လူတွေပြုလုပ်ခဲ့တဲ့ ဖိလစ်ပိုင်က မဟော်ဂနီ တောအုပ်ကြီး

This slideshow requires JavaScript.

မော်လမြိုင်၊ ၂၇ ဧပြီ ၂၀၁၉

ဖိလစ်ပိုင်နိုင်ငံ ဘိုဟိုခရိုင် ဘီလာမြို့မှာ လွန်ခဲ့ ၂၀ရာစုလယ်လောက်ကတည်းက လူတွေစိုက်ပျိုးခဲ့တဲ့ မဟော်ဂနီတောအုပ်ကြီးဟာ ဘိုဟိုကို သွားရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ နေရာတခုပါ။

ဒေသတွင်း စိမ်းလန်းစိုပြေရေးအတွက် ဒီမဟော်ဂနီတောအုပ်ကြီးကို ဘိုဟိုခရိုင်က ကင်းထောက်အဖွဲ့က စတင်စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကျောင်းသားအဖွဲ့အစည်း တော်တော်များများလဲ ပူးပေါင်းပါဝင်ကာ သစ်ပင်တွေကို အတူတကွ စိုက်ခဲ့ကြတာပါ။

ဒီတောအုပ်ကြီးဟာ နှစ်ကီလိုမီတာ ရှည်လျားပြီး ဘီလာမြို့နဲ့ လိုဘော့မြို့နယ်နိမိတ် ထိစပ်နဲ့ နေရာမှာ စိုက်ပျိုးထားခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ဘိုဟို မှာ နာမည်ကြီးတဲ့ ချောကလက်တောင်ကုန်းတွေနဲ့ ကမ္ဘာ့အသေးဆုံးမျောက်ကလေးတွေ ရှိတဲ့နေရာတွေကို သွားရင် ဒီ မဟော်ဂနီ တောအုပ်ကြီးကို ဖြတ်သန်းပြီးသွားကြရတာပါ။ ဒီတောအုပ်နေရာကို ရောက်တိုင်းလဲ ကမ္ဘာလှည့်ခရီးသွားတွေသာမက ဒေသခံခရီးသွား အများစုကပါ လူတွေစိုက်ပျိုးခဲ့တဲ့ ဒီမဟော်ဂနီ တောအုပ်ကြီးနဲ့ အမှတ်တရ ဓာတ်ပုံတွေ ရိုက်လေ့ ရှိကြပါတယ်။

လမ်းတလျှောက်မှာ သစ်ပင်တွေ မျိုးစုံ ရှိကြပေမယ့် မဟော်ဂနီ တောအုပ်တန်းရောက်မှ ဘာလို့ ထူးခြားနေလဲဆိုရင်တော့ အမြင့်ညီညီ ဖြောင့်တန်းနေတဲ့ သစ်ပင်ကြီးတွေ၊ ဖြာထွက်နေတဲ့ အကိုင်းအခက်တွေ နဲ့ သစ်ရွက်ဒီဇိုင်းတွေကလဲ မဟော်ဂနီတောအုပ်ကို သိသာစေပါတယ်။ အောက်ခြေကို ကြည့်လိုက်ရင် ပင်စည်အရောင်ကြောင့် အညိုရောင် တရောင်တည်းဖြစ်နေပြီး မော့ကြည့်လိုက်ရင် အရွက်တွေနဲ့ စိမ်းစိုနေတဲ့ ကောင်းကင်ကြီးကြောင့်လဲ ဒီမဟော်ဂနီတောအုပ်ကို ဆွဲဆောင်မှုရှိစေပါတယ်။

ဒီတောအုပ်ကို ရောက်ပြီဆိုရင် ပြောင်းလဲသွားတဲ့ အပူချိန် (အထူးသဖြင့် ပူတဲ့အချိန်နဲ့ နွေရာသီမှာ) ကို သိသာစွာခံစားမိမှာပါ။ ဒီသစ်တောအုပ်က ထွက်သွားပြီဆိုရင်လဲ အပူချိန်ဟာ သိသိသာသာ ပူလာပါတယ်။ သစ်တောအုပ်အောက်မှာ ရှိနေစဉ်မှာတော့ အေးမြတဲ့ လေပြေကိုလဲ ခံစားရမှာပါ။

တခါတရံ မနီလာမြို့က ရုပ်ရှင်ရိုက်ကူးသူတွေဟာ ဒီတောအုပ်ကြီးကို အက်ရှင်ဇာတ်ကားတွေထဲမှာ ထည့်သွင်းရိုက်ကူးလေ့ရှိပါတယ်။ တချို့တောင်တက်ဝါသနာပါသူတွေနဲ့ တောကြမ်းစက်ဘီးစီး ၀ါသနာအိုးတွေကတော့ ဒီတောအုပ်ကြီးထဲကို ဖြတ်ပြီး တောင်တက်ကြပါတယ်။

Mawlamyine Daily

Ref: Bohol-Philippines

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s