ချင်းမိုင်မှာ ဇစ်လိုင်းစီးရင်း မတော်မဆဖြစ်ကာ ကနေဒါနိုင်ငံသားတဦး သေဆုံး

This slideshow requires JavaScript.

မော်လမြိုင်၊ ၁၄ ဧပြီ ၂၀၁၉

အသက် ၂၅ နှစ်အရွယ် ကနေဒါနိုင်ငံသားတစ်ဦးဟာ ချင်းမိုင်မြို့မှာ ဇစ်လိုင်းစီးရင်း မတော်မဆဖြစ်ကာ မနေ့က သေဆုံးခဲ့ပါတယ်။ သူဟာ မယ်ခမ်ပွန် က Flight of the Gibbon rainforest စွန့်စားခန်း က ဇစ်လိုင်းစီးရင်း လုံခြုံရေး ချိတ်ပြတ်ကာ မီတာ ၅၀ အနက်ကနေ ချောင်းထဲကို ပြုတ်ကျသေဆုံးခဲ့တာလို့ ရဲတွေက ပြောဆိုပါတယ်။

Flight of the Gibbon စီမံခန့်ခွဲရေးအဖွဲ့ကတော့ မတော်မဆမှုကို အပြည့်အဝတာဝန်ယူမှာဖြစ်ပြီး သေဆုံးသူရဲ့ ကျန်ရစ်သူမိသားစုကိုလဲ လျော်ကြေးတွေ ပေးသွားမှာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

Flight of the Gibbon ကစားခြင်းကို ၂၀၁၆ ခုနှစ်က အစ္စရေးနိုင်ငံသား ၃ဦး ထိခိုက်ဒဏ်ရာရပြီးနောက် ခဏတာ ပိတ်ခဲ့ရပါသေးတယ်။ ၂၀၁၅ ခုနှစ်တုန်းကလည်း Skyline Adventure နဲ့ Flying Squirrels ဇစ်လိုင်းတွေ မတော်မဆဖြစ်ပြီး တရုတ်နိုင်ငံသား နှစ်ဦး သေဆုံးသလို Flying Squirrels ဇစ်လိုင်းမတော်မဆမှုနဲ့ တရုတ်နိုင်ငံသားတဦး ဒဏ်ရာရခဲ့ပါသေးတယ်။

မနေ့က ကနေဒါနိုင်ငံသား မတော်မဆမှုမှာတော့ လုံခြုံရေးချိတ်ဟာ မြေပြင်ပေါ်ကနေ စတင်ထွက်ခွာပြီး မကြာခင်မှာပဲ ပြတ်ထွက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒါ့အပြင် လုံခြုံရေး ကိရိယာတွေဟာ သေဆုံးသွားတဲ့ ကနေဒါနိုင်ငံသားရဲ့ ကိုယ်အလေးချိန်ကို ထိန်းမထားနိုင်ခဲ့တာဖြစ်နိုင်တယ်လို့လဲ ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။ မီဒီယာတွေမှာတော့ သေဆုံးသူရဲ့ ကိုယ်အလေးချိန်ဟာ အမြင့်ဆုံးရှိရမယ့် ကိုယ်အလေးချိန်ထက်များပြီး ၁၈၀ကီလိုဂရမ်လောက်ရှိတယ်လို့ ဖော်ပြနေကြပေမယ့် မိသားစုကတော့ သေဆုံးသူရဲ့ ကိုယ်အလေးချိန်ဟာ ၁၂၅ ကီလိုဂရမ် (၂၇၅ပေါင်) ခန့်သာ ရှိတယ်လို့ ဆိုပါတယ်။

The Flight of the Gibbon ရဲ့ ၀က်ဆိုဒ် စာမျက်နှာမှာတော့ ကိုယ်အလေးချိန် ၁၂၅ ကီလိုဂရမ် ကျော်ရင် စီးနင်းခွင့် မပြုဘူးလို့ ဖော်ပြထားပါတယ်။

Mawlamyine Daily

Ref: The Nation

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s