လုံခြုံရေးလမ်းညွှန်စာရွက်ဖတ်ဖို့ ငြင်းဆန်တဲ့ ခရီးသည် လေယာဉ်ပေါ်မှ နှင်ချခံရ

4200

မော်လမြိုင်၊ ၉ မေ ၂၀၁၉

အဂါင်္နေ့က နယူးဇီလန်နိုင်ငံ ၀ယ်လယ်တန်မြို့ကနေ အော့လန်မြို့ကို ထွက်ခွာလာတဲ့ နယူးဇီလန်လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီးတဦးဟာ လေယာဉ်ပေါ်က အရေးပေါ်လုံခြုံရေးလမ်းညွှန်စာရွက်ကို ဖတ်ဖို့ ငြင်းဆန်တာကြောင့် လေယာဉ်ပေါ်က နှင်ချခံခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

လေယာဉ်အမှတ် NZ424 ပေါ်မှာ လိုက်ပါတဲ့ အမျိုးသမီးတဦးဟာ အရေးပေါ်ထွက်ပေါက်မှာ ထိုင်နေတာကြောင့် လေယာဉ်မယ်က အရေးပေါ်လုံခြုံရေးလမ်းညွှန်စာရွက်ကို ဖတ်ဖို့ ပြောခဲ့တာကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

အဲဒီလေယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်တဦးရဲ့ ပြောပြချက်အရ အဲဒီအမျိုးသမီးဟာ လေယာဉ်မယ်က အရေးပေါ်လုံခြုံရေးလမ်းညွှန်စာရွက်ဖတ်ဖို့ တောင်းဆိုတာကို ငြင်းဆန်ပြီး သူ့ရဲ့ ဖတ်လက်စစာအုပ်ကိုပဲ ဆက်ဖတ်နေတယ်လို့ ဆိုပါတယ်။

“လေယာဉ်မယ်လေးက ယဉ်ကျေးစွာတောင်းဆိုခဲ့တာပါ။ ဒါပေမယ့် သူနဲ့ သူ့အမျိုးသားနှစ်ဦးစလုံးက ငြင်းဆန်ပြီး နားကို လက်နဲ့တောင်ထိုးပိတ်ထားပါသေးတယ်။” လို့ လေယာဉ်ပေါ်က မျက်မြင်သက်သေတဦးက ဆိုပါတယ်။ သူတို့ကြောင့် လေယာဉ်ခရီးစဉ် နှောင့်နှေးကြန့်ကြာနေလို့ တခြားခရီးသည်တွေကပါ အရေးပေါ်လုံခြုံရေးလမ်းညွှန်စာရွက်ကို ဖတ်ဖို့ တိုက်တွန်းပေမယ့် သူတို့အတွဲကတော့ နောက်ဆုံးအချိန်ထိ ငြင်းဆန်ခဲ့တာလဲ ဖြစ်ပါတယ်။

နောက်ဆုံးတော့ လေယာဉ်မှူးဟာ လေယာဉ်ကို ပြန်လည်ဆင်းသက်ခဲ့ပြီး အဲဒီခရီးသည်ကို ဆက်လိုက်ခွင့် မပေးတော့ဘဲ လေယာဉ်ပေါ်က ချထားခဲ့ပါတယ်။ သူတို့ကို ချထားခဲ့တဲ့ ဂိတ်မှာလဲ ရဲတွေက အသင့်စောင့်နေခဲ့တယ်လို့ လေကြောင်းတာဝန်ရှိသူက ဆိုပါတယ်။

Mawlamyine Daily

Ref: Guardian

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s