Cardiac arrest ရုတ်တရက်နှလုံးခုန်ရပ်ခြင်း နှင့် လမ်းလွဲကိုအသိပေးတဲ့ဆောင်းပါး

မော်လမြိုင်၊ ၁၀ အောက်တိုဘာ ၂၀၁၈
 
အခုပဲတွေ့တယ်။ ဒီဆောင်းပါးလေးဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့ ပက်သက်တဲ့ ဆောင်းပါးလေးပါဆိုလို့ ဖတ်ပါတယ်။
 
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တစ်ခုတည်း မဟုတ်ပဲ နှလုံးခုန်ရုတ်တရက် ရပ်တန့်စေတဲ့ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ ရေခဲရေကနေပြီးတော့ မကြာခင်ကမှ စားသုံးထားတဲ့အစာတွေကို ဆီခဲတွေလို အစိုင်အခဲအဖြစ်ကို ရောက်စေပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ်အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေကို ဖြိုခွဲပြီးတော့ အူနံရံတွေကနေပြီး အခဲအစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာတွေဟာ အူထဲမှာ သွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာတွေဟာ အဆီခဲအဖြစ်ပြောင်းလဲ သွားပြီးတော့ ကင်ဆာရောဂါကိုဖြစ်စေဖို့ ဦးတည်နိုင်ပါတယ်။
 
ဒီသတိပေးစာဟာ ဆေးပညာအရ မမှန်ပါ။ ပက်သက်လို့ရေးတာလည်း မှားနေတယ်။
 
Sudden cardiac arrest ခေါ် ရုတ်တရက် နှလုံးခုန်ရပ်ခြင်းဆိုတာ မျှော်လင့်မထားပဲ နှလုံးခုန်ရပ်သွားမယ်။ အသက်ရှူရပ်သွားမယ်။ သတိလစ်သွားမယ်။ နှလုံးမှာ ပုံမှန်ရှိနေတဲ့ လျှပ်စီးမှုမှာ ပုံမှန်မဟုတ်ရာကနေဖြစ်တယ်။
 
Heart attack ခေါ် နှလုံးကိုပို့ပေးနေတဲ့သွေးလှည့်စနစ်မှာ တခုခုဖြစ်တာနဲ့ မတူပါ။ အဲတာကနေဆက်ပြီး ရုတ်တရက် နှလုံးခုန်ရပ်တာ ဖြစ်နိုင်တယ်။
 
ရုတ်တရက်နှလုံးခုန်ရပ်တာက အရေးပေါ်အခြေအနေတခုဖြစ်တယ်။ CPR ခေါ် အရေးပေါ် နှလုံး + အသက်ရှူတာ ပြန်ရအောင် ချက်ချင်းလုပ်ပေးရမယ်။
 
ရုတ်တရက်နှလုံးခုန်ရပ်ရင် ရုတ်တရက်လဲကျသွားမယ်။ လက်ကောက်ဝတ်သွေးခုန်တာ စမ်းမရတော့။ အသက်မရှူတော့။ သတ်လစ်သွားမယ်။
 
မဖြစ်ခင်လေးမှာ အားကုန်သလိုခံစားရမယ်။ ခေါင်းမူးမယ်။ ရင်ပတ်နာမယ်။ အသက်ရှူမဝဖြစ်မယ်။ ရင်တုန်မယ်။ အန်နိုင်တယ်။ Arrhythmia ခေါ်နှလုံးခုန်မမှန်တာ စမ်းရင်သိမယ်။ Ventricular fibrillation လို့ခေါ်တယ်။
 
နှလုံးကောင်းနေသူတချို့မှာလည်းဖြစ်နိုင်တယ်။ ဓါတ်လိုက်တာနဲ့ မူးယစ်ဆေးသုံးတာကနေဖြစ်စေနိုင်တယ်။ ရင်ပတ်ထိခိုက်ခံရလို့လည်းဖြစ်နိုင်တယ်။
 
နှလုံးရောဂါတွေကနေဆက်ဖြစ်တာကများတယ်။
• Coronary artery disease ခေါ် နှလုံးသွေးကြောရောဂါ၊
• Heart attack နှလုံးအတက်ရခြင်း၊
• Enlarged heart နှလုံးကြီးနေခြင်း၊
• Valvular heart disease နှလုံးအဆိုးရှင်ရောဂါ၊
• Congenital heart disease မွေးရာပါနှလုံးရောဂါ၊
• Electrical problems in the heart နှလုံးလျှပ်စီးမူမမှန်ရောဂါ၊
 
Risk factors ဖြစ်နိုင်တဲ့အလားအလာရှိသူတွေ
• မိသားစုရာဇဝင်ရှိသူ၊
• ဆေးလိပ်သောက်သူ၊
• သွေးတိုးရှိသူ၊
• ကိုလက်စထောများနေသူ၊
• အဝလွန်သူ၊
• ဆီးချိုရှိသူ၊
• အထီးကျန်နေရသူ၊
• အရက်သောက်များသူ၊
• အရင်ကနှလုံးအတက်ရဘူးသူ၊
• အသက်ကြီးသူ၊
• ယောက်ျား၊
• ကိုကိန်းနဲ့ စိတ်ကြွးဆေးသုံးစွဲသူ၊
• ပိုတက်ဆီယမ်နဲ့ မက်ဂနီဆီယမ်နည်းနေသူ။
 
ဒီစာထဲမှာ ရေခဲရေသောက်တာ မပါ။ ရေခဲတို့ ရေခဲသေတ္တာတို့မရှိတဲ့နေရာတွေမှာလည်း ဒီရောဂါဖြစ်နိုင်တယ်။ ဒီလို ကျန်းမာရေး ခြိမ်းခြောက်စာတွေနဲ့ ဘယ်ရောဂါမဆို အလွယ်လေးနဲ့ပျောက်ပါတယ်ဆိုတဲ့စာတွေကို မတင်သင့်ကြပါ။ အမှားတွေကို လိုက်နာရင် ဒုက္ခရောက်နိုင်ပါတယ်။ ကျန်းမာရေးစာကို ခြိမ်းခြောက်စာလိုမရေးသင့်။ ကလေးကစားသလို မရေးသင့်။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s