ပြည့်တန်ဆာခန်းတွေ ဘယ်လိုစခန်းသွားနေကြသလဲ

မော်လမြိုင်၊ ၁၂ မတ် ၂၀၁၉
 
န်ကုန်တိုင်းဒေသကြီးမှာ တရားမဝင်ပြည့်တန်ဆာခန်းတွေဟာ ခေတ်အဆက်ဆက်တိုင်းမှာ ပုန်း၍တစ်မျိုး ကွယ်၍ တစ်သွယ် ပေါ်ပေါ်ထင်ထင်တစ်ကဏ္ဍ သိသိသာတစ်ခါ မသိမသာတစ်လှည့် ရှိနေခဲ့ကြတာဖြစ်ပါတယ်။
 
သို့သော်ငြားလည်းပဲ အုံနဲ့ကျင်းနဲ့ နိုင်ငံသိ ကမ္ဘာသိ ပွက်ပွက်ညံအောင် ပေါများခဲ့တာကတော့ ၂၀၀၀ ခုနှစ်ကနေ လက်ရှိ ၂၀၁၉အထိ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပိုလို့ပင် ကမ္ဘာသိ ပေါများစွာ ပေါ်ထွန်းခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်းက အစိုးရစီမံချက်တွေနဲ့ ရှင်းလင်းခဲ့တဲ့ ကျောက်တံတားမြို့နယ် ဘားလမ်းအနီးတစ်ဝိုက် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးအနီးတစ်ဝိုက် နဲ့ စမ်းချောင်းမြို့နယ် ပဒုမ္မာကွင်း အနီးတစ်ဝိုက်တွေဟာဆိုရင် ကမ္ဘာအထိ နိုင်ငံတကာက တိုးရစ်တွေအထိ ထိုင်းနိုင်ငံပြီးရင် ပြည့်တန်ဆာတွေ နဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ အပေါများဆုံး ဒုတိယပက်ပုန်းဆိုပြီး နာမည်ကြီးခဲ့တာပါ။
 
အဲသည်လုပ်ငန်းတွေဟာ စီးပွားရေးပိတ်ဆို့ခံရပြီး တံခါးပိတ်ဝါဒကျင့်သုံးခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှု ပညာရေးနိမ့်ကျမှု စားဝတ်နေရေးအခက်အခဲပေါင်းများစွာကို မီးမောင်းထိုးပြသလို လင်းကနဲ ရှင်းကနဲ ထိုးပြခဲ့တာပါ။ဒီပြဿနာတွေဟာ စီးပွားရေးကျပ်တည်းတဲ့ စစ်အစိုးရလက်ထက် နဲ့ ဘောင်းဘီချွတ် အရပ်သား တစ်ပိုင်း အစိုးရလက်ထက်တွေမှာ အလွန်ကို အားကောင်းမောင်းသန်နဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့တာပါ။ အရပ်သား တစ်ပိုင်း အစိုးရလက်ထက်မှာတော့ စီမံချက်တွေနဲ့ ရှင်းလင်းခဲ့အပြီးမှာ ပြည့်တန်ဆာလောကဟာ အနည်းငယ် အသံတိတ်ဆိတ် ငြိမ်သက်သွားခဲ့ပါတယ်။ရန်ကုန်တိုင်း မန္တလေးတိုင်း နေပြည်တော် မော်လမြိုင် ပြင်ဦးလွင် မြဝတီမြို့နယ်တွေအထိ ခြေဆန့်ပြီး ရှင်းလင်းခဲ့အပြီးမှာ ပေါ်ပေါ်ထင်ထင် ပြည့်တန်ဆာလုပ်ငန်းတွေ အတော်များများဟာ ဖုန်ထူထူလှည်းလမ်း ကို ရေနဲ့ဖျန်းလိုက်သလို ငြိမ်ချက်သားကောင်းခဲ့ပါတယ်။
 
အခု လက်ရှိ အင်န်အယ်လ်ဒီ ပြည်သူ့အစိုးရလက်ထက်မှာတော့ ပြည့်တန်ဆာလုပ်ငန်းတွေ ပြည့်တန်ဆာတွေဟာ သွေးစုပ်ဖုတ်ကောင်တွေလို ပြန်လည်ပြီး အသက်ဝင် ရှင်သန်ထမြောက်လာခဲ့ကြပါတယ်။အရင်အစိုးရပေါင်းများစွာတို့ ခေတ်အဆက်ဆက်မှာထက်ကို ပေါ်ပေါ်ထင်ထင်ကြီး မြင်သာထင်သာ ဖွင့်လှစ်လာခဲ့ကြပြီး ပြည့်တန်ဆာခန်းများ မာဆတ်ခန်းများ ကေတီဗွီများ အချိန်ပိုင်းတည်းခိုခန်းများ ဟိုတည်များဟာ အစည်ကားဆုံး နေရာများ ဖြစ်လာကြတယ် လို့ ဆိုရမှာပါ။ဥပမာ ပြရရင် ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းမကြီး အလယ်ဘလောက်မှာ အင်န်အယ်ဒီ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များရုံးနဲ့ ဘေးချင်းကပ်လျက်မှာတင် ပေါ်ပေါ်ထင်ထင်ဖွင့်လှစ်ထားနိုင်လာတာမျိုးကို တွေ့ရပြီး အပေါ်ဘလောက် ပန်းဆိုးတန်းတံတားကြီး စာပေလာကနဲ့ အနီးတဝိုက် မျက်နှာချင်းဆိုင်နေရာ အဆင်းထိပ်အနားမှာဆိုရင်လည်း နေ့ရောညပါ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ထားနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ လသာမြို့နယ်မှာ ဆိုရင်လည်း သိမ်ကြီးဈေးဒီရုံမှာ တစ်ဆိုင် ၂၂လမ်းအောက်လမ်းမှာတစ်ဆိုင် လသာလမ်းမကြီးပေါ်က လသာနယ်မြေရဲစခန်းနဲ့ အနီးတစ်ဝိုက် အပေါ်လမ်းမှာတစ်ဆိုင် လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ မီးပွိုင့်တစ်ခုခြား လသာအောက်လမ်း သမဝါယမရုံးနားမှာတစ်ဆိုင် လမ်း၂၀မှာဆိုရင်လည်း လသာမြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဘေးကပ်လျက် လသာမြို့နယ် အခြေခံမူလတန်းကျောင်းရှေ့တည့်တည့်မှာ တစ်ဆိုင် လမ်းထိပ်မှာ တစ်ဆိုင် ၁၇လမ်း ၁၈လမ်းမှာ ဆိုရင်လည်း လသာမြို့နယ် အင်န်အယ်ဒီ မြို့နယ်ရုံးခန်း အနီးအနားတဝိုက် ၁၇လမ်း အောက်လမ်းထဲမှာ ၂ဆိုင်ရှိနေပြီး လသာမြို့နယ်အပိုင်ဘက်ခြမ်း သံဈေးမှာလည်း ၂ဆိုင်ရှိနေပြီး ရန်ကုန်တိုင်း ဒေသကြီးရဲ့ အလယ်ဗဟိုချက်မဖြစ်တဲ့ လသာမြို့နယ် တရုတ်တန်း တစ်ခုတည်းမှာတင် တရားမဝင် ပြည့်တန်ဆာခန်းတွေဟာ ဆယ်ဆိုင်တိတိ ဖွင့်လှစ်ထားနိုင်တာပါ။
 
ဒီလိုကိစ္စတွေကို သက်ဆိုင်ရာမြို့နယ်တွေက နယ်မြေရဲစခန်းတွေ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေ မြို့နယ် စည်ပင်ဌာတွေ မြို့နယ်တစ်ခုလုံးကို ကိုယ်စားပြုပြီး ပြည်သူလူထုများက ရွေးကောက်တင်မြှောက်ထားတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ နဲ့ တိုင်းဒေသကြီး အုပ်ချုပ်ရေးအာဏာပိုင်းများက မသိဘူးဆိုတာ ဖြစ်နိုင်ပါမလား ဆိုတာ စဉ်းစားရ အလွန်ပဲ ခက်လှတာဖြစ်ပါတယ်။တရားမဝင် ပြည့်တန်ဆာခန်းများရဲ့ ဝင်ငွေများဟာ မက်မောလောက်စရာ ဖြစ်သလို ပြည့်တန်ဆာခန်းများထံက ရရှိကြတဲ့ အကျိုးအမြတ်များ တရားမဝင်လိုင်းကြေးများ ထောက်ပံ့ငွေကြေးပစ္စည်းများ ဟာလည်း အလွန်အင်မတန်မှ နည်းပါးလွန်းတဲ့ လစာရိက္ခာများနဲ့ အသက်ဆက်ရှင်သန်ရုန်းကန်နေကြရတဲ့ နိုင်ငံတော်ရဲ့ ပြည်သူ့ဝန်ထမ်းများအတွက်တော့ အသက်ရှူပေါက်တစ်ခုအဖြစ် ကောက်ရိုးတစ်မျှင်အဖြစ် ရှိနေတာ ဖြစ်ပါတယ်။ ဒီလို တရားမဝင် ပြည့်တန်ဆာလုပ်ငန်းများမှာ အဂတိလိုက်စားမှုများဟာလည်း အုံနဲ့ကျင်းနဲ့ကို ရှင်းမရ နိုင်လောက်တဲ့အထိ နိုင်ငံဝန်ထမ်းများဟာ ပါဝင်ပါတ်သက်မှုတွေ ရှိနေတာဖြစ်ပါတယ်။
 
ဥပမာ ပြည့်တန်ဆာခန်းတွေက လစဉ်ပေးနေကြရတဲ့ လိုင်းကြေးငွေဟာ အနည်းဆုံး တစ်ဆိုင်ကို တစ်ဆယ့်ငါးသိန်း အများဆုံး သိန်းနှစ်ဆယ်ခန့်အထိ ရှိနေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် ရဲစခန်းများ ရဲကင်းများ လှည့်ကင်းများ မီးတန်းကားများ အပိုင်နယ်ထိန်းများ နယ်ထိန်းအင်ချပ်များ ဒုရဲအုပ်များ စခန်းမှူး ဒုစခန်းမှူးများ မြို့နယ်မှူး ဒုမြို့နယ်မှူးများ ခရိုင်မှ မှုကူ အကူ(၁-၂-၃) ဒနအဖွဲ့ဝင်များ လူကုန်ကူး ဒေသ(၄) စီအိုင်ဒီ အက်ဘီ (စစစ)စသုံးလုံး မူးယစ်အထူးအဖွဲ့များ ထလရ(နိုင်) စသည်ဖြင့် သက်ဆိုင်ရာ နယ်မြေအလိုက် တစ်ဦးကို အနည်းဆုံး တစ်သောင်းကျပ်နှုန်းမှ တစ်သိန်းကျပ်နှုန်းအထိ လိုင်းကြေးပေါက်ဈေးတွေ ရှိနေပြီး လစဉ်တိုင်း လစဉ်တိုင်းမှာ ပြည့်တန်ဆာခန်း တစ်ဆိုင်ချင်းက ရာထူးနာမည် အတိုကောက်လေးတွေ တဲ့ လိုင်းကြေးပေးသူတို့ရဲ့ အမည်များ ဆက်သွယ်ရန်ဖုန်းနံပါတ်များကို စာအိတ်များပေါ်မှာ ရေးသားပြီး စာအိတ်တွေထဲမှာ လိုင်းကြေးငွေများကို ထည့်သွင်းပြီး တရားမဝင် အဆက်အသွယ်လုပ်နေကြတာပါ။ ဥပမာ လသာမြို့နယ်က လိုင်းကြေး တစ်သောင်းကျပ် ရရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာဆိုရင် တစ်လကို တစ်ဆိုင် တစ်သောင်းကျပ်နှုန်းနဲ့ အနည်းဆုံး ဆယ်ဆိုင်ဆိုရင် တစ်သိန်းကျပ် ကို လစဉ်ဝင်ငွေအဖြစ် ရရှိနေပြီး ကြားပေါက်အဖြစ် ဖုန်းဘေလ်ထည့်ခိုင်းတာ အရက်တိုက်ခိုင်းတာ စားစရာ သောက်စရာ ရေသန့် အအေး ဘီယာ သင်တန်းကြေးများ ခရီးထွက်ရင် လမ်းစရိတ်များ တရားခံဖမ်းရင် တရားခံဖမ်း လမ်းစရိတ်များ ကားများ တက်စီများ လူမိုက်များ ဆိုင်ဝန်ထမ်းအကူအညီများ စသည်ဖြင့် အစစ အရာရာ လိုလေသေးမရှိအောင် အခွင့်အရေးတွေ ရရှိနေကြတာ ဖြစ်ပါတယ်။
 
အမှန်တကယ်တော့ ဒီလို ပြည့်တန်ဆာလုပ်ငန်းတွေဟာ အခုလို တရားဝင်သလိုလို တရားမဝင်သလိုလို နဲ့ တရားမဝင် လွှတ်ပေးထားထားတာဟာ အလွန်အင်မတန်မှကို နိုင်ငံတော်အတွက် အန္တရယ်များလွန်းတာဖြစ်ပါတယ်။ ဒီလို တရားမဝင် ပြည့်တန်ဆာခန်းတွေဟာ တရားမဝင်ဖွင့်လှစ်နေကြတာ ဖြစ်တဲ့အတွက် (၁) နိုင်ငံတော်က ရရှိမယ့် အခွန်ငွေ ဘီလီယံနဲ့ချီပြီး ဆုံးရှုံးနေတာဖြစ်ပါတယ်။ (၂) ခိုးပြီးဖွင့်လှစ်ထားကြတာဖြစ်တဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုကို နိုင်ငံတော်နဲ့ ကျန်းမာရေးဝန်ကြီးဌာနကနေ တရားဝင် ထောက်ပံ့ပေးတာ စောင့်ရှောက်ပေးတာ ကြည့်ရှုစစ်ဆေးပေးတာ သွေးစစ် ဆီးစစ် ဆေးစစ် စသည်ဖြင့် ပြုလုပ်ပေးနိုင်ခြင်း မရှိပါဘူး။ ဒါအပြင် ဒီလို ပြည့်တန်ဆာ ခန်းတွေဟာ ဒီတိုက်ခန်း ဒီနေရာ ဒီအခန်း ဒီမွေ့ယာတစ်ခုပေါ်မှာပဲ အမျိုးသမီးငယ်များစွာ နဲ့ အမျိုးသားများစွာတို့ဟာ ပတ်သက်စပ်ယှက်ကြတာဖြစ်တဲ့အတွက် ကျန်းမာရေးရှုထောင့်ကကြည့်ရင် အင်မတန်မှကို ကြောက်စရာ ကောင်းလောက်အောင် တစ်မျိုးသားလုံးကို ခြိမ်းခြောက်နေတဲ့ ရောဂါပေါင်းများစွာကို ဖြန့်ဖြူးပေးနေရာ မွေးဖွားပေးနေရာ ဖြန့်ချီထုတ်လုပ်နေရာ ရောက်နေတာဖြစ်ပါတယ်။ အကယ်၍သာ ဆေးစစ် သွေးစစ် ဆီးစစ်ထားခြင်း မရှိတဲ့ အမျိုးအသမီးငယ်တစ်ဦး သို့မဟုတ် လာရောက်လည်ပတ် အပမ်းဖြေသော ဧည့်သည်တစ်ဦးမှာသာ ပျံ့နှံ့လွယ် ပြန့်ပွားလွယ်သော ရောဂါတစ်ခုခုရှိနေခဲ့ရင် သေချာပေါက် ကိုးဆယ့်ကိုးရာခိုင်နှုန်းဟာ ပျံ့ပွားပြီးသား ဖြန့်ချီပြီးသား အနေအထားကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ ထိုမှတဆင့် သူတို့ ပတ်ဝန်းကျင်မှလူများ မိသားစုများမှအစ တစ်စ တစ်စ တစ်နိုင်ငံလုံးအထိ ပျံ့နှံ့ရောက်ရှိသွားနိုင်တာဖြစ်ပါတယ်။ ချောင်းဆိုးပန်းနာရင်ကျပ် တုပ်ကွေးရောဂါ တီဘီရောဂါ ငှက်ဖျားရောဂါ ပလိပ်ရောဂါ ဆစ်ဖလစ်ရောဂါ(ကာလသားရောဂါ) ဂနိုရောဂါ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် အသည်းရောင်အသားဝါ ဘီပိုး စီပိုး ပွေး ဝဲ ညှင်း ဒက် အရေပြားရောဂါများ အနာကြီးရောဂါများ စသည်ဖြင့် များစွာသော ရောဂါပိုးများကို သားဖောက်ဖြန့်ချိရာ နေရာများလို ဖြစ်နေတာဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုပြောဆိုနိုင်ရသလဲ ဆိုရင် ပြည့်တန်ဆာခန်းများမှာ မိတရာသား ဖတရာသားများ များစွာရှိနေတာ လာရောက် လည်ပတ်နေတာဖြစ်ပြီး ခိုးဝှက်ဖွင့်လှစ်နေကြရတာဖြစ်တဲ့အတွက် အစားအသောက် မသန့်ရှင်းမှု ရေမသန့်ရှင်းမှု ကြွက် ခြင် ယင် ကြမ်းပိုးများ ပေါများမှု ပြည့်တန်ဆာမှုပြုလုပ်သော တစ်ယောက်စာအခန်းငယ်များ မွေ့ယာများ အခင်းများ ခန်းစီးများ လိုက်ကာများဟာ သန့်ရှင်းမှု နည်းပါးတာဖြစ်တဲ့အတွက် ကျန်းမာရေးအတွက် အလွန်အင်မတန်မှကို အန္တရာယ် ကြီးမားလွန်းတဲ့နေရာများ ဖြစ်နေတာဖြစ်ပါတယ်။ ဒါကို သက်ဆိုင်ရာ စည်ပင်ဌာနများ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများ ကျန်းမာရေးဝန်ကြီးဌာနများ တိုင်းဒေသကြီးအုပ်ချုပ်ရေးအဖွဲ့အစည်းများ လူမှုအဖွဲ့အစည်း အသင်းများက တရားဝင် ကူညီပေးခြင်းများ မရှိပေမယ့် နိုင်ငံတကာမှာ အင်ဂျီအိုများ အိုင်အင်ဂျီအိုများက လာရောက် ထောက်ပံ့ခြင်း စစ်ဆေးပေးခြင်း နှင် အမျိုးသမီးသုံး အမျိုးသားသုံး အဖော်များကို အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ချိပေးခြင်း သူတို့ရဲ့ ဌာနေရုံးခန်းများ ရုံးချုပ်များသို့ ပြည့်တန်ဆာလုပ်ငန်းလုပ်ဆောင်သူ အပျော်မယ်များ အမျိုးသားဝန်ထမ်းများကို ခေါ်ယူပြီး ပညာပေးခြင်း ဆေးပေးခြင်း သီချင်းဆိုခြင်း ရုပ်ရှင် ဗွီဒီယိုဇာတ်လမ်းများ ပြသခြင်း စသည့် နည်းလမ်းများဖြင့် ကူညီလုပ်ကိုင်ပေးခြင်းများ ရှိနေသဖြင့် အနည်းငယ် ခုသာခံသာ ရှိနေခြင်းပင် ဖြစ်သည်။ (၃) ထိုကဲ့သို့ ပြည့်တန်ဆာခန်းများကို တရားဝင်သလိုလို မဝင်သလိုလိုနှင့် တရားမဝင် သတ်မှတ်ထားခြင်းကြောင့် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ အမျိုးသား အမျိုးသမီး လုပ်သားများမှာ အလုပ်ချိန် ၂၄နာရီဖြစ်သော်လည်း အမျိုးသားဝန်ထမ်းများမှာ လစာ လုံးဝမရရှိခြင်း အမျိုးသမီးဝန်ထမ်းများမှာ လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်းများ ရှိနေပြီး အလုပ်သမားအရေး တန်းတူညီမျှရေး လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေးများ များစွာ ဆုံးရှုံးနစ်နာလျက် ရှိသည်။ ဥပမာ ပြည့်တန်ဆာခန်းသို့ ဧည့်သည်တစ်ဦးလာလျှင် တက်စီ သို့မဟုတ် ဆိုက္ကားသမား တစ်ဦးက လမ်းညွှန် ခေါ်ယူလာလေ့ရှိပြီး ထိုကဲ့သို့ ပို့ဆောင်ပေးသူများအတွက် ဘော်ဒါကြေးအဖြစ် ပြည့်တန်ဆာခန်းများက ဧည့်သည် တစ်ဦးလျှင် သုံးထောင်ကျပ် လေးထောင်ကျပ် ပေးလေ့ရှိသည်။အခန်းသို့ရောက်လျှင် အမျိုးသားများ သဘာဝအတိုင်း အချော အလှများကို လိုချင်တမ်းမက်သော သဘောသဘာဝကို သိထားသည့် အခန်းစောင့် ဝိတ်တာကလေးများက ရုပ်ရည်မပြေပြစ်သူ အမျိုးသမီးများကို ပြသလေ့ရှိသောကြောင့် တစ်မန်းနီခေါ် မုန့်ဖိုး သို့မဟုတ် လာဘ်ထိုးရပြီး ပေးလျှင် ပေးသလောက် ရုပ်ရည်ချောမောပြေပြစ်သူ အမျိုးသမီးကို ရရှိနိုင်သည်။ ထိုသို့ အမျိုးသမီးငယ်နှင့် တွေ့ဆုံသောအခါ ပြည့်တန်ဆာမှုပြုလုပ်ရန် အခန်းကြေး တစ်နာရီ သို့မဟုတ် တစ်နာရီခွဲ ဆက်ရှင်ကြေးများ ရှင်းလင်းပေးရမည်ဖြစ်ပြီး ပေါက်ဈေးမှာ တစ်ဆက်ရှင်ကို ငါးထောင်ကျပ် ခြောက်ထောင်ကျပ်ရှိသည်။ထိုဆက်ရှင်ကြေးမှာ အခန်းပိုင်ရှင်ထံသို့ တိုက်ရိုက်စီးဝင်ပြီး ပြည့်တန်ဆာမှုပြုလုပ်သော အမျိုးသမီးနှင့် သက်ဆိုင်ခြင်း မရှိပေ။ပြည့်တန်ဆာမှု ပြုလုပ်လိုလျှင် ထို အမျိုးသမီးငယ်ကို အနည်းဆုံး တစ်သောင်းတစ်ထောင်ကျပ်မှာ အများဆုံး ငါးသောင်းကျပ်အထိ အမျိုးမျိုး လည်လျှင် လည်သလို အလျှင်အသလို ပေးကြရမည်ဖြစ်သည်။တစ်သောင်းတစ်ထောင်ကျပ်အဖြစ် အစွန်းထွက်နေခြင်းမှာ ထို ပိုငွေ တစ်ထောင်ကျပ်ဖြင့် အမျိုးသားသုံးအဖော်ပစ္စည်းကို ဝိတ်တာကလေးများထံက မဖြစ်မနေ ဝယ်ယူပေးရမည်ဖြစ်ပြီး အကယ်၍ သည်နေရာသို့ ပို့ဆောင်ပေးခဲ့သူ ဧည်ပို့ တက်စီသမား ဆိုက္ကားသမား တစ်ဦးဦးပါခဲ့ပါက တစ်သောင်း နှစ်ထောင်ကျပ်ခန့် ပေးရမည်ဖြစ်သည်။ထိုကဲ့သို့ ပြည့်တန်ဆာမှုပြုလုပ်၍ တစ်ဦးလျှင် တစ်သောင်းကျပ်ခန့် ရရှိသော ဝင်ငွေမှာ အသားတင်မဟုတ်ဘဲ မနက်မိုးလင်းလျှင် ပြည့်တန်ဆာခန်း မန်နေဂျာများက တစ်ညလုံး ဝင်ရောက်ခဲ့သည် ဧည်သည်များထဲမှ ဧည့်ပို့ကြေး တစ်ဦးလျှင် တစ်ထောင်ကျပ် ဆယ်ဦးရှိခဲ့လျှင် တစ်သောင်းကျပ် သန့်ရှင်းရေးကြေး နေ့စဉ် တစ်ထောင်ကျပ် ထမင်းဖိုးဆန်ဖိုး တစ်ထောင်ကျပ် စသည့်ဖြင့် နေ့စဉ် မနက်တိုင်း ကောက်ခံကြလေ့ရှိသည်။ ထို့အပြင် အမျိုးသမီးဝန်ထမ်းများ အပြင်ထွက်လိုလျှင် အပေါင်ငွေ စပေါ်ငွေအဖြစ် အနည်းဆုံး တစ်သောင်းကျပ် သုံးသောင်းကျပ် ညနေအထိဆိုလျှင် ငါးသောင်းကျပ် ခွင့်ရက်ရှည်ဆိုလျှင် တစ်သိန်းကျပ် စသည်ဖြင့် စာရင်းကိုင် ငွေကိုင် မန်နေဂျာများထံတွင် အပ်နှံထားခဲ့ကြမည်ဖြစ်သည်။ထို အပေါင်ငွေများကို အချိန်ကန့်သတ်ထားပြီး သတ်မှတ် ပေးထားသော အချိန်အတိအကျ မရောက်ရှိခဲ့လျှင် ထိုအပေါင်ငွေများအားလုံးမှာ ဆုံးပြီဖြစ်သည်။ညနေပိုင်း ညည့်နက်ပိုင်းများတွင် အပြင်ထွက်လိုလျှင်လည်း နာရီနှင့်တွက်ချက်ကာ တစ်နာရီ ငါးထောင်ကျပ် တစ်သောင်းကျပ် သတ်မှတ်၍ တစ်ညလုံးဆိုလျှင် အနည်းဆုံး ငါးသောင်းမှ အများဆုံး တစ်သိန်းအထိ ပေးကာ အပြင်ထွက်ခွင့်ကို ရယူ ကြရသည်။ (၄) ထိုကဲ့သို့သော ပြည့်တန်ဆာခန်းများသည် တရားဝင် မဟုတ်သည့်အတွက် မည့်သည့် အဖွဲ့အစည်း များကမှ ဝင်ရောက်စစ်ဆေးခြင်း မေးမြန်းခြင်း မရှိသော နေရာဒေသများဖြစ်သဖြင့် လူဆိုး လူမိုက်များ သူခိုး ကြမ်းပိုးများ အခြေအနေမဲ့များ ကလေကချေများ ခါးပိုက်နှိုက်များ အနုကြမ်းစီးသမားများ ဖောက်ခွဲရေးသမားများ အကြမ်းဖက် သမားများ စသည်ဖြင့် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်တတ်သောသူများ၏ ခိုလှုံရာ နားခိုရာ ဧည့်ဂေဟာကြီး အဖြစ် ထီးထီးမားမားရှိနေလေသည်။ထို ပြည့်တန်ဆာခန်းများတွင် မည့်သည့် နိုင်ငံတော်အဖွဲ့အစည်းကမှ ဂရုမထား အရေးမစိုက်သည့် နေရာများဖြစ်သည့် အားနည်းချက်ကို သိထားသော သူများက မတရားမှုများ ခိုးမှုများ လူသတ်မှု ဓါးပြမှုများ ဖောက်ထွင်းမှုများကိုပြုလုပ်ပြီး ရရှိလာသော ငွေကြေးများဖြင့် ဇိမ်ကောင်းကောင်းဖြင့်ပင် ဘီယာလေး သောက်ကာ အမျိုးသမီးအဖော်ကလေးနှင့် စိမ်ပြေနပြေ နားခိုနေနိုင်သော နေရာဖြစ်သဖြင့် များစွာ အဆင်ပြေ ချောမွေ့လျက် ရှိလေသည်မှာကား အမှန်ပင်ဖြစ်သည်။ထိုနေရာများသည် ငွေတစ်သိန်းခန့်ရှိလျှင် တစ်ညလုံး သုံးချင်သလိုသုံး ဖြုန်းချင်သလိုဖြုန်းကာ သောက်လိုက်စားလိုက် အော်လိုက်ဟစ်လိုက် ကြမ်းလိုက်ရမ်းလိုက် မူးလိုက် ရစ်လိုက် အော်ဆဲလိုက်နှင့် စိတ်ထင်တိုင်း သောင်းကျန်းနိုင်သော နေရာများပင်ဖြစ်လေသည်။ (၅) ထို ပြည့်တန်ဆာ လုပ်ငန်းများတွင် နယ်မြို့များမှ မသိနားမလည်သေးသော အသက် ၁၈နှစ် ၁၆နှစ်အောက် အမျိုးသမီး ကလေးသူငယ် များ စက်ရုံ အလုပ်ရုံများမှ အူတူတူ အတတစက်ရုံ အလုပ်ရုံ အလုပ်သမကလေးများကို ပွဲစားများက ငွေကြေး ဆင်းရဲချို့တဲ့မှုများ လူရည်မလည်ခြင်းများ အသိပညာ အတတ်ပညာအားနည်းခြင်းများကို ခုတုံးလုပ်၍ ဖျားယောင်း သွေးဆောင်ပြီး ခေါ်ဆောင်လာကာ သူဌေးသူကြွယ်များ အရာရှိအရာခံများ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ ဆိုင်ပိုင်ရှင်သူဌေးများ မန်နေဂျာများက အရွယ်မရောက်မီ လိင်မှုကိစ္စများပြုစေခြင်း လူကုန်ကူးမှုများဖြစ်စေခြင်း တို့အပြင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးငယ်များနှင့် အိမ်ထောင်ရှိဧည့်သည်များကြား ဝန်ထမ်းအချင်းချင်းကြား ငြိတွယ်ပတ်သက် မိကြကာ အိမ်ထောင်ရေး ဖောက်ပြန်မှုများ ဖြစ်ပွားမိကြသဖြင့် မိသားစုများ သားသမီးများ လိုက်လာကာ အော်ဟစ်ခြင်း ဆူပူဖြင်း သောင်းကျန်းခြင်း ရန်ဖြစ်ခြင်း တုတ်ဆွဲ ဓါးဆွဲဖြစ်ခြင်း သွေးထွက်သံယိုမှုခင်းများဖြစ်ခြင်းတို့ရှိပြီး တရားဥပဒေစိုးမိုးရေး လူကုန်ကူးမှုတိုက်ဖျက်ရေး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကလေးသူငယ်အခွင့်အရေး အလုပ်သမားအခွင့်အရေး အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေး စသည်ဖြင့် အရေးအရာများစွာ ပြဿနာများစွာတို့သည် နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက် ကျူးလွန်လျက် ကျူးလွန်ခံရလျက် ရှိနေကြတာ ဖြစ်ပါတယ်။
 
ထိုကဲ့သို့သော တရားမဝင်ပြည့်တန်ဆာခန်းများကို သက်ဆိုင်ရာ တာဝန်ရှိသော ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အစည်းများ ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ရန်ကုန်တိုင်းဒေသကြီး တရားစီရင်ရေး တရားဥပဒေစိုးမိုးရေး နှင့် တိုင်ကြားစာများ အသာနားခံစာများ စိစစ်ရေးကော်မတီ ရန်ကုန်တိုင်းဒေသကြီး ရဲမှူးနှင့် တိုင်းရဲဌာန ခရိုင်ရဲဌာနများ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး စည်ပင်ဌာန ရန်ကုန်တိုင်းဒေသကြီး လူကယ်ပြန်ဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီးဌာနများက အချိန်မီ ဝင်ရောက်ကိုင်တွယ်ဖြေရှင်းပေးခြင်း တရားဝင်ဖွင့်လှစ်ပေးသင့်ပါက တရားဝင်ဖြစ်အောင် ပြုလုပ်ဆောင်ရွက် ပေးခြင်း တရားဝင်ဖွင့်လှစ်ပေးရန် အဆင်မပြေပါက ထိုကဲ့သို့သော ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူများကို ပညာပေးခြင်း အသိပေးခြင်း အလုပ်ပေးခြင်း အိမ်တွင်းမှုအတတ်ပညာများ လက်မှုအတတ်ပညာများ စက်မှုအတတ်ပညာများ သင်ကြားပြသပို့ချပေးခြင်း စသည်နည်းလမ်းများဖြင့် အလျှင်အမြန် ဖြေရှင်းဆောင်ရွက်သင့် ပါကြောင်း တင်ပြပေးလိုက်ရပါသည်။
 
အမ္ဗနဒီကျော်စွာ
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s