ကိုကာကိုလာ ပါရာစီတမော ဒူးရင်းသီး

This slideshow requires JavaScript.

မော်လမြိုင်၊ ၉ ဧပြီ ၂၀၁၉
 
သူများတွေ တင်ထားတာတခု အခုပဲ တွေ့ပါတယ်။ ကျွန်တော့်မှာ ဆေးကြော်ငြာတွေနဲ့လည်း ရန်ဖြစ်ရ၊ ကျန်းမာရေး သတိပေးစာတွေနဲ့လည်း အတိုက်အခံ ပြုနေရတယ်။ အလည်ပြန်ရင် အဲလိုလူတွေက ရန်ပြုကြမလား မသိပါ။ မတတ်နိုင်။ အသိပညာအစစ်အမှန်ကိုသာ တန်ဖိုးထားသူတွေက ပိုများလို့ ထမင်းဖိတ်ကျွေးမဲ့သူတွေက မနည်းပါ။
 
Ibuprofen အိုင်ဘူပရိုဖင်ဆေးနဲ့ Coca-Cola တွဲသောက်ရင် ဘာဖြစ်မလဲ
 
ဆေးကို အစာလမ်းကနေ စုပ်ယူနိုင်စွမ်းများစေတယ်။ ဒါပေမဲ လူကို ဒုက္ခပေးလောက်အောင် မဆိုးပါ။
 
Acetaminophen ခေါ် Tylenol ခေါ် ပါရာစီတမောဆေးနဲ့ Coca-Cola တွဲသောက်ရင် ဘာဖြစ်မလဲ
 
Chemical Research in Toxicology ဓါတုအဆိပ်ဖြစ်သုတေသနက ၁၅-၁၀-၂၀၀၇ နေ့ကထုတ်ပြန်ထားတာရှိတယ်။ Caffeine ခေါ် ကေဖင်းဓါတ်များများပါတဲ့ သောက်စရာတွေနဲ့ Acetaminophen ခေါ် ပါရာစီတမောဆေးနဲ့တွဲသောက်ရင် အသဲကိုထိခိုက်စေနိုင်တယ်။ ဓါတ်ပြုမှုကနေထွက်တဲ့ အင်ဇိုင်းတမျိုးကြောင့်ဖြစ်တယ်။ အရက်နဲ့ ပါရာစီတေမာ တွဲသောက်ရင်လည်း အဲတာထွက်တယ်။ သုတေသနပြုသူတွေက ဝန်ခံချက်လည်းပေးပါတယ်။ ပါရာစီတမောကလည်း များများနဲ့ ကေဖင်းပါတာလည်းများမှသာ အဆိပ်သဘောဖြစ်စေပါမယ်တဲ့။
 
ဒူးရင်းသီးနဲ့ ကိုကာကိုလာတွဲပြီး စားသောက်ရင် သေတယ်လို့ပြောတာ မဟုတ်ကြောင်း ယူကျုမှာ စားသောက်ပြတဲ့ ဗီဒီယို ရှိပါတယ်။
 
Mythbusting: Durian + coke = death? https://www.youtube.com/watch?v=zDxn5Ag4SZ0
 
Durian ဒူးရင်းသီးနဲ့ ကျန်းမာရေး https://doctortintswe.blogspot.com/2015/03/durian.html
 
အသိပညာပေးလိုတဲ့စေတနာမှာ ပညာမပါရင် သူများတွေကို ဒုက္ခပေးရာကျတယ်။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s