Mawlamyine Daily စာအုပ်စင်

This slideshow requires JavaScript.

မော်လမြိုင်၊ ၂၁ ဖေဖော်ဝါရီ ၂၀၁၉
 
ယခုအပတ်စာချစ်သူများထံ မိတ်ဆက်ပေးချင်တဲ့ စာအုပ်လေးကတော့ ကဗျာရေးသူ မှူးသစ်ရဲ့ “ကော်ဖီသောက်တိုင်း ငါးရိုးစူးတယ်” ကဗျာ/အက်ဆေး စာအုပ်နှင့် ကဗျာရေးသူ အေအမ်တီရဲ့ ‘ဇူလိုင်မိုး”ဟင်းလင်းပြင်ထဲ”ကဗျာများ စာအုပ်တို့ပဲဖြစ်ပါတယ်။ဆိပ်ကမ်းသာစာပေမှတဆင့် မော်လမြိုင်မြို့ရှိစာပေတိုက်များမှတဆင့် ကဗျာချစ်သူ စာချစ်သူများထံ ပျံသန်းရောက်ရှိလာတာပဲဖြစ်ပါတယ်။
 
(၁) – စာရေးသူမှူးသစ်ရဲ့ “ကော်ဖီသောက်တိုင်း ငါးရိုးစူးတယ်” (ကဗျာ/အက်ဆေး) စာအုပ်လေးမှာ စာရေးသူရဲ့ဘဝရယ် ဖြစ်စေချင်တဲ့ ဆန္ဒတချို့ရယ် ဂီတသမားဘဝကိုဝင်ခံစားထားမှုတွေကို ကဗျာအဖြစ် အက်ဆေးအဖြစ် ခံစားမှုရသစုံဖြင့် ဖတ်ရှုခံစားရမှာဖြစ်ပြီး ရောင်းဈေးမှာ ၂၅၀၀ကျပ်ဖြစ်ပါတယ်။
(၂) – ကဗျာရေးသူ အေအမ်တီရဲ့ ဇူလိုင်မိုး ‘ဟင်းလင်းပြင်ထဲ’ ကဗျာများ ကဗျာစာအုပ်မှာတော့ ကဗျာရေးသူဟာ သူ့ရဲ့မွေးရပ်မြေနဲ့ပတ်သက်တာတွေ ရာသီဥတု အကြောင်းတွေကို ရသမြောက်စွာခံစားရေးဖွဲ့ထားပုံရပြီး ကဗျာအပုဒ်တိုင်းတွင်လည်း အနုပညာရှင်များဖြစ်ကြသော ဆရာဝင်းမြင့် ငုအိမ်ထက်မြက် ဝင်းရွှေမိုး Nyi Nyi(NICE) တို့ရဲ့ သရုပ်ဖေါ်ပုံတွေကိုပါ ကြည့်ရှုခံစားရမှာဖြစ်ပြီး ရောင်းဈေးမှာ ၃၀၀၀ ကျပ်ဖြစ်ပါကြောင်း စာပေချစ်သူများထံ သုတရသ ခံစားမှုရသတွေမျှဝေရရှိစေနိုင်ဖို့ သတင်းကောင်းပါးပေးလိုက်ပါတယ်။
အဆိုပါ စာအုပ်များအား မော်လမြိုင်မြို့တွင်
– ကျော်စာပေ
– မြလင်းရောင်စာပေ
– အောင်စေမင်းစာပေတို့တွင် ဝယ်ယူအားပေးနိုင်ပါပြီ။
မလမ ကိုဖြိုး
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s