“အဝန်းအဝိုင်း အတွင်းစည်းများ”

မော်လမြိုင်၊ ၂၁ ဖေဖော်ဝါရီ ၂၀၁၉
(ကဗျာ)
 
အသက်ရှင်မှုပုံစံချင်းမတူကြပေမယ့်
အသက်ရှူမှုတွေတူနေကြတဲ့အခါ
ရင်ဘတ်ချင်းနားမလည်ကြပေမယ့်
ရင်ဘတ်ချင်းနီးစပ်နေကြတဲ့အခါ
အသိုင်းအဝိုင်းတိုင်း အဖွဲ့အစည်းတိုင်းမှာ
ကိုယ့်အဝန်း ကိုယ့်အဝိုင်းနဲ့
ကိုယ့်အသိုင်းဝိုင်း သူ့အသိုင်းဝိုင်းနဲ့
အဆင့်တွေ အတန်းတွေနဲ့ ဗန်းတွေခင်းကြ
ဘဝတွေဟာ ရိုးရှင်းနေရာက
အရောင်တွေပေလာကြတယ်
လူစော်တွေနံလာကြတယ်
သူ့စည်း ကိုယ့်စည်းနဲ့ ဘောင်တွေကျော်လာကြတယ်
ဒီလိုကိစ္စတွေက
အနီးအနား အဝန်းအဝိုင်းတိုင်း အသိုင်းဝိုင်းတိုင်းမှာ
နေ့တဓူဝတွေ့နေရတော့
လူဆက်ဖြစ်ဖို့ကြောက်လာတယ်
လူတွေဆိုရင်ကြောက်လာတယ်
ဟုတ်ဟုတ် မဟုတ်ဟုတ်
ကိုယ့်အသိုင်းဝိုင်းကကိုယ့်နဲ့အဆင်ပြေတဲ့သူဆို
ချီးပါတဲ့ကိစ္စတင်တာတောင်
အမျိုးမျိုးချီးကျူးပြီးမြှောက်ကြတယ်
ဘုတ်တွေက ကျီးတွေနဲ့ပနံသင့်လို့
ဘုတ်တူကျီးတူ အဝန်းဝိုင်းတွေလည်းရှိရဲ့
လူ့စည်း ဘီလူးစည်း
အဖွဲ့အစည်း အဖွဲ့အစည်းနဲ့
အဖွဲ့ထဲပါဝင်ဖို့ စည်းရုံးပြီးတာနဲ့
အဖွဲ့ဝင်ကြေးတွေ ကောက်ကြတယ်
အဖွဲ့အစည်းက အတွင်းစည်းထဲမှာ
သူတို့ဖာသာ ထပ်ပြီးအတွင်းမှာစည်းရုံးနေကြ
အဖွဲ့အစည်းက အဿပြာများနဲ့
သူတို့အတွင်းစည်းများသာ ခရီးတွေသွားကြ
ဟော်တယ်ကြီးတွေမှာတည်းခိုကြ
စားကောင်းသောက်ဖွယ်တွေ စားနေကြ
မြင်ရသူအဖွဲ့ဝင်များက အစတော့မုဒိတာပွားကြတယ်
ပထမတော့ လုပ်ရပ်တွေကောင်းတယ်လို့မြင်ကြတယ်
အတွင်းစည်းများက အတွင်းမှာ
သူတို့ချည်းပဲတော်တော်စည်းနေကြတော့
အဖွဲ့ဝင်တွေအတွက် ကြာတော့စိတ်ပျက်စေပါတယ်
အဖွဲ့ဝင်ကြေးသွင်းပေးနေရှာတဲ့
အညတရ အဖွဲ့တွေကို သနားမိတယ်
ကိုယ့်ကိုကိုယ်လည်း သနားမိတယ်
လူ့ဘောင်အဖွဲ့အစည်းမှာ
အဝန်းအဝိုင်း အတွင်းစည်းများကြား
နေရထိုင်ရ အသက်ရှင်ရတာ တော်တော်ခက်တယ်
အဲဒီကိစ္စတွေက အားလုံးနားလည်ဖို့လည်းခက်တယ်
ပြန်ပြောပြဖို့ တော်တော်ခက်ပါတယ်။ ။
 
ဂိုးဂိုး(မောရမြိုင်)
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s