Alcohol damages DNA and increases cancer risk အရက်ကြောင့် ကင်ဆာဖြစ်နိုင်

alcohol damages dna and increases cancer risk အရက်ကြောင့် ကင်ဆ

မော်လမြိုင်၊ ၅ ဇန်နဝါရီ ၂၀၁၉
 
ကြွက်တွေကို စမ်းသပ်နေတဲ့ ဆေးသုတေသနတခုအရ အရက်ကနေ စတမ်ဆဲလ်တွေရဲ့ ဒီအင်အေကို ပြောင်းစေတာ ယူကေနိုင်ငံမှာတွေ့တယ်။ ဒီအင်နေ ပြောင်းခြင်းကနေ ကင်ဆာ ဖြစ်စေတယ်။ အရက်သောက်သူတွေမှာ ဘာကြောင့် ကင်ဆာဖြစ်ရသလဲမေးခွန်းကို ထောက်ကူပြုတဲ့ တွေ့ရှိချက်သစ် ဖြစ်ပါတယ်။
 
မျိုးဗီဇကို ရာသက်ပန်ပြောင်းစေတာကို ကိမ်းဘရစ်ခ်ျယူနီဗာစီတီမှာ သိလာတာဖြစ်ပါတယ်။ ဓါတုဗေဒလို အရက်ကို အက်သနောလ်လို့ ခေါ်တယ်။ အဲတာကနေ ကျန်းမာရေးအန္တရာယ်ဖြစ်စေတဲ့ အက်စ်တယ်လီဟိုက် ပြောင်းလာတယ်။ အဲတာကနေ သွေးထဲက စတမ်ဆဲလ်တွေရဲ့ ဒီအင်အေကို ပျက်စီးစေတယ်။ ခရိုမိုဇုမ်း အစီအစဉ်ကို ရာသက်ပန် ပြောင်းလဲစေတယ်။ အဲတာက ကင်ဆာဆီဦးတည်နေတယ်။
 
အသစ်တွေ့ရှိချက်ကနေ ကင်ဆာ ၇ မျိုးဖြစ်ရခြင်းကို ပိုပြီးနားလည်လာစေတယ်။ ပါးစပ်၊ အာခေါင်၊ လေပြွန်၊ အစာမျိုပြွန်၊ ရင်သား၊ အသည်း၊ သရက်ရွက်နဲ့ အူမကြီးကင်ဆာတွေ ပါတယ်။
 
အရက်သောက်ရင် ခန္ဓာကိုယ်က ခုခံဖို့ကြိုးစားတယ်။ ပဌမဆုံးက Aldehyde dehydrogenases (ALDH) ခေါ် အင်ဇိုင်းမ် ဖြစ်တယ်။ သူကနေ Acetaldehyde အက်စ်တယ်လီဟိုက်ကို Acetate အက်စစ်တိတ်အဖြစ် ပြောင်းရာမှာကူညီတယ်။ အဲတာကို အင်နာဂျီအဖြစ် အသုံးချတယ်။
 
အရှေ့တောင်အာရှမှာ အဲလိုအင်ဇိုင်းမ်တွေ နည်းနေတာ ဒါမှမဟုတ် မူမှန်မဟုတ်တာတွေ့ရတယ်။ အဲလိုလူတွေ အရက်သောက်ရင် အက်စ်တယ်လီဟိုက်တွေ များနေတော့မယ်။ ကျန်းမာရေးထိခိုက်လာမယ်။ မြန်မာနိုင်ငံက အဲဒီဒေသမှာ ရှိတယ်။ ဆောရီး။
 
ဒုတိယခံတပ်ကတော့ DNA repair systems ခေါ် ဒီအင်အေ ပြုပြင်ထိန်းသိမ်းရေးဖြစ်တယ်။ အဲဒီစနစ် မကောင်းရင် ပြင်မပေးနိုင်တော့ဘဲ မြူတေးရှင်း ခေါ် မျိုးဗီဇပြောင်းလဲတာဆက်ဖြစ်မယ်။ အဲတာက ကင်ဆာဖြစ်စေတယ်။
 
ယူကေနိုင်ငံမှာ ကင်ဆာလူနာပေါင်း ၁၂ဝဝဝ မှာ အရက်နဲ့ဆက်စပ်နေတယ်။ မြန်မာပြည်မှာ မသိပါ။ နည်းပါစေသတည်း။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s