မော်လမြိုင်၊ ၃၀ ဇန်နဝါရီ ၂၀၁၉
(ကဗျာ)
ဘယ်လိုပုံစံမျိုးနဲ့
ထပ်ပြီး ငတ်မွတ်ပြရဦးမှာလဲ
လည်မြိုထဲ. . .
ဒီလိုအပ်မှုတစ်ခုတည်း စိုက်ဝင်နေခဲ့တော့
ရင်ကွဲအောင် အော်နေလည်း
စိတ်ကူး အပဲ့တွေသာ ထွက်ထွက်ကျလာ
အနာဂါတ် အကျိုးအကြေတွေနဲ့
မျက်လုံးထဲ ချိုးငှက်အသေတွေ ပိုပိုများလာ
ကျုပ်တို့ရဲ့နိုင်ငံတော်ကြီးဟာ
အဲဒီ စကားလုံးသုံးလုံးအတွက်
ကဗျာမဆန်နိုင်တော့တာကြာပြီ ။ ။
ဂိုးဂိုး(မောရမြိုင်)
Mawlamyine Daily