သွေးကင်ဆာဖြစ်နေတဲ့ လူနာကို HIV ပိုးရှိတဲ့ သွေးသွင်းမိကြောင်း ဘမ်ရွမ်ဂရက်ဆေးရုံဝန်ခံ

c1_1675312_620x413

မော်လမြိုင်၊ ၁၀ မေ ၂၀၁၉

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ဘမ်ရွမ်ဂရက်နိုင်ငံတကာဆေးရုံက ကင်ဆာဖြစ်နေတဲ့လူနာကို HIV ပိုးရှိတဲ့ သွေးသွင်းမိကြောင်းဝန်ခံခဲ့ပြီး လူနာကို ရာသက်ပန်အခမဲ့ဆေးကုသပေးဖို့ ကတိပြုခဲ့ပါတယ်။

အသက်၂၄နှစ်အရွယ် သွေးကင်ဆာလူနာကို HIV ပိုးရှိတဲ့ သွေးသွင်းမိကြောင်း ဘမ်ရွမ်ဂရက် ပုဂ္ဂလိကဆေးရုံရဲ့ စီမံခန့်ခွဲရေးတာဝန်ရှိသူတွေက မီဒီယာတွေကို အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

 

HIV ပိုးရှိတဲ့ သွေးကို ထိုင်းကြက်ခြေနီအဖွဲ့အစည်းရဲ့ အမျိုးသားသွေးဘဏ်က ရရှိခဲ့တာဖြစ်ပြီး အဲဒီသွေးဘဏ်ဟာ လှူထားတဲ့သွေးတွေကို သန့်စင်မှုရှိမရှိ အဆင့်မြင့်နည်းပညာတွေနဲ့ စစ်ဆေးတဲ့နေရာဖြစ်ကြောင်းကိုလဲ ဆေးရုံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သွေးသွင်းတာကနေ HIV ပိုးကူးစက်တာဟာ ဖြစ်နိုင်ခြေရှိပေမယ့် သိပ်ဖြစ်လေ့မရှိကြောင်းနဲ့ HIV ပိုးကူးစက်ခံထားရသူက Window Period အခြေအနေမှာ လာလှူမိမှသာ ဖြစ်နိုင်ခြေရှိကြောင်းကိုလဲ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ သွေးသွင်းဖို့လက်ခံတဲ့ လူနာတွေဟာလဲ ဒီအချက်ကို သိရှိကြောင်း တရားဝင် သဘောတူလက်ခံရပါတယ်။

အခု HIV ပိုးကူးစက်ခံလိုက်ရတဲ့ လူနာဟာ ၂၀၀၄ ခုနှစ် သူအသက် ၉နှစ်အရွယ်ကတည်းက အဲဒီဆေးရုံမှာ ဆေးကုသမှုစတင်ခံယူခဲ့တာဖြစ်ပြီး ကံဆိုးခဲ့တဲ့ ဒီလူနာကို ရာသက်ပန်အခမဲ့ ဆေးကုသပေးသွားမယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

Mawlamyine Daily

Ref: Bangkok Post

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s