Lion Air လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် အင်ဒိုးနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပျက်ကျ

This slideshow requires JavaScript.

မော်လမြိုင်၊ ၂၉ အောက်တိုဘာ ၂၀၁၈

အောက်တိုဘာ ၂၉ရက်နေ့ မနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာလေဆိပ်မှ စတင်ထွက်ခွာကာစ Lion Air လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်ဟာ ပင်လယ်ထဲကို ပျက်ကျသွားတယ်လို့ အင်ဒိုနီးရှားရဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အေဂျင်စီက ပြောပါတယ်။

ပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှာ မွေးကင်းစ ကလေး ၂ဦး၊ ကလေးငယ် ၁ဦး နဲ့ လေယာဉ်ဝန်ထမ်း ၈ဦး အပါအဝင် ခရီးသည် စုစုပေါင်း ၁၈၉ ဦး လိုက်ပါသွားတယ်လို့ အေဂျင်စီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပျက်ကျသွားတဲ့လေယာဉ်ဟာ ဘိုရင်း 737 MAX 8 အမျိုးအစားလေယာဉ်ဖြစ်ပြီး စတင်ထွက်ခွာပြီး ၁၃မိနစ်အကြာမှာ လေယာဉ်ထိန်းချုပ်ရေး ဗဟိုဌာနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ Yusuf Latif က Reuters သတင်းဌာနကို ပြောပါတယ်။

လေယာဉ်အမှတ် JT610 ဟာ ဒေသစံတော်ချိန် မနက် ၆နာရီ၂၀မှာ စတင်ထွက်ခွာခဲ့တာဖြစ်ပြီး မနက် ၇နာရီ၂၀မှာ မှာ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြား ကျွန်းက ဘန်ကာ-ဘယ်လီတန် မှာ ဆင်းသက်ရမယ့် လေယာဉ်ဖြစ်တယ်လို့ လေကြောင်းစောင့်ကြည့်ရေး ရေဒါ ၂၄ မှာ ပြသပါတယ်။

လေကြောင်းစောင့်ကြည့်ရေးရေဒါရဲ့ ဝက်ဆိုဒ်မှာ လေယာဉ်ဟာ စတင်ထွက်ခွာပြီး မြောက်ဘက်ကို ဦးတည်ကာ ဂျာဗားပင်လယ်ထဲကို ပျက်ကျခဲ့တယ်လို့ ပြသခဲ့ပါတယ်။

အင်ဒိုနီးရှားကတော့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေဆဲဖြစ်ပြီး Lion Air Group ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Edward Sirait ကတော့ “အခုချိန်မှာတော့ ဘာမှတ်ချက်မှ မပေးနိုင်သေးပါဘူး။ လက်ရှိမှာ အချက်အလက်တွေကို ကျွန်တော်တို့ တတ်နိုင်သလောက် စုဆောင်းနေပါတယ်” လို့ ပြောဆိုသွားပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ သူ့နိုင်ငံရဲ့ ထောင်နဲ့ချီတဲ့ ကျွန်းတွေကို ဆက်သွယ်သွားလာဖို့ လေကြောင်းပို့ဆောင်ရေးကို များစွာ အားထားနေရပေမယ့်လည်း လေကြောင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး အားနည်းတဲ့ နိုင်ငံလဲဖြစ်သလို ပြီးခဲ့တဲ့နှစ်တွေမှာလဲ လူသေစေခဲ့တဲ့ လေယာဉ်ပျက်ကျမှုတွေ အများကြီးကြုံတွေ့ခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့ သြဂုတ်လမှာ ပျက်ကျခဲ့တဲ့ လေယာဉ်မှာ လူ၈ဦးသေဆုံးခဲ့ပြီး ၂၀၁၅ ခုနှစ် သြဂုတ်လမှာ ပျက်ကျခဲ့တဲ့ အင်ဒိုနီးရှား လေယာဉ်မှာတော့ ၅၄ဦး သေဆုံးခဲ့သလို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာလဲ ခရီးသည် ၁၆၂ဦး ပါဝင်တဲ့ လေယာဉ် ပျက်ကျခဲ့ပါသေးတယ်။

Mawlamyine Daily

Ref: CNA

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s