ကိုယ်ပိုင်ဝါးကျောင်း (သို့) အင်းလေးဒေသအမွေအနှစ် ကိုယ်ပိုင်ကျောင်း

This slideshow requires JavaScript.

“ကျနော့်တို့ ကလေးတွေကို စာသင်ပေးချင်လို့ပါ”

ချည်သားရှပ်အကျီနဲ့ ပုဆိုးဝတ်ထားတဲ့ ဦးအောင်ကျော်စွာ မတ်တတ်ရပ်လျက် ပြောလိုက်တာပါ။သူ့ရဲ့ အရှေ့က လူလတ်ပိုင်းအရွယ် အမျိုးသမီး၊ အမျိုးသားတွေကို ပြောနေတာပါ။

သစ်သားကုလားထိုင်ပုပုသေးသေးလေးတွေပေါ်မှာ ထိုင်နေရင်းနားထောင်နေကြတာပါ။တစ်ယောက်စ၊ နှစ်ယောက်စကတော့ ဘေးအနားမှာ မတ်တပ်ရပ်လျက် ဦးအောင်ကျော်စွာ ရှင်းပြသမျှ စိတ်ဝင်တစား အာရုံစိုက်နားထောင်နေလျက်ပေါ့။

လေဝင်လေထွက်ကောင်းပြီး၊ သဘာဝ အလင်းရောင်ကြောင့် ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ ကျယ်ဝန်းတဲ့ ခန်းမဆောင်ထဲမှာသူတို့တွေ စုဝေးပြောဆိုနေကြတာပါ။ ခန်းမဆောင်ထဲမှာ သူတို့အားလုံးပေါင်း ၆၀ နီးပါးရှိနေကြတာပေါ့။

သူတို့တွေ စုဝေးပြောဆိုနေကြတဲ့ ခန်းမဆောင်ဟာ သာမာန်မြင်တွေ့နေကျ လေးထောင့်သဏ္ဍာန် ခန်းမဆောင်တွေလို မဟုတ်သလို၊ အဆောက်အဦးဟာလည်း လေးထောင့်သဏ္ဍာန်မဟုတ်ပါဘူး။

ကွေးညွှတ်နေတဲ့ အနားတွေ၊ မို့မောက်နေတဲ့ အမိုးတွေနဲ့ ရှည်မျောမျော သဏ္ဍာန်ရှိတဲ့ အဆောက်အဦးတစ်ခုရဲ့ ခန်းမဆောင်ထဲမှာပါ။

အဆောက်အဦးရဲ့ အောက်ခံအခင်းနဲ့ နံရံတွေကို ဘိလပ်မြေကွန်ကရစ်နဲ့ဆောက်လုပ်ထားသလို၊ အမိုးနဲ့ ထောင့်တိုင်တွေကိုတော့ “ဝါး” တွေနဲ့ ဆောက်လုပ်ထားတာပါ။

သာမာန်မြင်နေကျမဟုတ်တဲ့ ဗိသုကာလက်ရာ၊ သဘာဝ “ဝါး” တွေနဲ့ ဆောက်လုပ်ထားတဲ့ ဒီအဆောက်အဦးကို “ကိုယ်ပိုင် ဝါးကျောင်း” လို့လူသိများပါတယ်။ရှမ်းပြည်နယ်၊ အရှေ့ပိုင်း ၊ ညောင်ရွှေမြို့နယ် ၊ အင်းလေးကန် အနီးက ချောင်းစောက်ကျေးရွာမှာရှိတဲ့ “အင်းလေးဒေသအမွေအနှစ် ကိုယ်ပိုင်ကျောင်း” လို့လည်း သိကြပါတယ်။(ကျောင်း link http://inleheritage.org/private-school/)
ကျောင်းကို ဦးအောင်ကျော်စွာက ကျောင်းအုပ်အဖြစ်တာဝန်ယူ ဦးဆောင်နေတာပါ။

“ကိုယ်ပိုင် ဝါးကျောင်း” ကို ၂၀၁၇-၁၈ ခုနှစ် စတင်ဆောက်လုပ်ဖွင့်လှစ်ထားတာပါ။
သဘာဝ “ဝါး” စိုက်ပျိုးထုတ်လုပ်သူတွေကနေတဆင့် အိမ်နီးချင်းထိုင်းနိုင်ငံမှ “ဝါး” အဆောက်အဦးတွေကို သွားရောက်လေ့လာပြီး မြေ (၄) ဧကကျယ်ဝန်းတဲ့ ဒီနေရာမှာ “ဝါး” အဆောက်အဦးကိုဆောက်ထားတာပါ။

အင်းလေးဒေသအနီးမှာ သဘောဝအလျောက်ပေါက်ရောက်နေတဲ့ ပန်းပွင့်ရဲ့ ပွင့်ဖတ်ကိုအခြေခံပြီး အဆောက်အဦး ဒီဇိုင်းရေးဆွဲထားတာပါ။ အမိုးကိုတော့ ကြံရည်ဆိုင်မှာစွန့်ပုံထားတဲ့ ညှစ်ပြီးသား ကြံဖတ် အပုံက ကြံဖတ်တွေကိုအခြေခံပြီး ထိုင်းဗိသုကာပညာရှင်က ဖန်တီးထားတာပါ။

စတင်ဆောက်လုပ်စဉ်က ထိုင်းနိုင်ငံသားပညာရှင်တွေနဲ့ ဒေသခံတွေပူးပေါင်းပြီး “ဝါး” တွေနဲ့ ကွန်ကရစ်တွေ ပေါင်းစပ်ဆောက်လုပ်ခဲ့တာပါ။
နောက်ပိုင်းမှာတော့ မူလဆောက်လုပ်ခဲ့ စဉ်ကနည်းပညာတွေနဲ့ဒီဇိုင်းကိုအခြေခံပြီး ဒေသခံတွေကိုယ်တိုင်ဆောက်လုပ်ထားတာပါ။
အခုဆိုရင် အဆိုပါမြေနေရာမှာ ဝါး အဆောက်အဦး (၅)ဆောင် ဆောက်လုပ်ပြီးနေပါပြီ။ တစ်ဆောင်ကိုတော့ ကျောင်းရုံးခန်းအဖြင့် ထားရှိပြီး၊ ကျန်အဆောင်တွေကိုတော့ စာသင်ဆောင်တွေအဖြစ် ထားရှိထားတာပါ။

အခုပညာသင်နှစ်အတွက် Grade 6 အတန်းအထိကျောင်းသားစုစုပေါင်းအယောက် ၁၆၀ ကျော်ကိုလက်ခံသင်ကြားပေးသွားမှာပါ။တစ်ခန်းမှာ စာသင်သား အရေအတွက်၂၅-၃၀ ယောက် သာသတ်မှတ်ထားပါတယ်။

အစိုးရကသတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေကို အခြေခံပြီး ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ်နဲ့ သင်ပေးသလို၊ ဥာဏ်ရည်ဖွံ့ဖြိုးဖို့၊ ကိုယ်ပိုင်ဖန်တီးမှုကောင်းဖို့နဲ့ ကိုယ်ကာယာကြံ့ခိုင်ဖို့အတွက် ပန်းချီ၊ ဂီတ အနုပညာနဲ့ အားကစားတွေကိုလည်း ကြပ်မတ်သင်ကြားပေးနေတာပါ။

ကျောင်းမှာ မုန့်ဈေးတန်း မထားသလို၊ ကျောင်းသားတွေအနေနဲ့ ထမင်းချိုင့်၊ဗူးတွေလည်း ယူလာခွင့် မရှိပါဘူး။ကျောင်းကဘဲ တာဝန်ယူကျွေးမွေးတာပါ။

ဒီကျောင်းကို အင်းလေးဒေသဝန်းကျင်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ “အင်းလေးဒေသ အမွေအနှစ် http://inleheritage.org/” အဖွဲ့က ဦးဆောင်တည်ထောင်ဖွင့်လှစ်ထားတာပါ။

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s