“ရေနေတဲ့ ‘မြစ်’ (သို့မဟုတ်) ‘ရခိုင်’

မော်လမြိုင်၊ ၃၁ ဇန်နဝါရီ ၂၀၁၉ (ကဗျာ)   အသက်ဆက်ရှင်ဖို့ မိုးတစ်ခုလုံးစာ ဆာလောင်ခဲ့ရလည်း ရေ အမှုန်အစလေးတွေနဲ့ နေတတ်ခဲ့ပြီးပြီ အသက်ဆက်ရှင်ဖို့ မြေတစ်ခင်းလုံးစာ အိပ်မက်နေခဲ့လည်း လက်တစ်ဆုပ်စာ ခဲကြမ်းတွေနဲ့ နေတတ်ခဲ့ပြီးပြီ အသက်ဆက်ရှင်ဖို့ ဆက်ပြီးအသက်ရှင်နိုင်ဖို့ ဒုက္ခတွေ အထပ်လိုက် ထမ်းထားရပါစေ ငြိမ်းချမ်းရေးကို သေမလောက်ငတ်တယ် ကျနော်တို့အားလုံးဟာ ရေဆာနေတဲ့မြစ်တွေ ရခိုင်ပြည် ငြိမ်းချမ်းပါစေ ။ ။   ဂိုးဂိုး(မောရမြိုင်) Mawlamyine Daily

Hives အင်ပြင်ထွက်ခြင်း

မော်လမြိုင်၊ ၃၁ ဇန်နဝါရီ ၂၀၁၉   (အင်္ဂလိပ်စာလုံးလေးတွေကို ကျော်ဖတ်နိုင်ပါတယ်)   ၁။ မင်္ဂလာပါဆရာ။ ကျွန်မမှာသားလေးတဦးရှိပါတယ်။ အသက် ၅နှစ် ၇လရှိပါပြီ။ သားလေးမှာ လွန်ခဲ့တဲ့ ၂လလောက်မှ အသားအရေယားယံပြီး အပိန့်တွေထွက်လာပါတယ်။ ဆေးကတော့ verizet 5 mg တိုက်ရန်ဆရာဝန်ကညွှန်ကြားပါတယ်။ ဆေးတိုက်ပြီး ၂ ရက်လောက်ထိယားယံခြင်းမရှိပါ။ ၃-၄ ရက်လောက်ကြာရင်ပြန်လည်ယားယံလားပါတယ်။ အသားအရေ ယားယံခြင်းနှင့်ပတ်သက်သည့်အကြောင်းလေးသိချင်လို့ပါရှင့်။ ယားယံပြီဆိုပါက လက်ချောင်းက လက်ဆစ်လေးတွေပါ ယောင်ယမ်းလာပါတယ်။ နှုတ်ခမ်းလဲထော်လာပါတယ်။   ၂။ မင်္ဂလာပါဆရာ။ အမျိုးသမီး အသက် ၁၉နှစ်။ ရာသီမှန်ပါတယ်ရှင့်။ ဖြစ်နေတဲ့ရောဂါကတော့ တကိုယ်လုံးယားပြီး အဖုလေးတွေထွက်တာပါ ဆရာ။ ဆရာဝန်ပြ ဆေးထိုး ဆေးသောက်လုပ်ပါတယ် မပျောက်ပါဘူးဆရာ။ ကလေးတည်းက ခြင်ကိုက် ကုတ်လိုက်ရင်အနာဖြစ်လွယ်တဲ့ အရေပြားပါဆရာ။ … Continue reading Hives အင်ပြင်ထွက်ခြင်း