ပြင်သစ်နိုင်ငံက ရှေးဟောင်းသမိုင်းဝင် Notre-Dame ဘုရားကျောင်း မီးလောင်မှုဖြစ်ပွား

This slideshow requires JavaScript.

မော်လမြိုင်၊ ၁၆ ဧပြီ ၂၀၁၉

တနလာင်္နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရဲ့ သင်္ကေတတွေထဲက တခုဖြစ်တဲ့ ရှေးဟောင်း သမိုင်းဝင် Notre-Dame ဘုရားကျောင်းမီးလောင်ပျက်စီးခဲ့ပြီး ဘုရားကျောင်းရဲ့ ပင်မအဆောက်အဦးနဲ့ မျှော်စင်၂ခုကို မပျက်စီးအောင် ကြိုးစားနိုင်ခဲ့ပေမယ့် အကြီးအကျယ်လောင်ကျွမ်းခဲ့တဲ့မီးကြောင့် ပျက်စီးမှု အတော်များခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့အကြီးအကဲ Jean-Claude Gallet က ပြောပါတယ်။

၁၂ရာစုနှစ်တကည်းက တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၈၅၀ကျော်သက်တမ်းရှိတဲ့ ဒီဘုရားကျောင်းမီးလောင်မှုမှာ ခေါင်မိုးကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အမိုးတခုလုံးရဲ့ ၃ပုံ၂ပုံ ပျက်စီးသွားကာ အမြင့်ဆုံးအပိုင်းဖြစ်တဲ့ စုလစ်မုချွန်း ပြိုကျသွားခဲ့ပါတယ်။ ဒီမီးလောင်မှုကို မီးသတ်သမားပေါင်း ၅၀၀ခန့်နဲ့ ၅နာရီနီးပါးကြာအောင် ငြိမ်းသတ်ခဲ့ရတာဖြစ်ပြီး မီးစတင်လောင်ကျွမ်းရခြင်းအကြောင်းကိုတော့ စတင်စုံစမ်းနေပြီဖြစ်ပါတယ်။ ဒေသစံတော်ချိန် ညနေ ၆နာရီခွဲလောက်မှာ စတင်လောင်ကျွမ်းခဲ့တဲ့ ဒီမီးလောင်မှုကြောင့် အသက်သေဆုံးသူ မရှိခဲ့ပေမယ့် မီးသတ်သမားတဦးတော့ အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron ကတော့ “စစ်ပွဲကို မနိုင်ခဲ့ပေမယ့် အဆိုးဆုံးအပိုင်းကိုတော့ ကျော်လွှားနိုင်ခဲ့ပြီ” လို့ မီးလောင်မှုနဲ့ ပတ်သက်ပြီး ပြောခဲ့သလို Notre-Dame ဘုရားကျောင်း ကိုလဲ ပြန်လည်ပြင်ဆင်တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

“ဒီနေရာဟာ  ကျွန်တော်တို့အားလုံးရဲ့ အရေးပါအရာရောက်ပြီး အကြီးမားဆုံး အမှတ်တရတွေ ရှိခဲ့တဲ့နေရာဖြစ်သလို ပြင်သစ်နိုင်ငံသားအားလုံးရဲ့ ဘုရားကျောင်းလဲ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

အမေရိကန်သမ္မတ Donald Trump ကလည်း Notre Dame ဘုရားကျောင်း မီးအကြီးအကျယ် လောင်ကျွမ်းနေတာကို မြင်တွေ့ရတဲ့အတွက် စိတ်မချမ်းမသာ ဖြစ်ရကြောင်း သူ့ရဲ့ Twitter စာမျက်မှာကနေ ရေးသားခဲ့ပါတယ်။

အခုမီးလောင်ခဲ့တဲ့ Notre Dame ကက်သလစ်ဘုရားကျောင်းကြီးဟာ ဥရောပမှာ ကမ္ဘာလှည့်ခရီးသွား အများဆုံး သွားရောက်ကြည့်ရှုတဲ့ သမိုင်းဝင်အဆောက်အဦး တွေထဲက တခုဖြစ်ပြီး နှစ်စဉ်လူ ၁၃ သန်းလောက် သွားရောက်ကြည့်ရှုတဲ့ နေရာလည်း ဖြစ်ပါတယ်။ ၁၂ ရာစုက စတင်တည်ဆောက်ခဲ့တဲ့ ဒီဘုရားကျောင်းကြီးဟာ နာမည်ကျော် စာရေးဆရာ Victor Hugo ရဲ့ ဂန္ဒဝင်မြောက် ဝတ္တုတပုဒ်ဖြစ်တဲ့ Hunchback of Notre-Dame ဇာတ်အိမ်တည်ရာ နေရာလည်း ဖြစ်ပါတယ်။

Mawlamyine Daily

Ref: NYTimes

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s