စစ်ကလုပ်တဲ့ ဒုက္ခိတ

မော်လမြိုင်၊ ၁၀ ဇန်နဝါရီ ၂၀၁၉
(ကဗျာ)
 
စစ်ပွဲတွေရပ်ဖို့မျှော်လင်းရင်း
ဖေဖေဟာ စစ်တလင်းထဲ ခြေတစ်ဖက်ပြတ်ခဲ့
စစ်ပွဲတွေပြီးပါစေလို့ဆုတောင်းရင်း
မေမေဟာ စစ်တလင်းထဲ လက်တစ်ဖက်ပြတ်ခဲ့
ချိုင်းထောက်တစ်ဖက်နဲ့ အဖေဟာ
သူနိုင်ရာ ဝင်ကူထမ်းရင်း
အိမ်ထောင့်အရေး ဝန်မလေးစေခဲ့
လက်တစ်ဖက်ပြတ်နဲ့ အမေဟာ
ဟောဒီက အကြော်စုံပူပူလေးလို့အော်ရင်း
မိသားစုအရေး ကူဝင်ရေးခဲ့
အဖေခြေပြတ် အမေလက်ပြတ်နဲ့
လိုသမျှတ မရခဲ့နိုင်တောင်
ဘဝဟာရသမျှနဲ့ကို ပြည့်စုံနေ
အဲဒီလို မေတ္တာမငတ်ရတဲ့ ရပ်ဝန်းလေးထဲမှာ
ကျမ ခေါင်းလောင်းထိုးသံကို
အိပ်မက်မက်ခဲ့ဖူးတယ်
ကျမနဲ့ရွယ်တူတွေ စာကျက်သံကို
အိပ်မက်မက်ခဲ့ဖူးတယ်
အိပ်မက်ထဲမှာတင်မက
ကျမ အပြင်မှာတကယ်ကြားခဲ့ရတယ်
ကျမ အဲဒီအရာတွေကို တွေ့ရဖို့ကြိုးစားရင်း
နေ့ ရက် လ နှစ်တွေ ပြောင်းသွားရင်း
ဒီယမ်းငွေ့တွေကြား ဒီသေနတ်သံများကြား
ဒီစစ်ပွဲတွေကြားထဲ မဖြစ်နိုင်တဲ့အခြေနေမျိုးနဲ့
တကယ်ဆို ကျမလည်း ကျောင်းတက်ဖြစ်ဖို့
ဝေးခဲ့ရတဲ့သူတစ်ယောက်ပါပဲလေ ။ ။
 
ဆောင်းပိုင်ရှင်(မော်လမြိုင်)
Mawlamyine Daily

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s