Broken Finger လက်ချောင်းကျိုးခြင်း

broken finger လက်ချောင်းကျိုးခြင်

မော်လမြိုင်၊ ၁၇ ဇန်နဝါရီ ၂၀၁၉
 
၁။ မင်္ဂလာပါဆရာ။ လက်ညှိုးအဆစ်နားကျိုးသွားတယ်လို့ပြောပါတယ်။ ဒီဇင်ဘာ ၂၂ ကဖြစ်တာပါဆရာ။ လက်ညှိုးက အခု ဒီလောက်ထိပဲ ကွေးလို့ရတယ်ဆရာ အသက်က ၃၄ နှစ်ပါဆရာ။
 
အသက်-ကျား-မ ကို အရင်မရေးတာတိုင်းကို ၂ ခါထပ်ဖတ်ရပါကြောင်း အကြိမ်ပေါင်းများစွာ ရေးထားတယ်။ အချိန်ပိုကုန်စေတယ်။
 
၂။ ဆရာ လက်သန်းလေးကျိုးသွားတယ်။ လက်အဆစ်ကလေး ဆရာဝန်က ကျောက်ပတ်တီး အများကြီး ကိုင်ထားတယ်။ တလခွဲနေရမယ်ပြောတယ်။ သူ့ရက်မတိုင်ခင်ဖြည်ပြီး တရုတ်ဆေးတို့ဘာတို့စည်းလို့မရဘူးလားဆရာ။ စိတ်ပင်ပန်းလို့ပါ။ လက်သန်းကအဆစ်ကလေးပဲကျိုးတာ ကျောက်ပတ်တီးကိုင်ပြီး ဓာတ်မှန်ရိုက်ကြည့်တော့ လက်အဆစ်က ပြန်တည့်သွားပြီလို့ ပြောတယ်။
 
စမ်းသပ်ကုသပေးတဲ့ဆရာဝန်က အသိဆုံးဖြစ်တယ်။ တရုပ်-ကုလား-ဗမာ အရပ်နည်းနဲ့ ဆိုးသွားသူတွေက မေးကြတာ အများကြီးရှိတယ်။
 
ဟုတ်ဆရာ တလတောင်နေရမှာစိတ်ညစ်လို့ပါ ကျေးဇူးပါဆရာ အရိုးအကြောအထူးကုနဲ့ပြတယ်ဆရာ။
 
ကျွန်တော်လည်း လက် တလခွဲတခါ၊ ဒူး ၂ လ တခါ စည်းရဖူးတယ်။ အကျိုးပေးသော ဆရာဝန်စာ ပို့လိုက်တယ်။
 
ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။ လက်ဗွေနှိပ်ရလို့ ကျောက်ပတ်တီးဖြည်လိုက်ရတယ်။ လက်က အဲ့လိုကြီးဆရာ။ နာနေတုန်းပဲ အသံလဲမြည်နေတယ်။ ဂျွတ်ဂျွတ်နဲ့ ပြန်သွားစည်းရမှာပေါ့နော်။ ပိုကောက်လာသလိုပဲ။
 
ဓါတ်မှန်ရိုက်မှ သိပါမယ်။ ဆောရီး။
 
လက်ချောင်းတိုင်းမှာ အရိုးလေးတွေ ၃ ချောင်းစီရှိတယ်။လက်မမှာ ၂ ချောင်းစီ။ ထိခိုက်မိရင် အရိုးကျိုးနိုင်တယ်။ ထိခိုက်မှုပုံစံနဲ့ ပြင်းအားအရ ကျိုးတာမတူပါ။ အသက်ကြီးသူတွေနဲ့ အာဟာရချို့တဲ့သူတွေမှာ ပိုဆိုးတယ်။ ဆောရီး။
 
Avulsion fracture အမျိုးအစားဆိုတာ အရိုးသာမက သူနဲ့ဆက်တွယ်နေတဲ့ ligament or tendon အရွတ်ပါစုတ်ပြဲပြီး အရိုးကနေ ကွာသွားတာတာကို ခေါ်တယ်။
 
Impacted fracture ဆိုတာ ကျိုးသွားတဲ့အရိုးတွေက တခုနဲ့တခု ဖိကပ်သွားတာ။
 
Shear fracture ဆိုတာ အရိုးက ၂ ပိုင်းဖြစ်သွားပြီး ဦးတည်ရာမတူတာဖြစ်တာကိုခေါ်တယ်။
 
Skin involvement အရိုးကျိုးတာမှန်သမျှ အပ်ါဖုံးအရေပြားကိုထိခိုက်မှုကိုပါထည့်စဉ်းစားရတယ်။ Open fracture ဒဏ်ရာပွင့်သွားတာက ကုသရတာ ပိုရှုတ်ထွေးတယ်။ ပိုသတိထားရတယ်။ Closed fracture ပိတ်နောက သက်သာတယ်။
 
Bone position အရိုးအနေထားကြည့်ရမယ်။ ကျိုးတဲ့အရိုးရွေ့သွားရင် တည့်အောင်ပြင်ရမယ်။ နည်းနည်းသာဖြစ်တာ ကိစ္စမရှိလောက်ပါ။ အရိုးတွေရဲ့ ဝင်ရိုးမျဉ်းကိုကြည့်ရတယ်။ ၂-၃ ပိုင်းကျိုးတာလည်းရှိတယ်။
 
ကျိုးရင် နာမယ်။ ရောင်မယ်။ လှုပ်ရှားမှု အရင်ကလိုမရဖြစ်မယ်။
 
သေချာအောင် အမြင်ကိုကြည်ခြင်း၊ စမ်းသပ်ခြင်းနဲ့ X-rays ဓါတ်မှန်လိုတယ်။
 
ကုသနည်း
တယောက်ချင်းဖြစ်တာအရ လုပ်ရတယ်။ တချို့ကို ကပ်နေတဲ့ လက်ချောင်းအကောင်းနဲ့တွဲပြီး ပလာစတာ ကပ်ပေးထားတာနဲ့ ရတယ်။ လက်နှစ်ချောင်းကြား အစတခုခုပါးပါးခံရတယ်။ ပွတ်တိုက်မှု သက်သောစေအောင် ဖြစ်တယ်။
 
မငြိမ်တဲ့အမျိုးအစားကိုတော့ ငြိမ်အောင်လုပ်ပေးထားရတယ်။ စပလင့် ခေါ် အပြားအမာစားတခုခုလိုတယ်။ ပုံစံပါ ပြောင်းတာအတွက် တချို့ကို ခွဲစိတ်ပြုပြင်ပေးရတယ်။ ဆောရီး။ တခုမကကျိုးတာ၊ အဆစ်ပါထိခိုက်တာ၊ အရွတ်စုတ်ပြဲတာ၊ အရိုးချင်းဖိကပ်သွားတာတွေအတွက် ခွဲစိတ်မှုလိုမယ်။ တချို့ကို ပင် ခေါ် သတ္တုချောင်း၊ ဝက်အူ။ ဝိုင်ယာ ထည့်ပေးရတယ်။
 
ပြန်ကောင်းဘို့ အချိန်ယူတယ်။ မတူကြပါ။ အရိုးကျိုးတာ ငယ်သူတွေက ပိုမြန်တယ်။ ကိုယ်အပေါ်ပိုင်းအရိုးတွေက အောက်ပိုင်းအရိုးတွေထက် မြန်တယ်။ ပွင့်မထွက်ပဲကျိုးတာက ပိုမြန်တယ်။ ချက်ချင်းစနစ်တကျကုသတာက ပိုမြန်တယ်။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s