“သုံးရာသီရဲ့ပန်း”

မော်လမြိုင်၊ ၁၀ ဧပြီ ၂၀၁၉
(ကဗျာ)
 
 
မြိုင်မာလာ – ခိုင်ညှာမြ
လှိုင်ဖြာကျ – ထိန်ဝါ
ကြိုင်ပါလှ – သိင်္ဂါရည်
ချိန်ခါမီ – ပျံ့သင်း ။
ရွှေပိတောက် – ပန်းတော်ဝင်ရယ်
နန်းမဟော်တွင် – ဆင်းလဲ့လဲ့ဝင်း ။
 
 
ဝသန်လ – ရူပကြွယ်ရှာ
ဖြူလွစံပယ် – ထွေခင်း ။
တူစွကွယ် – ငွေအဆင်းနဲ့
မြေတလင်း – ဝင့်ဖြာ ။
ပွင့်ချပ်ဝေ – ပွင့်စုံလှပ်ပါလို့
ဆင့်ပုံထပ် – သင်းပျံ့လေမှာ ။
 
ဆောင်းတစ်ကွေ့ – ငွေနှင်းဖြာလျှင်
ဆွေရင်းချာ – သဇင်ပန်းတို့
အဆင်လန်း – ဆန်းတင့်ပင်ယံ
ကမ်းလင့်ချင်ပြန် ။
အလွမ်းသင့် – မြင်သဏ္ဌာန်ရယ်
သွင်မမှန် – မှိုင်းဝေပေါ့လေး ။
 
အောင်ပန်း ( ဂန္ထဝင် )
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s