အောက်တိုဘာလ ၃၁ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၃၁ အောက်တိုဘာ ၂၀၁၈   ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့ တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါသည်။   ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ချင်းပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။   မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ အရှေ့ ဘက်မှ လေပြင်းများတိုက်ခတ်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ အရှေ့ဘက်မှလေပြင်းများ တိုက်ခတ်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)အထိ … Continue reading အောက်တိုဘာလ ၃၁ရက်နေ့ မိုးလေဝသခန့်မှန်းချက်

Maternal mortality မိခင်များ မီးတွင်းသေဆုံးခြင်း

မော်လမြိုင်၊ ၃၁ အောက်တိုဘာ ၂၀၁၈   ၃ဝ-၁ဝ-၂ဝ၁၆ နေ့ထုတ် 7Day Daily မှာ ဒေသတွင်းနိုင်ငံများတွင် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်း မြန်မာနိုင်ငံက နီပေါနိုင်ငံပြီးလျှင် ဒုတိယအများဆုံးဖြစ်လို့ ရေးသားထားတယ်။   ကမ္ဘာမှာ အမျိုးသမီးပေါင်း (၈၃ဝ) ယောက်ဟာ ကလေးဖွားခြင်းနဲ့ဆိုင်တဲ့ ကျန်းမာရေးအခြေအနေတခုခုနဲ့ဆက်စပ်ပြီး နေ့စဉ် သေဆုံးနေရတယ်လို့ ၂ဝ၁၅ နိုဝင်္ဘာလမှာ WHO ထုတ်ပြန်ချက်ကဆိုပါတယ်။ ၂ဝ၁၅ ခုနှစ်အတွင်း အမျိုးသမီး စုစုပေါင်း ၃ သိန်း ၃ ယောက်သေဆုံးခဲ့ရတယ်။ ဆာဟာရတောင်ပိုင်းဒေသက အဆိုးဆုံးဖြစ်တယ်။ အာရှနဲ့ မြောက်ပိုင်း အာဖရိကမှာလည်း ဆိုးတယ်။   Maternal mortality ratio (MMR) မီးတွင်းသေဆုံးနှုန်းကို ကလေးအရှင်မွေး တသိန်းမှာ သေဆုံးသူ ဘယ်နှစ်ယောက် ရှိသလဲလို့တွက်ယူပါတယ်။ … Continue reading Maternal mortality မိခင်များ မီးတွင်းသေဆုံးခြင်း