နိုဝင်ဘာလ ၃၀ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၀ နိုဝင်ဘာ ၂၀၁၈   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အနောက် အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။   ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။   မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ပါသည်။   နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးအနည်းငယ် ဆက်လက်ရွာနိုင်ပါသည်။   နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။   … Continue reading နိုဝင်ဘာလ ၃၀ရက်နေ့ မိုးလေဝသခန့်မှန်းချက်

Vaginal odor ဗဂျိုင်းနား အနံ့ဆိုးနေခြင်း

မော်လမြိုင်၊ ၃၀ နိုဝင်ဘာ ၂၀၁၈   (ကန်တော့ပါ)   မွေးလမ်းကြောင်းလို့ ယဉ်ယဉ်ကျေးကျေးခေါ်တဲ့ ဗဂျိုင်းနားဟာ တခြားကိုယ်ခန္ဓာနေရာအစိတ်အပိုင်းတွေလို ကိုယ်နံ့ အတူတူလောက်သာရတာက ပုံမှန်ဖြစ်တယ်။ အတွင်းပိုင်းမှာ လုံခြုံအောင် အထပ်ထပ်ဝတ်ထားရာနေရာဖြစ်လို့တော့ တခြားနေရာတွေထက် လှောင်ထားခံရတဲ့ အနံ့မျိုးတော့ ရနေနိုင်တယ်။ လိင်စိတ်ဖြစ်ပေါ်နေခိုက်မှာ ထူးခြားတဲ့အနံ့မျိုးလဲ ရနေနိုင်တယ်။ ဒိထက် ထူးနေတာမျိုးဆိုရင် အနံ့ဆိုးရနေတာ ဖြစ်ပါတယ်။   အနံ့တွေကို နာမဝိသေသနနဲ့ သေသေချာချာ ခွဲပြောလေ့ရှိရတယ်။ စိမ်းရွှေရွှေနံ့၊ ပုတ်သိုးသိုးနံ့ စသဖြင့်ရှိနိုင်တယ်။ အင်္ဂလိပ်လို Fishy smell ငါးညှီနံ့လို့ခေါ်တာမှာတူတယ်။ Repugnant fishy odor ငါးညှီနံ့ရတယ်လို့ တိတိကျကျ ခေါ်တယ်။   မိန်းကလေးတွေ ကိုယ်နံ့ မတူတတ်တာထဲမှာ ဒီနေရာက အနံ့လဲပါတယ်။ သဘာဝပါ။ ရာသီဆင်းချိန်မှာလဲ အနံ့မတူ … Continue reading Vaginal odor ဗဂျိုင်းနား အနံ့ဆိုးနေခြင်း