အွန်လိုင်းပေါ်မှာ ဆေးခန်းပြရအောင်

MyanCare

မော်လမြိုင်၊ ၉ ဖေဖော်ဝါရီ ၂၀၁၉

နေမကောင်းဖြစ်လို့ ဆေးခန်းသွားရတဲ့အခါ ဆရာဝန်က အလုပ်အရမ်းများနေတယ် ဆိုရင် လူနာတွေ ခံစားနေရတဲ့ ကျန်းမာရေး အခက်အခဲ၊ ရောဂါအကြောင်းကို အချိန်ပေးဆွေးနွေးတိုင်ပင်ဖို့ အခက်အခဲရှိတတ်ပါတယ်။ လူအများစုဟာ ဆရာဝန်က ကိုယ့်ရောဂါအတွက် ဘယ်လိုကုသနည်းတွေ လိုအပ်တယ်ဆိုတာကို အသေးစိတ်ပြောပြပြီး အေးအေးဆေးဆေး အချိန်ယူတိုင်ပင် ဆွေးနွေးတာကို လိုချင်ကြပါတယ်။ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ Telehealth Service တခုဖြစ်တဲ့ MyanCare ကို မိတ်ဆက်ပေးပါရစေ။

Telehealth ဆိုတာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ပေးနိုင်ခြင်း၊ ဆရာဝန်အနေနဲ့ လူနာနဲ့ တယောက်ချင်း အေးအေးဆေးဆေး ဆွေးနွေးပေးနိုင်ခြင်း၊ လိုအပ်တဲ့ အကြံဉာဏ်များစွာလဲ ရရှိနိုင်သလို၊ အွန်လိုင်းပေါ်မှာ ကိုယ့်ရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို လုံခြုံစိတ်ချစွာ စဉ်ဆက်မပြတ် သိမ်းဆည်းနိုင်ခြင်း စတဲ့ ဝန်ဆောင်မှုတွေကို ခေါ်ပါတယ်။

MyanCare ဆိုတာ အွန်လိုင်းပေါ်က ဆေးခန်း တစ်ခုဖြစ်ပါတယ်။ MyanCare App ကို သုံးပြီး အွန်လိုင်းကနေ ဆေးခန်းပြမယ်ဆိုရင် သွားရတဲ့ ကုန်ကျစရိတ်တွေ၊ စောင့်ဆိုင်းရတဲ့ အချိန်တွေ မရှိတော့ဘူး။  ကွန်ပြူတာ (သို့) ဖုန်း လေး ရှိရုံဖြင့် မိမိ အိမ်ကနေ ဘယ်မှသွားစရာ မလိုဘဲ ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးနိုင်သလို ကိုယ်ရေးကိုယ်တာ ကျန်းမာရေးကိစ္စများကို လျှို့ဝှက်လုံခြုံစွာ သီးသန့်ဆွေးနွေးနိုင်ပါတယ်။ မိမိနှစ်သက်ရာ ဆရာဝန်ကို ရွေးချယ်ပြီး လိုအပ်တဲ့အချိန်မှာ ချက်ချင်း ဆွေးနွေးနိုင်တယ်။ ဆရာဝန်နဲ့ စာရိုက်ပြီး အပြန်အလှန် ပြောလို့ရသလို ဖုန်း၊ video call နဲ့ မျက်နှာချင်းဆိုင်လဲ ပြောလို့ရပါတယ်။ တိုင်ပင်ဆွေးနွေးပေးတာကလဲ ကုသမှု့ဆိုင်ရာ အတွေ့အကြုံရှိ (ဆ/မ) ရ ဆရာဝန်တွေ ဖြစ်တာကြောင့် မိမိရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို ယုံကြည်စိတ်ချရစွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ် ။

MyanCare Application ကို သုံးချင်ရင်တော့ အောက်ပါ download link များတွင် ရယူနိုင်ပါတယ်။

iOS:- https://itunes.apple.com/app/id1396490288

Andriod:- https://play.google.com/store/apps/details?id=com.myancare

Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s