မော်လမြိုင်၊ ၁၃ အောက်တိုဘာ ၂၀၁၈
ဆရာခင်ဗျား ကျွန်တော့်နာမည့့် ပါ။ အသက် ၂၁ပါ။ ထင်ယောင်ထင်မှားဖြစ်နေတာလေး ရှင်းရှင်းလင်းလင်း သိချင်လို့ မေးပါရစေ။ လက်ဆေးလက်ပြာ အရည်တို့ ပန်းကန်ဆေးဆပ်ပြာအဆီတို့ဟာ ကင်ဆာရောဂါဖြစ်နိုင်တယ်ဆိုတဲ့ကိစ္စပါ။
နောက် အဲ့ဒီပစ္စည်းတွေက ဘယ်လောက်ဆေးဆေးမပြောင်ဘူးလို့လဲပြောနေကြလို့ ဟုတ်ပါသလားဆရာ။ လေးစားလျက်ပါ။
ဘယ်ဆရာဝန်က ပြောပါသလဲ။ ဘယ်ဆေးသုတေသနသတင်းမှာ ပါပါသလဲလို့ပြန်မေးထားပြီး သုတေသနလုပ်ရပါတယ်။
The Dangers of Typical Body Soaps and The Body Ecology ကိုယ်သုံး ဆပ်ပြာတွေနဲ့ ကိုယ်ခန္ဓာဂေဟစနစ်လို့ တွေ့ပါတယ်။ တကမ္ဘာလုံးသုံးနေကြတဲ့ ဆပ်ပြာနဲ့ သန့်ရှင်းရေးဆပ်ပြာအမျိုးမျိုးထဲမှာ ဓါတုပစ္စည်းတွေက ကျန်းမာရေးအတွက် မကောင်းပါလို့ရေးထားတယ်။ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်လို့အထိ ရေးထားတယ်။ အဲတာကြောင့် သဘာဝထုတ်တဲ့၊ ပိုးသတ်ဆေးကင်းတဲ့၊ ဟော်မုန်းမပါတဲ့ ဆပ်ပြာတွေကိုသာ သုံးသင့်တယ်လို့ဆိုပါတယ်။
Benzaldehyde ဓါတ်က အာရုံကြောစနစ်ကိုသက်ရောက်တယ်။ Benzyl Acetate ဓါတ်ကမျက်စိထဲဝင်ရင် ကင်ဆာနဲ့ တူတယ်။ Sodium Laureth Sulfate (SLS) ဓါတ်ကလည်း မျိုးဗီဇကိုသက်ရောက်စေတယ်။ Ethanol ဓါတ်က အသက်ရှူလမ်းအတွက်မကောင်းဘူး။ Linalool ဓါတ်ကမူးယစ်အစွမ်းပါတယ်လို့ထောက်ပြထားပါတယ်။
အဲတာကြောင့် Natural soaps သဘာဝဆပ်ပြာကိုသာသုံးပါ။
၁။ Neem Tulsi Soap တမာဆပ်ပြာ၊
၂။ Sandal Turmeric Soap နံ့သာဆပ်ပြာ၊
၃။ Rose-Sandal Soap နှင်းဆီဆပ်ပြာ၊
၎။ Jasmine Cheese Soap စပယ်ဆပ်ပြာ။
ကျွန်တော့်အမြင်ကတော့ အဲတာတွေ ကောင်းပါတယ်။ ဒါပေမယ့် သဘာဝဆပ်ပြာရောင်းသူတွေကနေ ရေးထားတာလို့တော့ သိကြပါ။
၁၄-၅-၂ဝ၁၄ နေ့ကလည်း သတင်းတခုတက်လာပါတယ်။ Chemicals in soap, toothpaste tied to male infertility ယောက်ျားတွေ ကလေးမရစေနိုင်တာ သွားတိုက်ဆေး၊ တပ်ပြာ စတာတွေထဲမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့်ဖြစ်နိုင်
စက်ရုံထုတ်ဓါတုပစ္စည်းတွေမှာ စိတ်ချရတယ်လို့ သတ်မှတ်ခွင့်ပြုထားတာတွေဖြစ်ပေမဲ့၊ မသိသေးတဲ့ အကြောင်း အချက်တွေကနေ ယောက်ျားတွေမှာ သုက်ပိုးကို ထိခိုက်စေတာမို့ သားသမီးမရတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဆပ်ပြာ၊ သွားဆိုက်ဆေး၊ ဆန်းဆခရင်မ် နဲ့ ကလေးကစားရာ ပလပ်စတစ်ပစ္စည်းတွေမှာ ပါတဲ့အရာတွေကနေ သုက်ပိုးကို တိုက်ရိုက်သက်ရောက်တယ်။ အဲဒီဓါတ်(တွေ) ကနေ သုက်ပိုးကူးခတ်သွားလာမှုကို ထိခိုက်စေနိုင်တယ်။ မ-ဟော်မုန်း သဘောဆောင်မယ်၊ ဟော်မုန်းထွက်မှာကို တားတဲ့သတ္တိရှိနိုင်တယ်လို့ ယူဆပါတယ်လို့သတင်းမှာပါတယ်။
ကျွန်တော့်အမြင်ကတော့ အကြောင်းအချက်တွေ ပေါင်းစုပြီးမှ ကလေးမရနိုင်တာကိုဖြစ်နိုင်တယ်လို့ ကောက်ချက် ဆွဲပါတယ်။
၂-၉-၂ဝ၁၆ နေ့က FDA ကနေ Antibacterial Soaps ပဋိဇီဝဆေးတွေပါတဲ့ဆပ်ပြာတွေကို တားမြစ်ချက် ထုတ်လိုက်တာကိုလည်း သတိပြုစေချင်ပါတယ်။
ချုပ်လိုက်ရရင် ရိုးရိုးဆပ်ပြာ မသုံးမဖြစ်ပါ။ ဆပ်ပြာထဲပါတဲ့ဓါတ်နဲ့ မတည့်မဖြစ်သူတိုင်း သုံးနိုင်ပါတယ်။ ပိုးသေဆေးပါတာ မသုံးပါနဲ့။ ကလေးတွေ ဆပ်ပြာ၊ ခေါင်းလျှော် အပျော့စားသာသုံးပါ။ အနံ့တွေထည့်တာ မွှေးပါတယ် အလာဂျီတော့ သတိထားပါ။ ပစ္စည်းအသစ်အဆန်းသာမက သတင်းအဆန်းဆိုလည်း သတိထားပါခင်ဗျား။
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)