“ ပန်းပိတောက်နဲ့မောင့်ချစ်သူ ”

မော်လမြိုင်၊ ၉ ဧပြီ ၂၀၁၉
(ကဗျာ)
 
မိုးပေါက်ပေါက်စွေ
ပန်းပိတောက်ဝေ ပင်လုံးဖွေး ။
လူညိုမောင် – ပျို့ချစ်ဦးရယ်
ခူးပါလှည့်လေး ။
 
မင်းပန်ဖို့ရာ
မောင်ခူးလာ ပေးမယ်မနှေး ။
ပိတုန်းရောင် – ကေသာနန်းမှာ
မြန်းဆင်ကွယ့်လေး ။
 
ပွင့်ဖတ်ကဝါ
စိမ်းမြညှာ လိုက်ဖက်သေး ။
ပန်းတော်ဝင် – ဂုဏ်သိန်အဆင်းနဲ့
သင်းလှတယ်လေး ။
 
ပန်းကြိုက်တဲ့သူ
နွဲ့ဟန်မူ နုနုထွေး ။
ပိတောက်နဲ့ယှဉ် – မင်းပိုချောတယ်
တောသူမလေး ။
 
စကားမြင်းမိုရ်
ချစ်သူပျို မယုံနိုင်သေး ။
တိမ်ကိုပင် – ဆောင်သယ်နှင်းမယ်
ကြိမ်ဆိုရင် – မောင်ဘယ်မငြင်းပါ
မင်းယုံတော့လေး ။
 
အောင်ပန်း ( ဂန္ထဝင် )
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s