အဆိပ်​သင့်​ပန်းတစ်​ပွင့်

မော်လမြိုင်၊ ၁၈ ဇန်နဝါရီ ၂၀၁၉
(ဝတ္ထုတို)
 
ဝင်း​မောင်​စိတ်​​တွေ ရှုပ်​​ထွေးသွား၏။မြင်​လိုက်​ရ​သော မြင်​ကွင်းက ​နေ့စဉ်​မြင်​​နေကြမြင်းကွင်း။သည်​​နေ့မှ ဝင်း​မောင်​ကိုယ့်​စိတ်​ကိုယ်​အံ့သြ​နေရ၏။အရင်ေ​န့​တွေလို စိတ်​ရှည်​သည်း​ခံပြီးမ​နေနိုင်​။သူ့​ဘေးနားမှာ ​ခွေးတစ်​​ကောင်​(သို့မဟုတ်)
ကြောင်​တစ်​​ကောင်​ရှိလျှင်​ အားကုန်​အင်​ကုန်​ နံ​ဘေးကို ပစ်​ကန်​ပစ်​လိုက်​ချင်​စိတ်​​ပေါက်​​နေသည်​။သို့​သော်​ ​ခွေးတစ်​​ကောင်​၊​ကြောင်​တစ်​မြီးမှမရှိ။မီးဖို​ပေါ်က အိုး​တွေထဲမှာ ထမင်းကြမ်းခဲ​လေးတစ်​ခဲ​တောင်​မရှိ​သော​ကြောင့်​ သူစိတ်​တို​နေရခြင်းဖြစ်​သည်​။ဗိုက်​ကလည်းဆာလှပြီ။အိုးဖုံးကိုကိုင်​ထား​သော သူ့လက်​​တွေ တုန်​တုန်​ရီရီဖြစ်​​နေသည်​။အိုးဖုံးကို ဂွမ်းခနဲ ပစ်​ချကာ အပြင်​သို့ထွက်​လာလိုက်​သည်​။ထို့​နောက်​ သူ၏ ညစ်​​ထေး​ထေး၊စုတ်ပြတ်ြ​ပတ်​၊​​​​ပိုးကိုက်​၍အ​ပေါက်​​တွေဖြစ်​​နေ​သည့်​ သူ့ခန္ဓာကိုယ်​ထက်​ကြီး​သော အင်္ကျီအိတ်​ကပ်​ထဲသို့ လက်​ဖြင့်​နှိုက်​ယူလိုက်​သည်​။ထို့​နောက်​ ကြည့်​လိုက်​၏။၂၀၀တန်​၁၀၀တန်​အ​ကြွေ​လေးများ။
 
“ဟူး….”
 
ဝင်း​မောင်​ သက်​ပြင်းရှည်​ကြီးကို မှုတ်​ထုတ်​လိုက်​သည်​။ထိုသက်​ပြင်းသည်​ သူ့အသက်​ထက်​​တောင်​ ရှည်​ချင်​ရှည်​မည်​။ထို့​နောက်​ ​စောင့်​​ကြောင့်​ထိုင်​ကာ အ​ကြွေ​လေးများကို ​မြေ
ကြီး​ပေါ်သို့ ​မျှော်​လင့်​ချက်​ကြီးစွာပစ်​ချလိုက်​သည်​။
 
“ဆန်​တစ်​ပြည်​ဖိုး​လောက်​ရပါ​စေ”
နှုတ်​မှညည်းတွားရင်း ပိုက်​ဆံအ​ကြွေ​လေးများကို ​ရေတွက်​လိုက်​သည်​။တစ်​ရာ…နှစ်​ရာ….တစ်​ရာ။စုစု​ပေါင်း ​ငွေသုံး​ထောင်​​​လောက်​ရသည်​။ထို့​နောက်​ သူ့လှုပ်​ရှားမှုများကို ခဏရပ်​ကာ ​တွေ​ဝေ​နေမိသည်​။နောက်​ဆုံးကျန်​သည့်​ ၁၀၀တန်​တစ်​ရွက်​ကို​တောင်​ မ​ကောက်​မိ။သူ့​ဘေးသို့ စွပ်​ကျယ်​တစ်​ဖက်​ပြတ်ေ​နသည့်​ ၆နှစ်​အရွယ်​​ကောင်​​လေးတစ်​​ယောက်​နှင့်​ညစ်​ပတ်​​ပေ​ရေ​နေ​သောဂါဝန်​​လေးကို ဝတ်​ထားသည့်​၎နှစ်​အရွယ်​ မိန်းက
လေးတစ်​​ယောက်​တို့​ရောက်​လာကြသည်​။ခြေ​ထောက်​မှာလည်း ဖိနပ်​မပါကြ။
 
“ကိုကြီး…သားကိုမုန့်​ဖိုး​ပေး”
“ညီးမ​လေးကိုလည်း​ပေးဦး”
 
ဆူဆူညံညံအသံများ​ကြောင့်​ သူစိတ်​ကူးထားသည့်​အစီအစဉ်​များ အပြီးမသပ်လိုက်​ရ။ဝင်း​မောင်​ သူ့ညီနှင့်​ညီမကိုကြည့်​လိုက်​​တော့ ဖုန်​တလူးလူးပြာတလူးလူး။လက်​ဝါးနှစ်​ဖက်​ကို ဖြန့်​ကာ သူ့ထံမုန့်​ဖိုး​တောင်​​နေပြီ။မျက်​နှာ​လေး​တွေကိုကြည့်​လိုက်​​တော့မြဲ​ကုတ်ကြု​တ်​အသား​ရေ​အောက်​မှာ ​လောကဓံဆိုတာ ဘာမှန်းမသိသည့်​အရိပ်​အ​ရောင်​​တွေက ထင်​ထင်​ရှားရှား။ပြတ်ြ​ပတ်​သားသား။ပကတိဖြူစင်​ဝင်းပ​နေ​သော စိတ်​ဓာတ်​ပိုင်​ရှင်​​လေး​များ။သည်​လိုအ​တွေးမျိုး ဝင်း​မောင်​ စိတ်​ထဲ​ရောက်​လာ​တော့ မျက်​ရည်​​တွေက အလိုလိုမျက်​လုံးအိမ်​ထဲ​ရောက်​လာကြသည်​။ချက်​ချင်းဆိုသလို
 
“မကျနဲ့….မကျနဲ့။မျက်​ရည်​​တွေ ငါ့ညီ၊ငါ့ညီမ​ရှေ့မှာမကျနဲ့”
ဟုဆိုကာ ​အ​ဝေးသို့​မောင်း​ထုတ်​ပစ်​လိုက်​သည်​။သို့​သော်​ အ​ငွေ့အသက်​တို့က ကျန်​ရှိ​နေဆဲ။
 
“​ရော့ ၂၀၀ ။တစ်​​ယောက်​တစ်​ရာဖိုး ဝယ်​စား​နော်​။ချောင်းဆိုးတာ​တွေဝယ်​မစားနဲ့ကြားလား”
ဝင်း​မောင်​က သူ့ညီနှင့်​ညီမကို ကရုနာမျက်​လုံးက​လေးနှင့်​စိုက်​ကြည့်​ရင်းမှာလိုက်​သည်​။က​လေးနှစ်​​ယောက်​က မုန့်​စားရ​တော့မည်​ဖြစ်​သဖြင့်​ ​စောင်းမှလွှတ်​လိုက်​​သောမြင်း​တွေလို တရှိန်​ထိုး ​ပြေးထွက်​သွား​တော့သည်​။ဝင်း​မောင်​က သူ့ညီ၊သူ့ညီမ နှစ်​​ယောက်​၏ ​နောက်​​ကျောပြင်​ကိုကြည့်​ရင်း သက်​ပြင်း​တွေအထပ်​ထပ်​ချ​နေမိသည်​။ထိုသက်​ပြင်း​တွေထဲမှာ သူ့အ​မေကို တမ်းတ​နေမိသည်​။ထိုညကို သူ့ဘဝတွင်​ဘယ်​​တော့မှ​မေ့မည်​မဟုတ်​။သေရာပါဒဏ်​ရာနှင့်​ အသက်​၁၁နှစ်​အရွယ်​က​လေးတစ်​ဦး။သည်​အ​ကြောင်း​တွေကို ​တွေးကြည့်​​တော့ ဆာ​​လောင်​​နေ​သောဗိုက်​ထဲက​အော်​သံ​တွေကို ပင်​သူမကြား​တော့။
 
ထိုည ဝင်း​မောင်​အ​ဖေ ဦးတင်​​မောင်​သည်​ လူမှန်းသူမှန်းမသိ​အောင်​အရက်​များမူလာသည်​။ဝင်း​မောင်​တို့အတွက်​​ မထူးဆန်း​တော့။သည်​ရပ်​ကွက်​​လေးထဲကို စ​ရောက်​​တော့ ဝင်း​မောင်​သိတတ်​စအရွယ်​။ရပ်​ကွက်​ဟု​ပြော​သော်​လည်း ရပ်​ကွက်​မဟုတ်​။သူတို့လို ​နေစရာမရှိသူများ လာ​ရောက်​ခိုးနားရာ ​နေရာ​လေးတစ်​ခုဆိုလျှင်​ပို၍မှန်​မည်​။ထို​နေရာက မြို့၏အစွန်​ဆုံး။မြို့အတွင်းမှ ​ရေဆိုး​ရေညစ်​များစွန့်​ပယ်​သည့်​ ​ချောင်းနှုတ်​ခမ်း​ပေါ်မှာ။သူ့တို့လို ဘဝတူ​တွေကအိမ်​​ထောင်​စု၅၀​လောက်​ရှိသည်​။ယောက်ျား​တွေကလည်း ကြုံရာကျပန်း ရရာအလုပ်​ကိုလုပ်​သည်​။မိန်းမ​တွေလည်း ထို့နည်းလည်း​ကောင်း။အိမ်​တိုင်းရှိ​ယောက်ျားများက​တော့ ည​နေတိုင်းမူးရူး​နေတတ်​သည်​။နေ့စဉ်​ရန်​ပွဲရှိသည်​။ရန်​ပွဲမရှိသည့်​ ရက်​ကခပ်​ရှားရှား။အများဆုံးဖြစ်​သည့်​ရန်​ပွဲက လင်​မယားရန်​ပွဲ။စား​ရေး​သောက်​​ရေးရန်​ပွဲ။ဝင်း​မောင်​တို့ရပ်​ကွက်​ထဲက က​လေးတိုင်း ​ကျောင်းမတတ်​ရ၊စာမသင်​ရ။မိဘ​တွေကလည်း ​ကျောင်းထားဖို့ထက်​ ခိုင်းစားဖို့သာလျှင်​ အာသီသပြင်းထန်​သည်​။ထို့အထဲတွင်​ ဝင်း​မောင်​မိဘ​တွေလည်းပါသည်​။ဝင်း​မောင်​က​တော့ အဖြူအစိမ်းနှင့်​​ကျောင်းသား​လေးများကိုမြင်​တိုင်း စိတ်​ကူးယဉ်​ခဲ့ရသည်​က ​ရေတွက်​၍မရ​တော့။တစ်​ခါတစ်​ရံ အမှိုက်​အိတ်​ကြီးကိုထမ်းရင်း လွယ်​အိတ်​လွယ်​ထား​သော ​ကျောင်းသား​လေးများကိုမြင်​ရ​တော့ ဝင်း​မောင်​ရင်​ထဲ ငိုချင်​သလိုလို၊ရှက်​သလိုလိုခံစားရသည်​။
 
“​သေနာကျကြီးက မူးလာပြန်​ပြီ။မသာ။သေချင်းဆိုး အဲ့ဒီ​ခွေးမ​သောက်​တဲ့အ​ရေ​တွေကို​သောက်​သိလား။ဒီမှာ လူ​တွေက ​ခွေးဖြစ်​​တော့မယ်​”
 
ဝင်း​မောင်​ အ​မေက ဒယီးဒယိုင်​ဖြင့်​ ဝင်​လာ​သော သူ့​အ​ဖေကို ဆီး၍လက်ညှိုး​ငေါက်ေ​ငါက်ထိုးကာပျစ်​ပျစ်​နှစ်​နှစ်​​ပြောဆိုလုပ်​သည်​။မည်​သူမျှ ဂရုမစိုက်​ကြ။သူတို့ ရပ်​ကွက်​က​လေးရဲ့ ဖြစ်​ရိုးဖြစ်​စဉ်​။
 
“​ခွေးမ။ငါ့ပိုက်​ဆံနဲ့ငါ​သောက်​တာ ဘာဖြစ်​လဲ။အေး…ငါကအရက်​ပဲ​သောက်​တာ။နင့်​လို သူများမယားငယ်​ အဖြစ်​မခံဘူးရှင်းလား…ကဲဟာ…ကဲဟာ”
 
ဦးတင်​​မောင်​က တဲစုတ်​က​လေးရဲ့ အကာများကို ​ခြေ​ထောက်​ဖြင့်​ကန်​သည်​။နဂိုကတည်းက ပြက်​ကျလုမတတ်​ ရွဲ့​စောင်း​စောင်းဖြစ်​​နေ​သော အကာသည်​ ဦးတင်​​မောင်​၏ ကန်​ချက်​​ကြောင့်​ လုံးဝပြုတ်​ထွက်​သွား​သည်​။သို့​သော်​ ​ဒေါသမီးလျှံ​တွေက​တော့ အရှိန်​မ​သေ​သေး။ဝင်း​မောင်​၏ ညီမ​လေးက စူးစူးဝါးဝါး​ထအော်​ငိုသည်​။
 
“​ဟေ့​ကောင်​ ဝင်း​မောင်​ အဲ့​ကောင်​မ ပါးစပ်​ကို ပိတ်​ထားလိုက်​စမ်းကွာ။အေး…မင်းမပိတ်​ရင်​ ငါလာပိတ်​မယ်​”
 
ဦးတင်​​မောင်​က ယိုင်​တိုင်​တိုင်​နှင့်​အိမ်​​ပေါ်သို့ ကုန်းတတ်​သည်​။သူ့မိန်းမက ရင်​ဘက်​ကို တွန်း​ချလိုက်​သဖြင့်​ ဖုတ်​ခနဲ
မြေကြီး​ပေါ်သို့ပက်​လက်​က​လေးပြုတ်​ကျသွား​သည်​။ဝင်း​မောင်​က ​နောက်​​ဖေး​ပေါက်​မှ က​လေးနှစ်​​ယောက်​ကို လက်​ဆွဲကာ တခြားအိမ်​သို့ ​​ခေတ္တသွား၍​ရှောင်​​နေ​သည်​။ရန်​ပွဲက​တော့ ကြမ်းသထက်​ကြမ်းလာသည်​။
 
“ဒီမှာ မိန်းမပျက်​မ။အယုတ်​တမာမ။နင်​အခု အိမ်​​ပေါ်ကဆင်း။နင့်​လို မိန်းမမျိုးနဲ့အတူမ​နေနိုင်​ဘူး”
ဦးတင်​​မောင်​က စကားကို ပလုံးပ​ထွေးဖြင့်​​ပြောသည်​။
 
“​အော်​…ရှင်​က​တော့လူ​ကောင်းကြီး​ပေါ့​လေ။ငါးပြား​တောင်​အိမ်​ပြန်​မ​ပေးတဲ့လူက။ရှင်​ မြိုဆို့တာ ဘယ်​သူဟာနဲ့မြို့ဆို့လဲရှင်​သိလား။ကျွန်​မတစ်​ခုပဲ​ပြောမယ်​ ကိုတင်​​မောင်​။ရှင့်​ ဒဏ်​ကို ကျွန်​မခံလာတာ အခုက​လေးသုံး​ယောက်​ရ​နေပြီ။ရှင်​ ဘာ​ပြောင်းလဲ လဲ။ဘာမှ မ​ပြောင်းလဲဘူး။ခုကျွန်​မ ရှင့်​ဒဏ်​မခံနိုင်​​တော့ဘူး”
 
ဝင်း​မောင်​မ​အေက ၇အိမ်​ကြား၈အိမ်​ကြား ​အော်​ဟစ်​ပြီး ​ပြောလိုက်​သည်​။
 
“​ပြောပြီ​ပေါ့။အခု​တော့ သံ​ချောင်းဆိုတဲ့အ​ကောင်​က နင့်​အတွက်​ လက်​​မောင်းကြီးတစ်​ဖက်​​ပေါ့​လေ”
 
“ဒီမှာ ကိုတင်​​မောင်​ ရှင့်​လို​ယောက်ျားတစ်​​ယောက်​ကို ယူထားရတာက ​ခွေးကိုအမြီးဖြတ်​ပြီး လင်​လုပ်​ထားရသလိုပဲ။သံ​ချောင်းဆိုတဲ့အ​ကောင်​နဲ့ကျွန်​မနဲ့ ဘာမှမဆိုင်​ဘူး။ဘာမှလာမ​ပြောနဲ့ကြားလည်းမကြားချင်​ဘူး။ခု ကျွန်​မ ဒီအိမ်​​ပေါ်က ဆင်းတယ်​”
 
ဝုန်း ဝုန်း ဒိုင်း ဒိုင်း အသံများကြားလိုက်​ရသည်​။ဦးတင်​​မောင်​အသံလည်း တိတ်​ဆိတ်​သွားသည်​။ခဏကြာ​တော့ ဝင်း​မောင်​တို့ ​မောင်​နှစ်​မသုံး​ယောက်​အိမ်​ပြန်​​ရောက်​သွားကြသည်​။သူ့အ​မေက အိမ်​မှာမရှိ​တော့။မြို့မှာလဲမရှိ​တော့။သူ့အ​မေ ဘယ်​ကို ခရီးနှင်​သွားလဲဆိုတာ ဘယ်​သူမှမသိလိုက်​ကြ။ခွေး​လေးတစ်​​ကောင်​​ပျောက်​ဆုံးသွားသလို၊​ကြောင်​​လေးတစ်​​ကောင်​ ​ပျောက်​ဆုံးသွားသလို။ဝင်း​မောင်​ သူ့ဘဝကို သူ​တွေးရင်း နာကျည်းလာမိသည်​။မုန်းတီးလာမိသည်​။ရွံရှာလာမိသည်​။စပ်​ဆုပ်​လာမိသည်​။သူ့အ​ဖေကလည်း အရက်​ကလွဲ၍ ဘာကိုမှ မသိ။နေဝင်​မိုးချုပ်​ မြို့ကိုလှည့်​၍ အရက်​လည်​​သောက်​​နေသည်​။ဝင်း​မောင်​ဆီက ​တောင်းသည့်​အခါလည်းရှိသည်​။မ​တောင်းသည်​ကများသည်​။
 
သူ့အ​မေအိမ်​မှာမရှိ​တော့သဖြင့်​ မိသားစုတာဝန်​က ဝင်း​မောင်​အ​ပေါ်ကျလာသည်​။သူ့အ​ဖေကိုအားကိုးလို့်​မရ။ဘယ်​တုန်းကမှလဲ အားမကိုးခဲ့ရ။သည်​​တော့ ​ရေသန့်​ဘူး​ခွံ​တွေ၊အချိုရည်​ ဘူးခွံ​တွေကို အရင်​ထက်​ပို​ကောက်​ရသည်​။ပြီး​တော့ သူတို့မြို့က တန်​ခိုးကြီးဘုရားမှာ ဘုရားလာဖူးသူများ၏ဖိနပ်​ကို ​​မနက်​​ရော၊ည​နေ​ရော သွား၍​စောင့်​​ရှောက်​ရသည်​။ဖိနပ်
စောင့်​​ရှောက်​ရသည့်​အလုပ်​ကမလွယ်​။ဝင်း​မောင်​တို့လို သူ​တွေကအများသား။ဘုရားဖူး လာသူတိုင်းကလည်း ​စေတနာရှိ
ကြသည်​။အနည်းဆုံး ၂၀၀ ​လောက်​​တော့စွန့်​ကြဲသွားကြသည်​။ထို့​ကြောင့်​ ​နေ့တွက်​ကိုက်​ဖို့ ဖိနပ်​လုရသည်​ကအ​မော။
 
“ဟူး…..။ဆင်းရဲလိုက်​တာ….”
 
ဝင်း​မောင်​ ​နှုတ်​က​နေ ​ရောင်​ရမ်းပြီး ညည်းညူမိလိုက်​သည်​။
ဗိုက်​ထဲမှ ဆာ​လောင်​မှု​တွေက ပြင်းထန်​လာသည်​။သူ့ညီ၊သူ့ညီမ​တွေက လက်​ထဲမှ မုန့်​ကိုယ်​ဆီကိုင်​ထားရင်းသူ့ရှေ့မှာ ရပ်​​နေကြသည်​။
 
“ကိုကြီး ဆန်​နဲ့ငါး​ခြောက်​​လေး သွားဝယ်​လိုက်​ဦးမယ်​​နော်​။ဘယ်​မှ ​လျှောက်​မသွားနဲ့​ကြားလား။အိမ်​မှာပဲ​နေ”
 
ပိုက်​ဆံအ​ကြွေ​လေးများကို လက်​ထဲတွင်​ ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ကာ လမ်းထိပ်​က ​ဈေးဆိုင်​ဘက်​သို့ ဝင်းေ​မာင်​ထွက်​သွား​လေသည်​။
 
“​ဟေ့​ကောင်​ ဝင်း​မောင်​မထ​သေးဘူးလား”
သူငယ်​ချင်းဖြစ်​သူ လာနှိုးမှ ဝင်း​မောင်​အိပ်​ရာက​နေ အလူးအလဲကုန်းရုံးထသည်​။ပြီး​တော့ ညီဖြစ်​သူနှင့်​ညီမဖြစ်​သူကို ကြည့်​လိုက်​သည်​။ဒူးက​လေးကြားလက်​ညှပ်​ကာ ပုစွန်​ထုပ်​​ကွေး​ကွေး​နေ​ကြသည်​။သူတို့​လေး​တွေရဲ့ မျက်​နှာ​ပေါ်မှာ​တော့ ဘာအပူအပင်​​သောကမှမရှိ။ထာဝရ​ပျော်​ရွှင်​ခြင်းပါပဲ။တကယ်​လို့ တစ်​ဝမ်းတစ်​ခါးအတွက်​ သူ့လို ရှာ​ဖွေစား​သောက်​​နေရမည်​ဆိုလျှင်​ သူတို့​လေး​တွေ​ပျော်​နိုင်​ရှာပါ့မလားဟု ဝင်း​မောင်​​တွေးမိသည်​။ပြီး​တော့ မျက်​နှာကပျာကသီသစ်​ကာ အိုးအဖုံးကို လှန်​ကြည့်​လိုက်​သည်​။ထမင်းကြမ်းခဲ​လေးက ​ကြောင်​​ခေါင်း​လောက်​။ထို့​နောက် ညက ကြက်သားဟင်းေ​​​လးနဲ့စားချင်လိုက်တာကိုကြီးရယ် ဆိုသည့် ညီမဖြစ်သူ၏စကားကိုပြန်ကြား​​ယောင်မိသည်။ဝင်း​မောင်​ သူ့အ​ဖေအိပ်​သည့်​ ​နေရာကိုကြည့်​လိုက်​​​သောအခါ အိပ်ရာထဲမှာမ​ရှိ​တော့။ဝင်း​မောင်​လည်း သူ့လက်​စွဲ​တော်​ ပီနံအိတ်​ကြီးကို ​ခေါက်​ကာချိုင်းကြားညှပ်​လိုက်​သည်​။ထို့​နောက်​ အရွယ်​နှင့်​မမျှသည့်​ အင်္ကျီကြီးကိုလည်း ​အနည်းငယ်​ပြင်​ဝတ်​လိုက်​သည်​။
 
“လာသူငယ်​ချင်းသွားကြမယ်​”
 
ဝင်း​မောင်​က သူ့သူငယ်​ချင်း​ကို​ပြောကာ ​ရှေ့မှထွက်​သွားသည်​။ထိုအချိန်​တွင်​ အ​ရှေ့ဘက်​မှ ​ရောင်​နီတချို့သန်းလာကြသည်​။ငှက်​က​လေး​တွေက တကျွီကျွီနှင့်​​အော်​မြည်​​နေကြသည်​။
 
“ငါတို့အရင်​ဆုံးဘယ်​သွားကြမလဲ။ရွှေ​တောင်​ကြီးဆီသွားမလား”
သူငယ်​ချင်းဖြစ်​သူက ​အမှိုက်​ပုံကြီးကို ​ရွှေ​တောင်​ဟု တင်​စား​ခေါ်​ဝေါ်လိုက်​ခြင်းဖြစ်​သည်​။ခေါ်လည်း ​ခေါ်ထိုက်​ပါသည်​။ထိုအမှိုက်​ပုံသည်​ သူတို့အတွက်​ ​ရွှေပင်​ဖြစ်​သည်​။နေ့စဉ်​ထမင်းစားဖို့မပူရ​။ထိုအမှိုက်​ပုံကြီးက ​နေ့စဉ်​​ရွှေဥ​တွေကို ဥ​ပေး​နေသည်​။
 
“မသွား​သေးဘူးကွာ။ငါတို့ ဘုရားကို အရင်​ဆုံးသွားမယ်​”
ဝင်း​မောင်​က ​တွေး​တွေးဆဆ​ပြောလိုက်​သည်​။
“ဘာဖြစ်​လို့လဲဟ။အရင်​တုန်းက ဘုရားကို ​နေမြင့်​မှ သွားတာပါ”
သူငယ်​ချင်းဖြစ်​သူက ထူးဆန်းသည့်​မျက်​လုံးများဖြင့်​ကြည့်​ကာ ဝင်း​မောင်​ကို​ပြောသည်​။
“ဟုတ်​တယ်​။ငါ့ညီမ​လေး ကြက်​သားဟင်းစားချင်​တယ်​ဆိုလို့”
သူငယ်​ချင်းဖြစ်​သူလည်း ​သြော်​ဟုဆိုကာ အဓိပ္ပါယ်​​ပေါက်​သွားသဖြင့်​ စကားဆက်​၍မ​ပြော​တော့။ဘုရားသို့ ချီတတ်​သွားကြ​လေသည်​။
 
ဘုရားကို ​ရောက်​​တော့ သူတို့လိုလူမျိုး​တွေ ဟို​နေရာတစ်​စု၊သည်​​နေရာတစ်​စု ကိုယ့်​အဖွဲ့နှင့်​ကိုယ်​စုမိ​နေကြသည်​။မနက်​ခင်းဘုရားလာသူများကလည်း တဖြည်းဖြည်းနှင့်​စည်​ကားလာကြသည်​။စည်​ကားလာသည်​နှင့်​အမျှ
 
“ဦး​လေး၊​ဒေါ်​လေး၊အစ်​ကိုကြီး၊အစ်​မကြီးတို့​ရေ မုန့်​ဖိုး​လေးပဲ​ပေးခဲ့ပါ။ဖိနပ်​က​လေး​တွေ အပ်​ထားခဲ့လို့ရပါတယ်​”
 
“အစ်​ကို ကြီးဖိနပ်​​ပေးပါ။ကျွန်​​တော်​ ကြည့်​ထားပါရ​စေ”
 
“အစ်​မကြီးဖိနပ်​က​လေး​ပေးပါ။စောင့်​​ရှောက်​ထားပါရစေ။စိတ်​ချပါမ​ပျောက်​​စေရပါဘူး။မုန့်​ဖိုး​လေးပဲ​ပေးခဲ့ပါ”
 
“ဦး​လေးဖိနပ်​ထားခဲ့ဦး​လေ။လုပ်​ပါဦး​လေးရာ မုန့်​ဖိုး​လေးပဲ ​ပေးပါ​နော်​”
 
တစ်​​ယောက်​တစ်​​ပေါက်​နှင့်​​အော်​ဟစ်​ကာ သူများထက်​ဦး​အောင်​ အလုအယက်​၊အပြိုင်​အဆိုင်​ ​တစာစာ​အော်​ဟစ်​​နေကြရသည်​။ဝင်း​မောင်​တို့ သူငယ်​ချင်းနှစ်​​ယောက်​ကလည်းထို့နည်းလည်းကောင်း…။
 
ဝင်း​မောင်​ လက်​ထဲကပိုက်​ဆံ​လေး​တွေကို ​​ရေတွက်​ကြည့်​​တော့ တစ်​​ထောင်​ပင်​မပြည့်​တတ်​၊ပြည့်​တတ်​။တစ်​​ထောင်​ပြည့်​ ဖို့၂၀၀လို​သေးသည်​။နောက်​ထပ်​ဘုရားဖူးလာသူတစ်​​ယောက်​ကို ​မျှော်​ရ​ချေ​တော့မည်​။သိပ်​မကြာလိုက်​ အသက်​၃၀အရွယ်​ အမျိုးသမီးတစ်​​ယောက်​ ဖိနပ်​က​လေးကိုင်​ကာဘုရားထဲ ဝင်​လာသည်​။
 
“အန်​တီ၊အန်​တီဖိနပ်​သားကို​ပေးပါ။သား ကြည့်​ထားပါရ​စေ​နော်​”
 
ဝင်း​မောင်​က ထိုအမျိုးသမီး​၏ဖိနပ်ကိုကိုင်ရင်းေ​​​ဘးနားသို့ကပ်​ကာ ​ပြောလိုက်​သည်​။
 
“အန်​တီ၊အန်​တီ ဖိနပ်​သားကို​ပေးပါ။သားကြည့်​ထားပါရ​စေ။မုန့်​ဖိုး​လေးပဲ​ပေးပါ။မနက်​စာလည်းမစားရ​သေးလို့ပါအန်​တီရယ်​”
 
တစ်​ခါမှဝင်း​မောင်​မ​တွေ့ဘူး​သော​ကောင်​​လေးတစ်​​ယောက်​က ဝင်း​မောင်​ဖိနပ်​ကိုလာ၍လုသည်​။ဖိနပ်​ပိုင်​ရှင်​ အန်​တီကလည်း ဘယ်​သူ့ဆီမှာ အပ်​ခဲ့လို့အပ်​ခဲ့ရမှန်းမသိ။သည်​​တော့ ပထမဆုံးဖြစ်​သူ ဝင်း​မောင်​ထံ၌သာ အပ်​ခဲ့သည်​။
 
“​ပေးကွာ…အဲ့ဒါငါ့ဟာ”
ဝင်း​မောင်​ မမြင်​ဘူးသည့်​​ကောင်​​လေးက သူ့လက်​ထဲမှ ဖိနပ်​ကိုဆွဲ၍လုသည်​။
“ငါအရင်​ဆုံး ရတာ။အဲ့ဒါ ငါ့ဟာ”
ဝင်း​မောင်​က ပြန်​လုသည်​။ထိုသို့ သူ့ဟာ၊ငါ့ဟာ ဆွဲရင်းလုရင်းမှ နပန်းလုံးကြ​တော့သည်​။ဝင်း​မောင်​က ​ဘေးနားတွင်​ရှိ​သော အုတ်​နီခဲကို ​ကောက်​ကိုင်​လိုက်​သည်​။ထို့​နောက်​ အုတ်​နီခဲကိုင်​ထား​သောလက်​ကို တအားကုန်​​မြှောက်​တင်​လိုက်​သည်​။သူ့ မျက်​လုံးထဲမှာ ​ငွေ၂၀၀နှင့်​ကြက်​သားကိုသာမြင်​သည်​။ကျန်​တာဘာမှမမြင်​​တော့…။
မြတ်သိမ်းခိုင်
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s