Mawlamyine Daily စာအုပ်စင်

This slideshow requires JavaScript.

မော်လမြိုင်၊ ၃၀ ဇန်နဝါရီ ၂၀၁၉
စာဖတ်ဝါသနာရှင်များထံယခုအပတ်မိတ်ဆက်ပေးမယ့် သုတ ရသ စာအုပ်များကတော့ မိုးမခစာပေမှတဆင့် ဆိပ်ကမ်းသာစာပေမှဖြန့်ချီလာသော
၁။ စာရေးဆရာ ဂျူနီယာဝင်း ဘာသာပြန်ထားသည့် “၂၁ ရာစု ဂျာနယ်လစ်ဇင်”
၂။ စာရေးဆရာ ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)ရေးသားထားသော “FUZZY Logic and Set Theory”အတွေးအမြင်ဆောင်းပါးများနှင့် ၃။ စာရေးဆရာ မောင်မောင်စိုးရေးသားထားသော “နှင်းဆီနီနီ အိပ်မက်များ (၁၉၇၅ – ၁၉၈၀) စာအုပ်များဘဲဖြစ်ပါတယ်။
 
၁ ။ “၂၁ ရာစု ဂျာနယ်လစ်ဇင် ” စာအုပ်မှာ အလာဘားမား တက္ကသိုလ်က သတင်းအချက်အလက်ဆိုင်ရာဌာန အငြိမ်းစား ပါမောက္ခဖြစ်သူ ‘ဂျိမ်းစ် ဂလန် စတိုဗယ်’ ရေးသားထားသော ‘Journalism’ (သတင်းစာပညာ)လို့အမည်ပေးထားသောစာအုပ်ကို စာရေးဆရာ ဂျူနီယာဝင်းမှ ဘာသာပြန်ကာ ဖြည့်စွက်ရေးသားထားခြင်းဖြစ်၍ သတင်းစာဆိုင်ရာ ဗဟုသုတအတွေ့ကြုံများစွာပေးမည့် အဖိုးတန်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ ရောင်းဈေးမှာ ၃၀၀၀ ကျပ်ဖြစ်ပါသည်။
 
၂ ။ စာရေးဆရာ ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)ရေးသားထားသည့်” FUZZY Logic and Set Theory” အတွေးမြင်ဆောင်းပါးများစာအုပ်မှာ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခြင်းဖြစ်ပြီး အတွေးအမြင်ဆိုင်ရာ သမိုင်းကြောင်းများ အဆိုအမိန့်များ စသဖြင့် အတွေးအမြင်ဆိုင်ရာသဘောတရားများစွာကို ဗဟုသုတပေးရေးသားထားခြင်းဖြစ်ပြီး ရောင်းဈေးမှာ ၃၅၀၀ ကျပ်ဖြစ်ပါသည်။
 
၃ ။ “နှင်းဆီနီနီအိပ်မက်များ (၁၉၇၅-၁၉၈၀)”စာအုပ်မှာတော့ စာရေးဆရာ မောင်မောင်စိုး၏ ထိုကာလအပိုင်းခြား၌ ဖြတ်သန်းခဲ့ရသော သမိုင်းကာလတစ်ခုကိုပြန်လည်ပုံဖေါ်ထားခြင်းဖြစ်ပြီး ထိုစဉ်က နိုင်ငံရေးအခြေအနေ သုံးသပ်ကြည့်မြင်ပုံများ လှုပ်ရှားရုန်းကန်ခဲ့မှုများ ဖွဲ့စည်းတည်ဆောက်ခဲ့ရပုံများ ပြင်းထန်သောစစ်ရေး အခြေနေတိုက်ပွဲများ မြောက်များစွာသော အသက်သွေးချွေးများ အမှားများ အမှန်များမှနေ၍ သင်ခန်းစာထုတ်နုတ်ယူခြင်းနှင့် အရှေ့မြောက်နယ်စပ်တလျောက် ယနေ့ထိတိုင် လှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်တည်လာပုံများအား ဆက်စပ်စဉ်းစားသုံးသပ်နိုင်ရန်ရည်ရွယ်သည့်သဘောဖြစ်ကာ မျိုးဆက်သစ်လူငယ်များအား ယခင်ခေတ် လူများ၏ ပုခုံးထက်မှ ပို၍ ခပ်ဝေးဝေး ကြည့်တတ် မျှော်မြင်တတ်နိုင်ကြပါစေရန်သဘောတရားများပြည့်နှက်နေသည့် ဖတ်ရှုရန်အလွန်သင့်လှသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ ရောင်းဈေးမှာ ၅၀၀၀ ကျပ်ဖြစ်ပါသည်။
အထက်ဖေါ်ပြပါရည်ညွှန်းထားသော သုတရသစာအုပ်ကောင်းများအား မော်လမြိုင်တွင်
– ကျော်ကျော်စာပေ
– မြလင်းရောင်စာပေ
– အောင်စေမင်းစာပေ တို့တွင် အားပေးဝယ်ယူဖတ်ရှုနိုင်ပါပြီ။ ။
 
မလမကိုဖြိုး
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s