The Overdose Risks of Vitamins ဗီတာမင်များလွန်းတာ မကောင်းပါ

The Overdose Risks of Vitamins ဗီတာမင်များလွန်းတာ မကောင်းပါ

မော်လမြိုင်၊ ၄ အောက်တိုဘာ ၂၀၁၈
 
ဆရာခင်ဗျား။ vitamin B တွေဟာ ရေမှာပျော်ဝင်တာကြောင့် ပိုရင်ဆီးထဲပါသွားတယ်ဟု ပြောပါသည်။ ထို့ကြောင့် vitamin B ကိုသောက်တာများရင်လည်း အန္တရာယ်မရှိဘူးဟုပြောပါသည်။ ဟုတ်ပါသလားခင်ဗျား။ ဆရာ့စာကို share ပါရစေ။
 
ပြောစကားတခုရှိတယ်။ နည်းနည်းနဲ့ကောင်းတယ်ဆိုရင် အများကြီးဆို အများကြီးကောင်းမှာပေါ့။ မဟုတ်တဲ့နေရာတွေမှာ မဟုတ်ပါ။ အဲလိုဟာတွေထဲမှာ ဗီတာမင်တွေပါတယ်။ ဆေးတိုင်းမှာ အသင့်တော်ဆုံးဆေးအလေးချိန် သတ်မှတ်ထားတယ်။
 
မြန်မာလူမျိုးတွေသာမကပါ အမေရိကန်တွေကလည်း ဗီတာမင်မှန်သမျှစိတ်ချရတယ်လို့ ထင်မှတ်ကြတယ်။ မမှန်ပါ။ ဗီတာမင်များတာကို အိုဗာဒို့စ်ခေါ်တယ်။ တချို့ဗီတာမင်တွေကနဲ့ ဓါတ်ဆားတွေက များရင် အသက်ကိုတောင် သတိထားရပါတယ်။
 
ဗီတာမင်အေ
နည်းနေသူတွေမှာ ကြက်အရေပြားလိုခေါ်တာဖြစ်မယ်။ ကြက်မျက်သင့်တာဖြစ်မယ်။ များရင်တော့ အတော်ကို သတိထားရပါမယ်။ အစမှာ အရေပြားခြောက်သွေ့နေမယ်။ ကြမ်းနေမယ်။ နှုတ်ခမ်းတွေကွဲအက်မယ်။ ဆံပင်ကျွတ်မယ်။ များလာရင် စိတ်တိုမယ်။ ခေါင်းကိုက်မယ်။ အသည်းအင်ဇိုင်းတွေများမယ်။ အန်မယ်။ ဦးနှောက်ဖိအားသက်ရောက်တာ ခံရမယ်။ သေဆုံးနိုင်တယ်။ အသက် ၄ နှစ်ကနေ ၈ နှစ်အရွယ်ကလေးအတွက် ဗီတာမင်အေ 3000 IU နဲ့ လူကြီးအတွက် 10,000 IU သာလိုအပ်တယ်။
 
ဗီတာမင်ဘီ
အလွန်အသုံးဝင်တယ်။ ဗီတာမင်ဘီ-၆ များရင် မကောင်းပါ။ အာရုံကြောကိုထိခိုက်မယ်။ ဘီ-၃ များရင် ပျို့အန်မယ်။ အသည်းကိုထိခိုက်လို့ ဂျွန်းဒစ်စ်ခေါ် အသားဝါဖြစ်မယ်။ ဗီတာမင်ဘီ -၉ ခေါ် ဖေါလစ်အက်စစ်များရင် ဗီတာမင်ဘီ-၁၂ များနေတာကိုဖုံးကွယ်ရာကျမယ်။ B6 300 mg ထက်မများရပါ။ B3 2000 mg ဆိုရင် အန္တရာယ်ရှိတယ်။ ဖေါလိတ် ခေါ် ဖေါလစ်အက်စစ်ကို တနေ့မှာ 1000 mg ထက်မများရပါ။ တနေ့တာလိုအပ်ချက်ဆိုတာ စားတာသောက်တာထဲကရတာနဲ့ အားဆေးထဲကရတာ နှစ်မျိုးပေါင်းဖြစ်တယ်။
 
ဗီတာမင် ဘီ (၁) များသွားရင် အိပ်မပျော်၊ ရင်တုန်၊ သွေးဖိအားတက်၊ ဆေးမတည့်တာဖြစ်၊ စိတ်တို-ဒေါသထွက်ဖြစ်မယ်။
 
Riboflavin (B2) ဗီတာမင် ဘီ (၂)
• အားယုတ်၊
• သွေးအားနည်း၊
• အန်၊
• သွေးဖိအားကျ၊
• ပျို့၊
 
Niacin (B3) ဗီတာမင် ဘီ (၃)
• ခေါင်းကိုက်၊
• အရေပြားယား၊
• skin အရေပြားနီမြန်း၊
• ခေါင်းထဲထိုး၊
• ပျို့-အန်၊
 
Pantothenic Acid (B5) (ပင်တိုသဲနစ်-အက်စစ်)
• ကိုယ်ရောင်၊
• အဆစ်နာ၊
• စိတ်ကျ၊
• ရေဓါတ်နည်း၊
• အားယုတ်၊
 
Pyridoxine (B6) ဗီတာမင် ဘီ (၆)
• လက်ဖျားထုံ-ကျင်၊
• ကြွက်သားတွေ ပူးတွဲလုပ်ဆောင်တာနည်း၊
• စိတ်အခြေပြောင်း၊
• စိတ်ဓါတ်ကျ၊
 
Folic Acid (B9) ဗီတာမင် ဘီ (၉)
• ကျောက်ကပ်မကောင်း၊
• အစားပျက်၊
• ဗိုက်ကယ်၊
• ပျို့-အန်၊
 
Cyanocobalamin (B12) ဗီတာမင် ဘီ (၁၂)
• စိုးရိမ်၊
• လက်ချောင်း-မျက်နှာ ထုံ-ကျင်၊
 
ဗီတာမင်-ဘီ အုပ်စုဆေးကို အောက်ကစာရင်းထဲပါနေသူတွေ ဆရာဝန် မညွှန်ဘဲ မသောက်ပါနဲ့။ ကိုယ်ဝန်ဆောင်ချိန် နဲ့ ကလေးနို့တိုက်ချိန်၊ အစာအိမ်ရောဂါ၊ အသဲရောဂါ၊ ဆီးချိုရောဂါ၊ ဂေါက်ရောဂါ ရှိနေသူ၊ တခြား (ဟာဗယ်) အားဆေးတွေလဲ သောက်နေသူ၊ ဆေးမတည့်တတ်သူ၊
 
သတိထားစရာတွေ –
ဝက်ခြံရှိနေသူတွေ Vitamin B complex နဲ့ Vitamin B12 တွဲမသောက်ပါနဲ့။ (ကိုလက်စထော) ကျဆေးတွေဖြစ်တဲ့ Zocor, Mevacor, or Crestor သောက်နေရင် Vitamin B3 မသောက်ပါနဲ့။ (ဘိုင်ပိုလာ-ဒစ်အော်ဒါ) ကြောက်စိတ်နဲ့ စိတ်ကျရောဂါ ရှိနေသူ Inositol နဲ့ Vitamin B complex ကို ဆရာဝန်မညွှန်ဘဲ မသောက်ပါနဲ့။ Vitamin B3 (Niacin) များရင် ရှားရှားပါးပါး မျက်စိဝေဝါးတာ၊ ပျို့တာ၊ အန်တာဖြစ်နိုင်ပြီး၊ အစာအိမ်နာကို ဆိုးစေတတ်တယ်။ Folic acid (ဖေါလစ်အက်စစ်) များရင် Methotrexate ကင်ဆာဆေးနဲ့ ဓါတ်ပြုနိုင်တယ်။
 
ဗီတာမင်-စီ
များလွန်လည်းစိုးရိမ်စရာမရှိလို့မှတ်ယူခဲ့ကြတယ်။ အပြည့်အစုံ မမှန်ပါ။ ဗီတာမင်-စီများလွန်းရင် ဝမ်းလျှောမယ်။ ပျို့အန်မယ်။ ရင်ပူမယ်။ ဗိုက်ကယ်မယ်။ ခေါင်ူးကိုက်မယ်။ အိပ်မရဖြစ်မယ်။ ကျောက်ကပ်ကျောက်ဖြစ်နိုင်တယ်။
 
ဗီတာမင်-ဒီ
ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်နည်းရင် အရိုးအားနည်မယ်။ ကျိုးလွယ်မယ်။ ဗီတာမင်ဒီများလွန်းရင်တော့ ကျောက်ကပ်ကို ထိခိုက်မယ်။ နှလုံးကိုလည်းထိခိုက်မယ်။ များခြင်းလက္ခဏာတွေက ပျို့အန်ချင်တာနဲ့စမယ်။ ဝမ်းချုပ်လိုက် ဝမ်းလျှောလိုက် နေမယ်။ ဆိုးလာရင် နှလုံးခုန်မမှန်ဖြစ်လာမယ်။ ကိုယ်ဝန်ဆောင်စဉ်များရင် ကလေးမှာ စိတ်ကို အားနည်းစေမယ်။
 
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s