ဧပြီလ ၃၀ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၀ ဧပြီ ၂၀၁၉   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) "ဖန်နီ" (FANI)သည် သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee)၏ အရှေ့- အရှေ့မြောက်ဘက် မိုင်(၃၃၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၃၆၀)ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam) ၏ အရှေ့ တောင်ဘက် မိုင်(၄၂၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ သည်။ အဆိုပါ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားမည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက် ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ် အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ … Continue reading ဧပြီလ ၃၀ရက်နေ့ မိုးလေဝသခန့်မှန်းချက်

Essential Medicines မရှိမဖြစ်ဆေးများ

မော်လမြိုင်၊ ၃၀ ဧပြီ ၂၀၁၉ WHO Model Lists of Essential Medicines မရှိမဖြစ်ဆေးဝါးများစာရင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၁၉၇၇ ကတည်းက ၂ နှစ်တခါထုတ်ပြန်တယ်။ လူကြီးတွေအတွက်နဲ့ ကလေးတွေအတွက် ၂ မျိုးရှိတယ်။ (အေ-တူ-ဇက်) စာရင်းဖြစ်တယ်။ ဆင့်ပွါးစာရင်းထဲမှာ အထူးရောဂါရှာဖွေရေး၊ စောင့်ကြည့်ရေး လိုအပ်တာတွေ ပါဝင်တယ်။ ရည်ရွယ်တာက လူအများစုအတွက် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုမှာ ကျေနပ်မှုရစေဘို့နဲ့ အချိန်တိုင်းမှာ လုံလောက်အောင် ဖြည့်တင်းထားဘို့ ဖြစ်တယ်။ လူအများလက်လှမ်းမီနိုင်တဲ့ဈေးနှုန်းလည်း ဖြစ်ဘို့ဖြစ်တယ်။ နိုင်ငံပေါင်း ၁၅ဝ ကျော်မှာ ဆိုင်ရာနိုင်ငံအလိုက် မရှိမဖြစ်ဆေးဝါးစာရင်း လုပ်ထားကြတယ်။ သီအိုရီ ဒါမှမဟုတ် ကွန်ဆက်ပ်အယူအဆကို ၁၉၇၈ အယ်လ်မာတာကြေညာချက်ထဲထည့်ထားတယ်။ အလိုအပ်ဆုံး၊ အရေးအကြီးဆုံး၊ အစားထိုးမရ၊ လူအများအတွက် ကျန်းမာရေးလိုအပ်ချက်လို့ ဆိုလိုတယ်။ … Continue reading Essential Medicines မရှိမဖြစ်ဆေးများ