Vaginal Bleeding During Sexual Intercourse အတူနေစဉ် သွေးထွက်ခြင်း

Vaginal Bleeding During Sexual Intercourse အတူနေစဉ် သွေးထွက်ခြင်း

မော်လမြိုင်၊ ၂ မတ် ၂၀၁၉
 
(ကန်တော့ပါ)
 
၁။ မင်္ဂလာပါဆရာရှင့်။ ကျမ အသက် ၃၁ ပါ။ အိမ်ထောင်သက် ၁ နှစ်ပါ။ ယောက်ကျားနဲ့အတူနေပြီးရင် တခါတလေ သွေးဆင်းပါတယ်။ စိုးရိမ်ရပါသလား။ ရာသီရက်ကတော့ မမှန်ပါဘူး။ ၂၈ ၂၉ ၃၀ ၃၁ အဲ့ရက်အတွင်းလာပါတယ်။ တားဆေးတွေ ထိုးနေသောက်နေတာမျိုးလည်းမရှိပါဘူး။ ဆရာအချိန်ရရင် ဖြေပေးစေလိုပါတယ်။ ကျေးဇူးတင်စွာဖြင့်။
 
၂။ ဆရာခင်ဗျာ နားနဲ့မနာ ဖဝါးနဲ့နာပါခင်ဗျာ။ ကျွန်တော့်အမျိုးသမီးက ကလေးတယောက်တော့ မွေးပြီးပါပြီ။ ဗိုက်ခွဲ မွေးထားတာပါ။ အသက်က ၂၄ ရှိပါပြီ။ ကလေးကလည်း ၃ နှစ်ခွဲ ရှိသွားပါပြီ။ အခုတလော လင်မယားဆက်ဆံရင် သွေးတွေထွက်ထွက်နေပါတယ်ခင်ဗျာ။ ဆေးခန်းပြခိုင်းလို့လည်းမရလို့ အကြံတောင်းခံရခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဖြစ်နိုင်တာများကို ကျေးဇူးပြုပြီးရှင်းပြပေးပါခင်ဗျာ။
 
၃။ တချို့အိမ်ထောင်သည်တွေမှာ ကာကွယ်ဆေးထိုးပြီးပေမယ့် အမျိုးသားနဲ့ အတူနေပြီးစအချိန်မှာ တခါတလေ သွေးဆင်းတာ ကြားဖူးပါတယ်ဆရာ။ အဲဒါကရော ကင်ဆာရဲ့အစလက္ခဏာပဲလားဆရာ။
 
အတူနေစဉ် မွေးလမ်းကသွေးဆင်းခြင်း ဖြစ်နိုင်တဲ့အကြောင်းတွေကတော့ –
(၁) Inflammation ရောင်ရမ်းခြင်း
Cervical erosion သားအိမ်ဝရောင်ခြင်း၊ ငယ်ရွယ်သူတွေ၊ တားဆေးစားနေသူတွေနဲ့ ကိုယ်ဝန်ဆောင်စဉ်မှာလည်း ဖြစ်နိုင်တယ်။ အဲလိုအချိန်တွေမှာ သားအိမ်အဝက ပုံမှန်ထက် နုနေလို့ဖြစ်တယ်။ ဖြစ်ရင်လည်း အလိုလိုပျောက်နိုင်သလို လိုအပ်ရင် Freezing နည်းနဲ့ကုသလို့ရတယ်။
 
(၂) Atrophic vaginitis ဗဂျိုင်းနား ပါးလွှာခြင်း
သွေးဆုံးပြီးရင် Estrogen ဟော်မုန်းနည်းရာကနေဖြစ်တယ်။ တချို့မှာဖြစ်တတ်တယ်။ သွေးနည်းနည်းလေးဆင်းတာနဲ့ အတူနေစဉ် နာတာတွေ ဖြစ်တယ်။ ဖြစ်ရင် အတူနေစဉ်မှာ Lubricating gels ဂျဲလ်ကိုသုံးနိုင်တယ်။ အီစထိုဂျင်ဟော်မုန်းနဲ့ ကုနိုင်တယ်။ ဆေးသောက်နည်း-ဆေးထည့်နည်းသုံးနိုင်တယ်။
 
(၃) Sexually transmitted diseases (STDs) လိင်ကတဆင့်ကူးစက်ရောဂါတွေ
Chlamydia and Gonorrhea ကဲလ်မီဒီးယား နဲ့ ဂနိုးရီးယား တွေကနေ ဖြစ်စေနိုင်တယ်။ ပိုးရှိနေရင် မွေးလမ်းကနေ တခုခုဆင်းတာ၊ တင်ပါးဆုံရိုးကွင်းထဲကနာတာ၊ ယားတာ၊ ပူလောင်တာတွေခံစားရမယ်။ ပိုးသေဆေးနဲ့ ပျောက်ပါတယ်။ မကုဘဲထားရင် တချိန်မှာ ကလေးမရတာ ဖြစ်လာနိုင်တယ်။ ထရွိင်ကိုမိုနီယေးဆစ်ရောဂါကနေလည်း ဖြစ်တယ်။ မွေးလမ်းကြောင်း (ဗဂျိုင်းနား) ရောဂါတခုဖြစ်တယ်။ လိင်ကတဆင့်ကူးတယ်။ တခုခုဆင်းမယ်၊ ယားမယ်၊ သွေးဆင်းမယ်။
 
(၄) Abnormal growths အပိုအဆာတခုခုဖြစ်တာ
ကင်ဆာဖြစ်နိုင်သလို၊ Precancerous growths ကင်ဆာမဟုတ်ခင်အဆင့်လည်း ဖြစ်နိုင်တယ်။ Pap smear စစ်ရင် သိနိုင်တယ်။
 
(၅) Endometriosis အင်ဒိုမီထရီယိုးဆစ်ရောဂါ
သားအိမ်တစ်ရှူးတွေက သားအိမ်အပြင်မှာဖြစ်နေတာကိုခေါ်တယ်။ အပျိုကြီးတွေ၊ ကလေးမရသေးသူတွေမှာ ပိုဖြစ်တယ်။ ရာသီလာချိန်နဲ့ အတူနေချိန်တွေမှာ နာတာသိသာတယ်။ အာလ်ထွာဆောင်းရိုက်ရင်သိမယ်။
 
(၆) Uterine polyps သားအိမ်အသီး
ကင်ဆာမဟုတ်တဲ့ အသားပိုအသီးလေးတွေကနေလည်း သွေးဆင်းတာ ဖြစ်နိုင်တယ်။ သားအိမ်နဲ့ သားအိမ်ဝကနေ ထွက်တယ်။ သူ့အလိုလိုလည်း ပျောက်နိုင်တယ်။ လိုအပ်ရင် ခွဲထုတ်ရမယ်။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s