & Research Society က ဗမာ့ကြောင်တွေကို မြန်မာနိုင်ငံရဲ့ပြင်ပမှာ မွေးမြူးထိန်းသိမ်းထားတာပါ။ မူလမျိုးရင်းတွေကို မြန်မာနိုင်ငံအတွင်း ပြန်လည် မွေးမြူနိုင်ဖို့ အတွက်ရည်ရွယ်ပြီး Inle Heritage မှာပြုစုစောင့်ရှောက်မွေးမြူထားတာပါ။

 

 

သမိုင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် ဗမာကြောင်တွေကို တော်ဝင်မိသားစုတွေက အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူခဲ့ကြာတာပါ။၁၉ ရာစုနဲ့ ၂၀ ရာစုနှစ်ကာလတွေမှာတော့ တခြားနိုင်ငံက လူတွေပြောင်းရွှေ့နေထိုင်လာတာနဲ့အတူ သူတို့နဲ့အတူပါလာတဲ့ ကြောင်မျိုးစိတ်တွေနဲ့ ဗမာကြောင်တွေမျိုးစပ်ကာ ကြောင်မျိုးစိတ်သစ်တွေမွေးလာပြီး ဗမာမျိုးရင်းကြောင်တွေ မြန်မာနိုင်ငံမှာ ပျောက်ကွယ်သွားခဲ့ရတာပါ။

 

 

Inle Heritage မှာတော့ ကြောင်တွေကို တစ်နေ့ (၃)ကြိမ်အစာကျွေးပါတယ်။ကြောင်တွေဟာ ညရောက်ရင်တော့ တစ်ညလုံးအိပ်စက်တတ်ပါတယ်။နှစ်စဉ်ကာကွယ်ဆေးတွေ ထိုးပေးရသလို၊ သန့်ရှင်းသန့်ရပ်နေဖို့ ရေချိုးသန့်စင်ဖီးလိမ်းသန့်ရှင်းပေးရပါတယ်။

 

သူတို့တွေ ဆော့ကစားနိုင်ဖို့အတွက် အမိုးအောက်နဲ့ အမိုးအပြင် ဆိုပြီးနေရာတွေဖန်းတီးပေးထားပါတယ်။ အမိုးအပြင်လည်း ဆော့ကစားနိုင်ဖို့ ကြောင်တွေအတွက် အိမ်တွေကိုပါ ဆောက်လုပ်ပေးထားပါတယ်။

 

စာဖတ်သူတွေအနေနဲ့ ဗမာ့မျိုးရင်းကြောင်တွေကို လေ့လာလိုရင် အင်းလေကန်က “Inle Heritage” မှာသွားရောက်လေ့လာလို့ရပါတယ်။

 

Mawlamyine Daily

Ref-Inle Heritage

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s