မေလ ၃၁ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၁ မေ ၂၀၁၉   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါသည်။   ယနေ့ညနေအထိခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ နေပြည်တော်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။   မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။   … Continue reading မေလ ၃၁ရက်နေ့ မိုးလေဝသခန့်မှန်းချက်

Septic Shock ဆက်ပတစ်ရှော့ခ်

မော်လမြိုင်၊ ၃၁ မေ ၂၀၁၉   Septic shock ဘောက်ဆင်ချန်ပီယံ သေဆုံးရတဲ့အကြောင်းရင်းလို့ရေးထားတယ်။ ဆက်ပတစ်ရှော့ခ်ဆိုတာ ရောဂါပိုးဝင်ရာကနေထွက်တဲ့ အဆိပ်အတောက်တွေကြောင့်ဖြစ်တာပါ။ အသက်ကြီးသူတွေမှာ ခုခံအားနည်းနေလို့ သေဆုံးတဲ့အထိဖြစ်နိုင်တယ်။ ပိုးဝင်တိုင်း ရောင်ရမ်ဖြစ်စဉ်ဖြစ်တယ်။ အလွန်သေးငယ်လှတဲ့သွေးခဲလေးတွေဖြစ်လာတယ်။ အရေပါတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ မရှိမဖြစ်တဲ့ အောက်စီဂျင်မရဖြစ်လာနိုင်တယ်။ အဲဒီအစိတ်အပိုင်းက အလုပ်မလုပ်နိုင်ဖြစ်တာမယ်။ သွေးဖိအားကျဆင်းရာကနေ သေဆုံးရတယ်။ အထူးကုသဆောင်တွေမှာထားရတဲ့ လူနာတွေက အဲလိုနဲ့ ကွယ်လွန်ရတတ်တယ်။   ပိုးဝင်တာက တကိုယ်လုံးရောက်တာကို သွေးထဲပိုးဝင်တာလို့ခေါ်တယ်။ အရေပါတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆိုတာ ကျောကပ်လည်းပါတယ်။ ခြေလက်တွေမှာပိတ်ရင် တစ်ရှူးတွေသေမယ်။ (ဂင်ဂရင်း) လို့ခေါ်တယ်။ ဖြစ်တဲ့ခြေ-လက် ဖြတ်ပေးရတယ်။   ဖြစ်တဲ့အရေပြားမှာ အရောင်ပြောင်းလာမယ်။ ဆီးသွားတာနည်းလာမယ်။ စိတ်မကြည့်လင်ဖြစ်မယ်။ အသက်ရှူရ ခက်လာမယ်။ နှလုံးအလုပ်မမှန်ဖြစ်လာမယ်။ မြန်လာမယ်။ အားနည်းမယ်။ ကိုယ်အေးစက်လာမယ်။ ပိုးဆိုးတာတွေက ဗက်တီးရီးယား၊ ဖန်းဂတ်စ်နဲ့ … Continue reading Septic Shock ဆက်ပတစ်ရှော့ခ်